မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဟာ ဒီနွေမှာ မာရှယ်နဲ့ ဗန်ဒီဘိခ်ကို မရောင်းအောင် ပိတ်ပင်သွားမယ် လို့ သိရပါတယ်။ မာရှယ်ဟာ ယူနိုက်တက်ရဲ့ ရာသီကြိုမှာ ၃ဂိုး သွင်းထားပြီး ခြေစွမ်းပြနေပါတယ်။
ယူနိုက်တက် ခံစစ်မှုး ဗာရိန်းကတော့ အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒို ဟာ အသင်းရဲ့ ဂန္တဝင် တစ်ဦး ဖြစ်ကြောင်း ဆိုလိုက်ပြီး အဝတ်လဲခန်းထဲမှာ ရော်နယ်ဒို မရှိမှ ပိုကောင်းတယ်လို့ ထင်တဲ့သူ တစ်ယောက်မှ မရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ရော်နယ်ဒို ဘက်ကတော့ ဒီနွေမှာ ယူနိုက်တက်ကနေ ထွက်ခွာရမယ် ဆိုရင် လုပ်ခလစာ လျှော့ယူဖို့လည်း ဆန္ဒ ရှိနေကြောင်း သိရပါတယ်။

ယူနိုက်တက် ပစ်မှတ် ဘိုင်ယန်မြူးနစ် ခံစစ်မှုး Benjamin Pavard ကတော့ ယုံကြည်မှု နည်းပါးနေတာမျိုး မရှိဘဲ သူက လီဗာပူး ကြယ်ပွင့် ထရန့် အလက်ဇန်းဒါး အာနိုး ထက် ပို လုပ်နိုင်စွမ်း ရှိတယ်လို့ ဖော်ထုတ် ပြောဆိုထားပါတယ်။
ချယ်ဆီးအသင်းဟာ ဒီဂျောင် အတွက် ဝင်ရောက် ကြိုးပမ်းနိုင်ကြောင်း ဘာစီလိုနာရဲ့ အကြောင်းကြားမှု လက်ခံ ရရှိထားပါတယ်။ ဘာစီလိုနာက ယူနိုက်တက်နဲ့ သဘောတူညီမှု ပေးထားပေမယ့် ကစားသမားက မန်ချက်စတာ သို့ မသွားလိုတာကြောင့် ချယ်ဆီးကို အခွင့်အရေး ပေးလိုနေပါတယ်။
