ဘရိုဂျာကို ခေါ်မယ့် မက်ဒရစ်၊ ဒီဂျောင်း ဖာမင်နို အရေးနိမ့်ခြင်း အပြင် ထူးခြား အပြောင်းအရွှေ့ သတင်းများ

ကွင်းလယ်လူသစ် အဲရစ်ဆင်ဟာ သူ့ရဲ့ ပထမဆုံး ရာသီကြို ခြေစမ်းပွဲမှာ ဂိုးသွင်းယူခဲ့ပြီး ယူနိုက်တက် အတွက် စတင်ကူညီပေးနိုင်ဖို့ အချိန်အနည်းငယ်သာ လိုအပ်ခဲ့ပါတယ်။

ချယ်ဆီးနဲ့ ဆီးဗီးလာတို့ဟာ ခံစစ်မှူး ကွန်ဒီအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီး နောက်ပိုင်းမှာမှ ဘာစီလိုနာက ကြားဖြတ် ခေါ်ယူသွားတာဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ လီဗာပူးတိုက်စစ်မှူး ဖာမင်နိုကို ခေါ်ယူဖို့ လက်လျော့ခဲ့ပြီဖြစ်ကာ ဘာစီလိုနာ တိုက်စစ်သမား ဒီပေးကို ပြောင်းလဲ ချိန်ရွယ်သွားပါမယ်။

ချယ်ဆီး လူငယ်တိုက်စစ်သမား ဘရိုဂျာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေကြောင်း သတင်းကြီးတွေ ထွက်ပေါ်နေပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်းဟာ ယူရိုဖလား အနိုင်ရခဲ့ရင် အပိုဆုကြေး ပေါင် ၅၅,၀၀၀ စီ ရရှိမှာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ အပြောင်းအရွှေ့လုပ်နိုင်ဖို့အတွက် မန်ချက်စတာ ယူနိုက်တက်ကို ခေါ်ဈေးသတ်မှတ်ပေးဖို့ ဒါမှမဟုတ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်အောင် စာချုပ်ဖျက်သိမ်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ယူနိုက်တက်ဘက်က မဆုတ်မနစ် ကြိုးပမ်းမှုတွေ ရှိနေပေမယ့် ဒီနွေမှာ ကတ်တလန်ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိဘူးလို့ ဖရန်ကီ ဒီဂျောင်ဘက်က ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချထားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘင်ဖီကာရဲ့ အဲလက်စ် ဂရီမယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားမှုမှာ မန်စီးတီးနဲ့အတူ ပါဝင်လာခဲ့ပါတယ်။

ဒီနွေအပြောင်းအရွှေ့မှာ ကစားသမားသစ် ၁၂ ဦးအတွက် အသုံးစရိတ် ပေါင် သန်း ၁၀၀ ကျော် သုံးထားတဲ့ နော်တင်ဟမ်ဖောရတ်စ်ဟာ နောက်ထပ် ကစားသမားသစ် ၂ ဦးလောက် ခေါ်ယူနိုင်ပါသေးတယ်။

ချီလီဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကာလအတွင်း သတ်မှတ် အရည်အသွေး မပြည့်မီတဲ့ ကစားသမားတစ်ယောက်ကို အီကွေဒေါက အသုံးချခဲ့တယ်ဆိုတဲ့ စောဒကတက်မှုကို ဖီဖာက ဖယ်ရှားခဲ့တဲ့နောက် အဆိုပါ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပါတယ်။

ပေါလ် ပေါ့ဘာကို စာချုပ်ချုပ်ပြီး လပိုင်းပဲ ကြာသေးပေမယ့် ကွင်းလယ်လူက ဒဏ်ရာပြဿနာ ရှိနေတာကြောင့် ဂျူဗင်တပ်ဟာ ကွင်းလယ် အစားထိုးဖို့ ရှာဖွေနေပြီး ဆာအူးနီဂွက်ဇ်ကို ချိန်ရွယ်ထားပါတယ်။