ထရိန်နင်မှာ ညိမိလို့ နှစ်ဦးလုံး ဒဏ်ရာရသွားတဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ အားထားရတဲ့ ကွင်းလယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ဟာ မနေ့က အသင်း ထရိန်နင်မှာ နှစ်ဘက်စီ အသင်းခွဲ ကန်ရင်း ကွင်းလယ်သမားနှစ်ယောက် ပြေးရင်းလွှားရင်း ညိမိတာကြောင့် နှစ်ယောက်လုံး လဲကျကာ ဒဏ်ရာ ရသွားခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ယူနိုက်တက် အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု လို့ ဆိုရမှာပါ။ ကွင်းလယ် နှစ်ယောက်လုံးကတော့ လာမယ့် စနေနေ့ ဘုန်းမောက်နဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာတော့ပါဘူး။

ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ နှစ်ယောက်ဟာ ကာရင်တန်က လေ့ကျင့်ရေးပွဲ ကစားစဉ်မှာ ထိခိုက်ခဲ့ကြတာပါ။ ပေါ့ဘာက ပြေးလာပြီး ဖာနန်ဒက်စ်ကို ဖြတ်တိုက်မိရာကနေ နှစ်ယောက်လုံး လဲကျသွားခဲ့တာပါ။ ဖာနန်ဒက်စ်ကတော့ အခြေအနေ ပိုဆိုးပုံ ရတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

ယူနိုက်တက်ကတော့ ဒီအခြေအနေကို ရှင်းလင်း သတင်းထုတ်ပြန်ဖို့ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းကို ဒေးလီးမေးလ်၊ မယ်ရာ စတဲ့ အင်္ဂလန်သတင်းဌာန တော်တော်များများကတော့ ဖော်ပြနေတာပါ။ ယူနိုက်တက်ရဲ့ ပွဲကောင်းတွေကလည်း လာတော့မှာ ဖြစ်လို့ ဒီလို အရေးကြီး ကစားသမား နှစ်ဦးလုံး ထိခိုက်သွားတာကတော့ ဆိုးဝါးတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

ဆိုးရှားရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ထိပ်သီး ၄ နေရာ အတွင်း ဝင်ဖို့ အပြင် အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားများ ကစားဖို့ ကျန်ရှိနေ ပါသေးတယ်။ ယူနိုက်တက်ကတော့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ နှစ်ယောက်လုံး ကောင်းကောင်းမွန်မွန်နဲ့ အမြန် ပြန်ကောင်းဖို့ အမျှော်လင့်ကြီး မျှော်လင့်ရတော့မှာပါ။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အားထားရတဲ့ ကြင္းလယ္ ကစားသမား နွစ္ဦး ျဖစ္တဲ့ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္ဟာ မေန႔က အသင္း ထရိန္နင္မွာ နွစ္ဘက္စီ အသင္းခြဲ ကန္ရင္း ကြင္းလယ္သမားနွစ္ေယာက္ ေျပးရင္းလႊားရင္း ညိမိတာေၾကာင့္ နွစ္ေယာက္လံုး လဲက်ကာ ဒဏ္ရာ ရသြားခဲ့တယ္လို႔ သိရပါတယ္။

ဒါဟာ ယူနိုက္တက္ အတြက္ ၾကီးမားတဲ့ ထိုးနွက္ခ်က္ တစ္ခု လို႔ ဆိုရမွာပါ။ ကြင္းလယ္ နွစ္ေယာက္လံုးကေတာ့ လာမယ့္ စေနေန႔ ဘုန္းေမာက္နဲ႕ ပြဲမွာ ပါ၀င္ဖို႔ မေသခ်ာေတာ့ပါဘူး။

ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ နွစ္ေယာက္ဟာ ကာရင္တန္က ေလ့က်င့္ေရးပြဲ ကစားစဥ္မွာ ထိခိုက္ခဲ့ၾကတာပါ။ ေပါ့ဘာက ေျပးလာျပီး ဖာနန္ဒက္စ္ကို ျဖတ္တိုက္မိရာကေန နွစ္ေယာက္လံုး လဲက်သြားခဲ့တာပါ။ ဖာနန္ဒက္စ္ကေတာ့ အေျခအေန ပိုဆိုးပံု ရတယ္လို႔ နီးစပ္တဲ့ အသိုင္းအ၀ိုင္းက ဆိုပါတယ္။

ယူနိုက္တက္ကေတာ့ ဒီအေျခအေနကို ရွင္းလင္း သတင္းထုတ္ျပန္ဖို႔ ျငင္းဆန္ထားဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီသတင္းကို ေဒးလီးေမးလ္၊ မယ္ရာ စတဲ့ အဂၤလန္သတင္းဌာန ေတာ္ေတာ္မ်ားမ်ားကေတာ့ ေဖာ္ျပေနတာပါ။ ယူနိုက္တက္ရဲ႕ ပြဲေကာင္းေတြကလည္း လာေတာ့မွာ ျဖစ္လို႔ ဒီလို အေရးၾကီး ကစားသမား နွစ္ဦးလံုး ထိခိုက္သြားတာကေတာ့ ဆိုး၀ါးတဲ့ ျဖစ္ရပ္ ျဖစ္ပါတယ္။

ဆိုးရွားရဲ႕ ယူနုိက္တက္ဟာ ပရီးမီးယားလိဂ္ ထိပ္သီး ၄ ေနရာ အတြင္း ၀င္ဖို႔ အျပင္ အက္ဖ္ေအဖလားနဲ႕ ယူရိုပါလိဂ္ဖလားမ်ား ကစားဖို႔ က်န္ရွိေန ပါေသးတယ္။ ယူနုိက္တက္ကေတာ့ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ နွစ္ေယာက္လံုး ေကာင္းေကာင္းမြန္မြန္နဲ႕ အျမန္ ျပန္ေကာင္းဖို႔ အေမွ်ာ္လင့္ၾကီး ေမွ်ာ္လင့္ရေတာ့မွာပါ။