ပုံစံကောင်း ရနေပေမယ့် မန်ချက်စတာ ယူနိုက်တက် အားနည်းချက် ရှိနေတဲ့ သုံးနေရာ

အိုလေဂန်နာ ဆိုးရှားရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အထင်ကြီးလောက်ဖွယ် ပုံစံ ကောင်းများ ရရှိနေပေမယ့် အင်အားနည်းပြီး ပျော့ကွက် ဖြစ်နေတဲ့ သုံးနေရာ ရှိနေကြောင်း စကိုင်းစပေါ့အစီအစဉ်မှာ ချာလီနစ်ကိုးလပ်စ်က ထောက်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ဘောလုံးပွဲတွေ ပြန်စတည်းက ယူနိုက်တက်ဟာ ပုံစံကောင်းများ ဆက်တိုက် ပြသထားပြီး နိုင်ပွဲ ဆက်နေတဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၄ နေရာ အတွင်း ဝင်ရောက်ဖို့ ချင်းနင်းလာနေပြီး အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ် အဆင့် တက်ရောက် ထားပါတယ်။

ဒီတပတ်မှာလည်း ဇယား အောက်ပိုင်းမှ ဘုန်းမောက် အသင်းနဲ့ တွေ့မှာ ဖြစ်လို့ ဆိုးရှားရဲ့ ယူနိုက်တက်ဟာ နိုင်ပွဲ ဆက်ယူသွားဖို့ ချာလီက မျှော်လင့်ထားပေမယ့် အသင်းမှာ အားနည်းချက်တွေ ရှိနေသေးကြောင်း သတိပေးလာခဲ့တာပါ။

” ယူနိုက်တက်မှာ အဓိက အခရာ ကျနေတာကတော့ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ် တို့ပါပဲ။ သူတို့က ဘောလုံး ခြေထဲထားမလား နောက် က လိုက် ကစားမလား စတဲ့ ရွေးချယ် စရာ အမျိုးမျိုး ပေးနိုင်တယ်။ မေဆန် ဂရင်းဝုဒ်ကလည်း ကောင်းနေတော့ တိုက်စစ်ကလည်း အားရ စရာ ဖြစ်နေတယ်။ ဒါပေမယ့် ခံစစ်မှာတော့ ယူနိုက်တက်က တောင့်တင်းသင့်သလောက် မတောင့်တင်းသေးဘူး။

ဒီဂီယာက တိုးတက်လာ သလား ဆို နိုးပါ။ ဒါ့အပြင် အစွန် ခံစစ်သမားတွေကလည်း ခံစစ်မှူးကောင်းတွေ မဟုတ်ကြဘူး။ ယူနိုက်တက်ဟာ လောလောဆယ် အရှိန်ကောင်း ရနေပါတယ်။ သူတို့ အဆင့် ၄ အတွင်းတောင် ဝင်နိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီး၊ လီဗာပူးတို့နဲ့ ဆိုရင်တော့ အလှမ်းကွာနေပါသေးတယ်။ ” လို့ ချာလီနစ်ကိုးလပ်စ်က ဆိုပါတယ်။

ယူနိုက်တက်မှာ ဂိုးသမား ဒီဂီယာက လက်စွမ်း တည်ငြိမ်မှု မရှိသေးသလို အဓိက အစွန် ခံစစ်မှူးတွေ ဖြစ်တ်ဲ့ ဝမ် ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကလည်း လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ချာလီက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

Zawgyi – အိုေလဂန္နာ ဆိုးရွားရဲ႕ မန္ခ်က္စတာ ယူနုိက္တက္ဟာ အထင္ၾကီးေလာက္ဖြယ္ ပံုစံ ေကာင္းမ်ား ရရွိေနေပမယ့္ အင္အားနည္းျပီး ေပ်ာ့ကြက္ ျဖစ္ေနတဲ့ သံုးေနရာ ရွိေနေၾကာင္း စကိုင္းစေပါ့အစီအစဥ္မွာ ခ်ာလီနစ္ကိုးလပ္စ္က ေထာက္ျပသြားခဲ့ပါတယ္။

ျပီးခဲ့တဲ့လ ေဘာလံုးပြဲေတြ ျပန္စတည္းက ယူနုိက္တက္ဟာ ပံုစံေကာင္းမ်ား ဆက္တိုက္ ျပသထားျပီး နုိင္ပြဲ ဆက္ေနတဲ့ အသင္း ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာလည္း အဆင့္ ၄ ေနရာ အတြင္း ၀င္ေရာက္ဖို႔ ခ်င္းနင္းလာေနျပီး အက္ဖ္ေအဖလားမွာ ဆီမီးဖိုင္နယ္ အဆင့္ တက္ေရာက္ ထားပါတယ္။

ဒီတပတ္မွာလည္း ဇယား ေအာက္ပိုင္းမွ ဘုန္းေမာက္ အသင္းနဲ႕ ေတြ႔မွာ ျဖစ္လို႔ ဆိုးရွားရဲ႕ ယူနုိက္တက္ဟာ နုိင္ပြဲ ဆက္ယူသြားဖို႔ ခ်ာလီက ေမွ်ာ္လင့္ထားေပမယ့္ အသင္းမွာ အားနည္းခ်က္ေတြ ရွိေနေသးေၾကာင္း သတိေပးလာခဲ့တာပါ။

” ယူနုိက္တက္မွာ အဓိက အခရာ က်ေနတာကေတာ့ ေပါ့ဘာနဲ႕ ဘရူနို ဖာနန္ဒက္စ္ တို႔ပါပဲ။ သူတို႔က ေဘာလံုး ေျခထဲထားမလား ေနာက္ က လိုက္ ကစားမလား စတဲ့ ေရြးခ်ယ္ စရာ အမ်ိဳးမ်ိဳး ေပးနုိင္တယ္။ ေမဆန္ ဂရင္း၀ုဒ္ကလည္း ေကာင္းေနေတာ့ တိုက္စစ္ကလည္း အားရ စရာ ျဖစ္ေနတယ္။ ဒါေပမယ့္ ခံစစ္မွာေတာ့ ယူနိုက္တက္က ေတာင့္တင္းသင့္သေလာက္ မေတာင့္တင္းေသးဘူး။

ဒီဂီယာက တိုးတက္လာ သလား ဆို နိုးပါ။ ဒါ့အျပင္ အစြန္ ခံစစ္သမားေတြကလည္း ခံစစ္မွဴးေကာင္းေတြ မဟုတ္ၾကဘူး။ ယူနိုက္တက္ဟာ ေလာေလာဆယ္ အရွိန္ေကာင္း ရေနပါတယ္။ သူတို႔ အဆင့္ ၄ အတြင္းေတာင္ ၀င္နုိင္ပါတယ္။ ဒါေပမယ့္ မန္စီးတီး၊ လီဗာပူးတို႕နဲ႕ ဆိုရင္ေတာ့ အလွမ္းကြာေနပါေသးတယ္။ ” လို႔ ခ်ာလီနစ္ကိုးလပ္စ္က ဆိုပါတယ္။

ယူနုိက္တက္မွာ ဂိုးသမား ဒီဂီယာက လက္စြမ္း တည္ျငိမ္မႈ မရွိေသးသလို အဓိက အစြန္ ခံစစ္မွဴးေတြ ျဖစ္တ္ဲ့ ၀မ္ ဘစ္ဆာကာနဲ႕ လုခ္ေရွာတို႔ကလည္း လိုအပ္ခ်က္ေတြ ရွိေနေသးတယ္လို႔ ခ်ာလီက ေထာက္ျပခဲ့တာ ျဖစ္ပါတယ္။