ယူနိုက်တက်ပရိသတ်တွေ မသိသေးတဲ့ ကစားသမားသစ်တွေအကြောင်း တန်ဟက် မိတ်ဆက်

ယူနိုက်တက်နည်းပြ တန်ဟက်က ဒီနွေမှာ သူခေါ်ယူထားတဲ့ ကစားသမားသစ် ၃ ဦးဟာ ဘယ်လို အစွမ်းအစတွေနဲ့ အသင်းအတွက် အကျိုးဖြစ်မလဲ ရှင်းပြခဲ့ပါတယ်။

နယ်သာလန်သား ဘယ်အစွန်လူ မာလာစီရာဟာ ဒီနွေမှာ ယူနိုက်တက်ရဲ့ ပထမဆုံး လက်မှတ်ထိုး ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ထားတာပါ။ တန်ဟက်က မာလာစီရာရဲ့ ခြမ်းခြောက်နိုင်စွမ်းကို သတိပြုမိထားသူဖြစ်ကာ ခံစစ်သမားဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားဖြစ်လာမယ်လို့ မြင်ထားပါတယ်။

တန်ဟက်က “ သူက မော်ဒန် ဘယ်အစွန်လူ ဒါမှမဟုတ် ခံစစ်အစွန်လူဖြစ်ပါတယ်။ သူက ကျနော်တို့ ရှာဖွေနေတဲ့ ကစားသမား ပုံစံနဲ့ ကိုက်ညီမှုရှိတယ်။ ခံစစ်အစွန် ကစားသမားတိုင်းအတွက် အရေးကြီးဆုံးက မှန်ကန်တဲ့ ဧရိယာကို ပိတ်ဆို့နိုင်ဖို့ပါပဲ။

သူက ကျနော်တို့ပွဲတွေမှာ တိုက်စစ်အတွက်လည်း ပါဝင်နိုင်စွမ်းရှိသူဖြစ်ပြီး အဲ့အပိုင်းမှာ ကောင်းကောင်းလုပ်နိုင်စွမ်း ရှိထားပါတယ်။ သူက အသင်းအတွက် တကယ်ကို ထောက်ပံ့မှုတွေ လုပ်ပေးမယ်လို့ ထင်ပါတယ် ” လို့ ပြောပြခဲ့တယ်။

မာလာစီရာနောက်ပိုင်း ခေါ်ယူထားတဲ့ အဲရစ်ဆန်၊ မာတီနက်စ်တို့နဲ့ ပတ်သက်ပြီးလည်း ယူနိုက်တက် နည်းပြက ကျေနပ်နေပါတယ်။ အဲရစ်ဆန်ဟာ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံတွေ ရှိထားခဲ့ကာ မာတီနက်စ်ကတော့ အေဂျက်နဲ့အတူ အမြင့်ဆုံး အဆင့်တွေမှာ ပါဝင်ကစားထားသူဖြစ်ပါတယ်။

ဒီကစားသမား နှစ်ဦးဟာ ဥရောပလိဂ်တွေမှာ ကောင်းကောင်းကြီး ကျင်လည်ထားသူတွေမို့ ရာသီသစ်မျာ ယူနိုက်တက်အတွက် တိုက်ရိုက် အကျိုးဖြစ်မယ့်သူတွေ ဖြစ်ပါတယ်။

“ အဲရစ်ဆင်က အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်ပါ။ သူက ဟော်လန်၊ အီတလီအပြင် ပရီးမီးယားလိဂ်မှာ စပါးနဲ့အတူ ကစားခဲ့တယ်။ ဒိန်းမတ်မှာလည်း ပွဲတွေအများကြီး ကိုယ်စားပြုကစားခဲ့တယ်။

အဲရစ်ဆန် ဘာလုပ်နိုင်တယ်၊ အသင်းအတွက် ဘယ်လို ကူညီပေးနိုင်တယ် ဆိုတာ ပရီးမီးယားလိဂ် တစ်ခုလုံး သိပါတယ်။ ကျွန်တော်ကတော့ အဲ့ဒါကို ဖန်တီးနိုင်စွမ်းလို့ ခေါ်ပါမယ်။

မာတီနက်ဇ်က မတူညီတဲ့ ပုံစံတခုပါ။ သူက တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်ပြီး စိတ်ဓာတ်ပြင်းပြတယ်။ ဘယ်ခြေကောင်းတယ်။ ဖန်တီးနိုင်တဲ့ ကစားသမားတွေ၊ ခုခံကာကွယ်နိုင်တဲ့ ကစားသမားတွေဆိုတာ အသင်းရဲ့ ဟန်ချက်ညီမှုအတွက် လိုအပ်တာတွေပါပဲ။

ခံစစ်ပိုင်းမှာ ကျွန်တော်တို့ ကိုယ်တိုင် အခြေအနေကို ဖန်တီးယူချင်တယ်၊ ခံစစ်ပြင်းထန်မှု အမြင့်ဆုံးဖြစ်ချင်တယ်။ အခု တူတူနေလာတာ ၃ပ တ်ရှိပြီ။ ကိုယ်လိုချင်တဲ့ အခြေအနေကို ဖန်တီးယူတတ်ဖို့နဲ့ ခုခံကာကွယ်မှုအပိုင်းအတွက် လေ့ကျင့်နေပါတယ် ” လို့ တန်ဟက်က ပြောပြခဲ့တာ ဖြစ်ပါတယ်။