အာဆင်နယ် အသင်းဟာ ဝီလျံ ဆာလီဘာကို သက်တမ်းတိုးဖို့ အမြဲ အသင့် ရှိနေကြောင်း နည်းပြ အာတီတာ က ဖွင့်ဟလိုက်ပါတယ်။ ဆာလီဘာက အာဆင်နယ်မှာ ဆက်နေဖို့ ပွဲကစားခွင့် အာမခံချက်မျိုး ရလိုနေတာပါ။
ဘာစီလိုနာ အသင်းဟာ ဆီဗီလာ ခံစစ်မှုး ကွန်ဒီ ကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားဦးမှာ ဖြစ်ကြောင်း စပိန် သတင်းတွေက ဆိုပါတယ်။ ချယ်ဆီးဟာ ဒီနေ့မှာပဲ ကွန်ဒီကို ကမ်းလှမ်းထားကြောင်း သတင်း ထွက်ပေါ်နေပါတယ်။
မန်စီးတီးဟာ ကူကူရယ်လာ အတွက် ပေါင် သန်း ၃ဝ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်က ငြင်းဆန် ပယ်ချသွားပါတယ်။ ဘရိုက်တန်ရဲ့ ကူကူလာအတွက် သတ်မှတ် တန်ကြေးက ပေါင် သန်း ၅ဝ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆောက်သမ်တန် အသင်းမှာ အငှား ထွက်ကစား ခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့် ဘရိုဂျာ ကို ချယ်ဆီး နည်းပြ တူချယ်က ထွက်ခွာခွင့် မပြုဘဲ အသင်းမှာ ထားဖို့ ရည်ရွယ်နေပါတယ်။
ဗဟိုခံစစ်မှုး တစ်ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာ အသင်းဟာ မန်ချက်စတာ စီးတီး ကြယ်ပွင့် လာပေါ့တ် ကို မျက်စိကျလာကြောင်း သတင်းထွက်လာပါတယ်။
ဘရိုက်တန်အသင်းဟာ အာဆင်နယ် ဘယ်စွန်ခံစစ်သမား နူနု တာဗာရက်စ် ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဂန်းနားတွေဟာ ဘယ်စွန်နဲ့ ကွင်းလယ် နှစ်နေရာ ကစားနိုင်တဲ့ ဇင်ချန်ကို ကို ခေါ်ယူနိုင်ခဲ့တာကြောင့် တာဗာရက်စ်ကို လက်လွှတ်လိုနေပါတယ်။
