ဇင်ချန်ကို၊ မာရှယ်၊ တာဗာရက်စ်၊ ကူကူရယ်လာ၊ ကွန်ဒီတို့နဲ့ ယနေ့ နေ့လည်ခင်း အပြောင်းအရွှေ့ သတင်းများ

ဘာစီလိုနာဟာ ချယ်ဆီးကိုကျော်ပြီး ကွန်ဒီကို ဖြတ်ခုတ်ဖို့ နောက်ဆုံးအကြိမ် ကြိုးပမ်းမှု လုပ်နေပါတယ်။ ကွန်ဒီကို ချယ်ဆီး ရသွားပြီ သတင်းကြီးနေပေမယ့် ဘာစီလိုနာက အခွင့်အရေး ရှိနေဆဲ လို့လည်း သိရပါတယ်။

မန်စီးတီးဟာ ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရတဲ့နောက် ဘရိုက်တန် နောက်ခံလူ ကူကူရယ်လာအတွက် ထပ်တိုး ကမ်းလှမ်းမှု လုပ်သွားမှာပါ။ ဘရိုက်တန်က ပေါင် သန်း ၅ဝ ထိ အလိုရှိနေတာပါ။

အာဆင်နယ် ကစားသမားသစ် ဖြစ်လာတဲ့ ဇင်ချန်ကို က ဂန်းနားဟောင်းတွေ ဖြစ်တဲ့ အွန်နရီနဲ့ ဖာဘရီဂတ်စ်တို့ ကို အားကျ သဘောကျ အားပေးသူ ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။

ကီဗင်အမ်ဘာဘူဟာ ဝုဖ်စဘက်ကနေ ဖူလ်ဟမ်ကိုရောက်ဖို့ နီးစပ်နေပြီဖြစ်ပြီး ကလပ်ကို ပေါ်တူဂီ ရာသီကြိုခရီးမှာ သွားတွေ့မှာဖြစ်ကာ ဆေးစစ်မှု လုပ်သွားမှာဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ ပီအက်စ်ဂျီ ဂိုးသမား ဆာဂျီယို ရီကိုကို ဒုတိယအကြိမ် အငှားခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာပါ။

အာဆင်နယ် ခံစစ်မှုး တာဗာရက်စ်ကို အတ္တလန္တာ အသင်းက စိတ်ဝင်စားနေပြီး ဒီတပတ်ထဲမှာ ခေါ်ယူဖို့ ကြိုးစားလာတော့မှာပါ။ တာဗာရက်စ်ကို ခေါ်ဖို့ ဘရိုက်တန်ကလည်း မေးမြန်းထားပါတယ်။

ဒီစီယူနိုက်တက်ကို ၆-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး ဘိုင်ယန်ကြယ်ပွင့် သောမတ်စ် မူလာဟာ အာဆင်နယ်ထံ ပြောင်းမလား မေးခွန်းထုတ်ခံခဲ့ရရာ မူလာက ခပ်မြန်မြန်ပဲ ငြင်းပယ်ခဲ့ပါတယ်။

ဆောက်သမ်တန်ဟာ ဘော်ဒိုးတိုက်စစ်မှူး ဆီကို မာရာကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ ၁၉ နစ်အရွယ် ကစားသမား ဟာ နယူးကာဆယ်၊ အက်စ်တွန်ဗီလာ၊ လိဒ်စ်တို့ရဲ့ စိတ်ဝင်စားမှုကိုလဲ ရရှိခဲ့ပေမယ့် ဆောက်သမ်တန်က ပြိုင်ဘက်တွေထက် လက်ဦးမှုရယူထားခဲ့တာပါ။

မာရှယ်ဟာ ဒီနွေမှာ သူ့ရဲ့ အိုးထရက်ဖို့ဒ် ကစားသမားဘဝကို ပြန်လည် အသက်သွင်းခဲ့တဲ့နောက် ယူနိုက်တက်မှာ ဆက်နေသွားတော့မှာပါ။ သူဟာ ရော်နယ်ဒို မပါဝင်တဲ့ ရာသီကြိုအတွင်း ၃ ပွဲမှာ ၃ ဂိုး သွင်းယူခဲ့သလို နည်းပြသစ် တန်ဟက်က ၎င်းကို မရောင်းချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဒန်နီဝဲဘက်ခ်ဟာ ရာသီသစ် မတိုင်ခင် သူ့ရဲ့ မယုံနိုင်စရာ ခန္ဓာကိုယ် အနေအထား ပြောင်းလဲမှုကို ချပြခဲ့ပါတယ်။

ဘော်ဒိုး တိုက်စစ်မှူး ဟွမ်အွီဂျိုဟာ ဒီနွေမှာ ဝက်စ်ဟမ်းအသင်းထံ ပြောာင်းရွှေ့ဖို့ ကမ်းလှမ်းမှုရထားတယ်လို့ ဆိုပါတယ်။

ဂရေဟမ်ပေါ်တာဟာ ရာသီမစခင် ဟော့ဖန်ဟိန်း ကြယ်ပွင့်ဟောင်း ဖလော်ရီယန် ဂရီလစ်ချ်ကို သူ့ဘရိုက်တန်အသင်းထံ ခေါ်ယူဖို့ အလိုရှိနေပါတယ်။

ဗဟိုခံစစ် ကစားသမားသစ် နာယက်ခ် အာဂက်က ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး တစ်လလောက် အနားယူရနိုင်ခြေ ရှိတဲ့နောက် ဝက်စ်ဟမ်းဟာ ဖူလ်ဟမ်ထံ အစ်ဆာ ဒီယော့ရဲ့ အပြောင်းအရွှေ့ကို တားဆီးခဲ့ပါတယ်။