လစာဖြတ်တောက်ခံရဖို့ ငြင်းဆန်ခဲ့တဲ့ အာဆင်နယ်အသင်းသား ၃ ဦးထဲ အိုဇေးလ် ပါဝင်

အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ အသင်းရဲ့ တစ်နှစ်လုပ်ခရဲ့ ၁၂.၅% ဖြတ်တောက်မယ့် အစီအစဉ်ကို လက်ခံဖို့ ငြင်းပယ်ခဲ့တဲ့ ကစားသမားတွေထဲ ပါဝင်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အာဆင်နယ်အသင်းဟာ ကစားသမားတွေထံက လစာဖြတ်တောက်ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း မနေ့ကပဲ တရားဝင် ကြေငြာချက် ထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။ လစာလျှော့ခံရမယ့် အပေါ် သဘောမတူတဲ့ ကစားသမားတွေ ရှိခဲ့ပေမယ့် အာဆင်နယ် နည်းပြ အာတီတာက အသင်းနဲ့ ကစားသမားတွေကြား ညှိနှိုင်းရာမှာ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။

အိုဇေးလ်က အာဆင်နယ်မှာ တစ်ပတ် လုပ်ခ ပေါင် ၃သိန်းခွဲ ရနေပြီး အသင်းရဲ့ လစာအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ အိုဇေးလ်က လစာ ယခုလို ဖြတ်တောက်တာမျိုးထက် ကိုရိုနာ တိုက်ဖျက်ရေး လုပ်ငန်းများမှာ ငွေကြေး ထောက်ပံ့တာမျိုး စိတ်ကြိုက် ပြုလုပ်ချင်ပြီး လစာလျှော့တာ အတွက် အလောတကြီး ဆုံးဖြတ်တာမျိုး မလိုလားခဲ့ပါဘူး။

အိုဇေးလ်က ပထမအသင်းကြီး အသင်းသားတွေထဲ လစာလျှော့တာ လက်မခံတဲ့ ကစားသမား သုံးယောက်ထဲ ပါဝင်ခဲ့ပါတယ်။ ကစားသမား အများစု အုပ်စုရဲ့ ဆုံးဖြတ်ချက်ကို သူ လေးစားသလို သူ့ တကိုယ်စာ အမြင်နဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားမှု ရှိကြဖို့ အသိပေးခဲ့ကြောင်း သိရပါတယ်။ ၎င်းရဲ့ အေးဂျင့် ဖြစ်သူကလည်း ကစားသမားတွေဟာ လစာလျှော့ဖို့ ကိစ္စကို လက်မခံသင့်ကြောင်း အစောပိုင်းတည်းက တိုက်တွန်းထားခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်းရဲ့ ရပ်တည်မှုအပေါ် မေးမြန်းဖို့ အာဆင်နယ်အသင်းထံ ဆက်သွယ်ခဲ့ကြပေမယ့် အသင်းဘက်ကတော့ ကစားသမား တစ်ဦးချင်းစီ အကြောင်း ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ လစာလျှော့ချတာ လက်ခံတဲ့ ပထမဆုံး အသင်းလည်း ဖြစ်ပါတယ်။ နည်းပြ အာတီတာ အပါအဝင် အာဆင်နယ် အကြီးအကဲ အဖွဲ့ဝင် ၁၄ ဦးတို့ကလည်း လက်ရှိလစာရဲ့ ၃၀% လျှော့ချ ဖြတ်တောက်တာကို လက်ခံခဲ့ကြပါတယ်။

Zawgyi – အာဆင္နယ္ ကြင္းလယ္ကစားသမား အိုေဇးလ္ဟာ အသင္းရဲ႕ တစ္နွစ္လုပ္ခရဲ႕ ၁၂.၅% ျဖတ္ေတာက္မယ့္ အစီအစဥ္ကို လက္ခံဖုိ႔ ျငင္းပယ္ခဲ့တဲ့ ကစားသမားေတြထဲ ပါ၀င္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

အာဆင္နယ္အသင္းဟာ ကစားသမားေတြထံက လစာျဖတ္ေတာက္ဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း မေန႔ကပဲ တရား၀င္ ေၾကျငာခ်က္ ထုတ္ျပန္ခဲ့ျပီ ျဖစ္ပါတယ္။ လစာေလွ်ာ့ခံရမယ့္ အေပၚ သေဘာမတူတဲ့ ကစားသမားေတြ ရွိခဲ့ေပမယ့္ အာဆင္နယ္ နည္းျပ အာတီတာက အသင္းနဲ႕ ကစားသမားေတြၾကား ညွိနႈိင္းရာမွာ အဓိက ေနရာက ပါ၀င္ခဲ့ပါတယ္။

အိုေဇးလ္က အာဆင္နယ္မွာ တစ္ပတ္ လုပ္ခ ေပါင္ ၃သိန္းခြဲ ရေနျပီး အသင္းရဲ႕ လစာအမ်ားဆံုး ကစားသမားလည္း ျဖစ္ပါတယ္။ အိုေဇးလ္က လစာ ယခုလို ျဖတ္ေတာက္တာမ်ိဳးထက္ ကိုရိုနာ တိုက္ဖ်က္ေရး လုပ္ငန္းမ်ားမွာ ေငြေၾကး ေထာက္ပံ့တာမ်ိဳး စိတ္ၾကိဳက္ ျပဳလုပ္ခ်င္ျပီး လစာေလွ်ာ့တာ အတြက္ အေလာတၾကီး ဆံုးျဖတ္တာမ်ိဳး မလိုလားခဲ့ပါဘူး။

အိုေဇးလ္က ပထမအသင္းၾကီး အသင္းသားေတြထဲ လစာေလွ်ာ့တာ လက္မခံတဲ့ ကစားသမား သံုးေယာက္ထဲ ပါ၀င္ခဲ့ပါတယ္။ ကစားသမား အမ်ားစု အုပ္စုရဲ႕ ဆံုးျဖတ္ခ်က္ကို သူ ေလးစားသလို သူ႔ တကိုယ္စာ အျမင္နဲ႕ ဆံုးျဖတ္ခ်က္ကိုလည္း ေလးစားမႈ ရွိၾကဖို႔ အသိေပးခဲ့ေၾကာင္း သိရပါတယ္။ ၄င္းရဲ႕ ေအးဂ်င့္ ျဖစ္သူကလည္း ကစားသမားေတြဟာ လစာေလွ်ာ့ဖို႔ ကိစၥကို လက္မခံသင့္ေၾကာင္း အေစာပိုင္းတည္းက တုိက္တြန္းထားခဲ့ပါတယ္။

ဂ်ာမနီလက္ေရြးစင္ေဟာင္းရဲ႕ ရပ္တည္မႈအေပၚ ေမးျမန္းဖို႔ အာဆင္နယ္အသင္းထံ ဆက္သြယ္ခဲ့ၾကေပမယ့္ အသင္းဘက္ကေတာ့ ကစားသမား တစ္ဦးခ်င္းစီ အေၾကာင္း ေျဖၾကားဖို႔ ျငင္းဆန္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ လစာေလွ်ာ့ခ်တာ လက္ခံတဲ့ ပထမဆံုး အသင္းလည္း ျဖစ္ပါတယ္။ နည္းျပ အာတီတာ အပါအ၀င္ အာဆင္နယ္ အၾကီးအကဲ အဖြဲ႔၀င္ ၁၄ ဦးတို႔ကလည္း လက္ရွိလစာရဲ႕ ၃၀% ေလွ်ာ့ခ် ျဖတ္ေတာက္တာကို လက္ခံခဲ့ၾကပါတယ္။