နောက်ဆုံးအပတ် နောက်ဆုံးရက်ထိ အဖြေပေါ်ဖို့ စောင့်ရနိုင်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် Top-four တိုက်ပွဲ

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ချန်ပီယံလိဂ် ဝင်ခွင့် Top-four တိုက်ပွဲဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ကစားတဲ့ နောက်ဆုံးအပတ် နောက်ဆုံးရက်ထိ ရောက်သွားနိုင်ပြီး အဲဒီကျမှ ရှင်းရှင်းလင်းလင်း အဖြေပေါ်မယ်လို့ မျှော်လင့်ထားကြောင်း ဝန်ခံ ပြောဆိုလာပါတယ်။

ယူနိုက်တက်ဟာ (စနေနေ့ည ပွဲစဉ်များ မကစားခင်) လက်ရှိ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၃ မှ လက်စတာနဲ့ ၃ မှတ် သာ ကွာနေကာ အဆင့် ၄ နေရာက ချယ်ဆီးနဲ့လည်း ၂ မှတ်သာ ကွာဟနေပါတယ်။

ယူနိုက်တက်ဟာ ဘောလုံးရာသီ ပိတ်တဲ့ နောက်ဆုံးရက်မှာ လက်စတာနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ချယ်ဆီးအသင်းကတော့ လက်ရှိ ယူနိုက်တက်နဲ့ အမှတ်တူကာ အဆင့် ၆ မှာ ရှိနေတဲ့ ဝုဗ် အသင်းနဲ့ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ချန်ပီယံလိဂ် ဝင်ခွင့် အနေအထားက ဒရမ်မာဆန်ဆန်ပဲ နောက်ဆုံးရက် နောက်ဆုံးပွဲရဲ့ နောက်ဆုံးမိနစ်ထိ ရောက်သွားနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

” ကျနေ်ာကတော့ နောက်ဆုံးပွဲက အဓိက အသက် ဖြစ်လာမယ် ထင်ထားတယ်။ အဲဒီနေ့မှာ ချယ်ဆီးနဲ့ ဝုဗ်၊ ကျနေ်ာတို့က လက်စတာနဲ့။ အဲဒီအချိန်မှာ ၃ မှတ်အသာ ရထားနှင့်တာက ကျနော်လည်း ဖြစ်နိုင်သလို လက်စတာလည်း ဖြစ်နိုင်တယ်။ ဘယ်အသင်းမှတော့ အမှားခံလို့ ရတဲ့ အနေအထား မဟုတ်ဘူး။ အရေးကြီးတဲ့ ပွဲစဉ်ပါ။

ကျနေ်ာတို့ ရပ်တည်မှုချင်းကလည်း ခြားနားတာ မမြင်မိဘူး။ လက်စတာနဲ့ ပွဲက သုံးမှတ် ဆိုတာထက် ပိုမှာ ဖြစ်သလို ချယ်ဆီး၊ ဝုဗ်တို့ကလည်း ဒီလိုပဲ မြင်မှာပါ။ ကြည့်ရတာတော့ ရင်ခုန်စရာပါပဲ။ ပွဲတွေ အများကြီး ကြုံခဲ့ရတာတွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆုံးအဖြတ်ကတော့ နောက်ဆုံးပွဲ ထိ ရောက်သွားမယ် ထင်နေတယ်။ ” လို့ ဆိုးရှား က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ လောလောဆယ်မှာတော့ ပြိုင်ပွဲစုံ ရှုံးပွဲ မရှိတာ ၁၅ ပွဲ ထိ ရှိနေပြီ ဖြစ်ပြီး ဆိုးရှားအနေနဲ့ အနေအထားကောင်းမှာ ရှိနေ ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္ Top-four တိုက္ပြဲဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၈ ကစားတဲ့ ေနာက္ဆံုးအပတ္ ေနာက္ဆံုးရက္ထိ ေရာက္သြားနိုင္ျပီး အဲဒီက်မွ ရွင္းရွင္းလင္းလင္း အေျဖေပၚမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ၀န္ခံ ေျပာဆိုလာပါတယ္။

ယူနိုက္တက္ဟာ (စေနေန႔ည ပြဲစဥ္မ်ား မကစားခင္) လက္ရွိ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရွိေနျပီး အဆင့္ ၃ မွ လက္စတာနဲ႕ ၃ မွတ္ သာ ကြာေနကာ အဆင့္ ၄ ေနရာက ခ်ယ္ဆီးနဲ႕လည္း ၂ မွတ္သာ ကြာဟေနပါတယ္။

ယူနိုက္တက္ဟာ ေဘာလံုးရာသီ ပိတ္တဲ့ ေနာက္ဆံုးရက္မွာ လက္စတာနဲ႕ ရင္ဆိုင္ ကစားရမွာ ျဖစ္ျပီး ခ်ယ္ဆီးအသင္းကေတာ့ လက္ရွိ ယူနိုက္တက္နဲ႕ အမွတ္တူကာ အဆင့္ ၆ မွာ ရွိေနတဲ့ ၀ုဗ္ အသင္းနဲ႕ယွဥ္ျပိဳင္ ရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အေနအထားက ဒရမ္မာဆန္ဆန္ပဲ ေနာက္ဆံုးရက္ ေနာက္ဆံုးပြဲရဲ႕ ေနာက္ဆံုးမိနစ္ထိ ေရာက္သြားနုိင္တယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

” က်ေန္ာကေတာ့ ေနာက္ဆံုးပြဲက အဓိက အသက္ ျဖစ္လာမယ္ ထင္ထားတယ္။ အဲဒီေန႔မွာ ခ်ယ္ဆီးနဲ႕ ၀ုဗ္၊ က်ေန္ာတို႔က လက္စတာနဲ႕။ အဲဒီအခ်ိန္မွာ ၃ မွတ္အသာ ရထားနွင့္တာက က်ေနာ္လည္း ျဖစ္နုိင္သလို လက္စတာလည္း ျဖစ္နုိင္တယ္။ ဘယ္အသင္းမွေတာ့ အမွားခံလို႔ ရတဲ့ အေနအထား မဟုတ္ဘူး။ အေရးၾကီးတဲ့ ပြဲစဥ္ပါ။

က်ေန္ာတို႔ ရပ္တည္မႈခ်င္းကလည္း ျခားနားတာ မျမင္မိဘူး။ လက္စတာနဲ႕ ပြဲက သံုးမွတ္ ဆိုတာထက္ ပိုမွာ ျဖစ္သလို ခ်ယ္ဆီး၊ ၀ုဗ္တို႔ကလည္း ဒီလိုပဲ ျမင္မွာပါ။ ၾကည့္ရတာေတာ့ ရင္ခုန္စရာပါပဲ။ ပြဲေတြ အမ်ားၾကီး ၾကံဳခဲ့ရတာေတြကလည္း အမ်ားၾကီးပါ။ ဒါေပမယ့္ အဆံုးအျဖတ္ကေတာ့ ေနာက္ဆံုးပြဲ ထိ ေရာက္သြားမယ္ ထင္ေနတယ္။ ” လို႔ ဆိုးရွား က ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ေလာေလာဆယ္မွာေတာ့ ျပိဳင္ပြဲစံု ရွံဳးပြဲ မရွိတာ ၁၅ ပြဲ ထိ ရွိေနျပီ ျဖစ္ျပီး ဆိုးရွားအေနနဲ႕ အေနအထားေကာင္းမွာ ရွိေန ပါတယ္။