ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (05/07/20)

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေက နော်ဝေသား တိုက်စစ်သမား ဟာလန်းကို ခေါ်ယူဖို့ သေချာ အားစိုက် ကြိုးပမ်းခဲ့သင့်တယ်လို့ ပေါစခိုးလ်က ထောက်ပြလိုက်ပါတယ်။ ဟာလန်းဟာ ယူနိုက်တက်နဲ့ သတင်းကြီးပြီးမှ ဒေါ့မွန်ကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ခြေစွမ်းပြနေတဲ့ ဆယ်ကျော်သက် တိုက်စစ်သမား ဂရင်းဝုဒ်ကို ရက်ဖို့ဒ်က ပြင်ပက ဝေဖန်မှုတွေ ပြောစကားတွေကို နားမထောင်ဘဲ လျစ်လျူရှုကာ ဘောလုံးကိုသာ အာရုံစိုက် ကစားဖို့ တိုက်တွန်းဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

နိုင်ပွဲများ ဆက်တိုက် ရယူပြီး ဖိအားပေးလာတဲ့ ယူနိုက်တက်ကို ချယ်ဆီးနည်းပြ လမ်းပတ်က အသိအမှတ်ပြု ချီးကျူး စကား ဆိုလိုက်ပြီး ချယ်ဆီး အသင်းသားတွေ အား ကိုယ့်ပွဲ ကိုယ် အာရုံစိုက်ဖို့ သတိပေးလိုက်ပါတယ်။

ညက ဘုန်းမောက်ကို ၅ ဂိုး သွင်းနိုင်ခဲ့တဟာ ၂၀၁၁ ဒီဇင်ဘာ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ယူနိုက်တက်တို့ တစ်ပွဲတည်း ၅ ဂိုးထိ ပြန်သွင်းယူနိုင် ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက အထောင်တိုက်စစ်သမား တစ်ဦးခေါ်ဖို့ တိုက်တွန်းခဲ့တဲ့ ဖာဒီနန်ရဲ့ အကြံပြုချက်ကို သဘောပေါက်ကြောင်း တုန့်ပြန်ခဲ့ပြီး လက်ရှိ အသင်းသားတွေကိုလည်း တိုးတက်ဖို့ စီမံနေကာ အခြား အင်အားဖြည့်နိုင်တဲ့ နည်းလမ်းများ အမြဲ ရှာဖွေနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

လူငယ် တိုက်စစ်သမားလေး ဂရင်းဝုဒ်ဟာ ဘယ်ခြေနဲ့ ရော ညာခြေနဲ့ပါ အားသန်သန် ဂိုးသွင်းနိုင်သူ ဖြစ်ပြီး ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်လာဖို့ ခေါင်းတိုက် သွင်းဂိုးတွေ သွင်းရန်သာ ကျန်ကြောင်း ဆိုးရှားက ချီးကျူးထောက်ပြခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ေႏြက ေနာ္ေ၀သား တိုက္စစ္သမား ဟာလန္းကို ေခၚယူဖို႔ ေသခ်ာ အားစိုက္ ၾကိဳးပမ္းခဲ့သင့္တယ္လို႔ ေပါစခိုးလ္က ေထာက္ျပလိုက္ပါတယ္။ ဟာလန္းဟာ ယူနိုက္တက္နဲ႕ သတင္းၾကီးျပီးမွ ေဒါ့မြန္ကို ေရြးခ်ယ္သြားခဲ့တာ ျဖစ္ပါတယ္။

ေျခစြမ္းျပေနတဲ့ ဆယ္ေက်ာ္သက္ တိုက္စစ္သမား ဂရင္း၀ုဒ္ကို ရက္ဖို႔ဒ္က ျပင္ပက ေ၀ဖန္မႈေတြ ေျပာစကားေတြကို နားမေထာင္ဘဲ လ်စ္လ်ဴရႈကာ ေဘာလံုးကိုသာ အာရံုစိုက္ ကစားဖို႔ တိုက္တြန္းျဖစ္ခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

နိုင္ပြဲမ်ား ဆက္တိုက္ ရယူျပီး ဖိအားေပးလာတဲ့ ယူနိုက္တက္ကို ခ်ယ္ဆီးနည္းျပ လမ္းပတ္က အသိအမွတ္ျပဳ ခ်ီးက်ဴး စကား ဆိုလိုက္ျပီး ခ်ယ္ဆီး အသင္းသားေတြ အား ကိုယ့္ပြဲ ကိုယ္ အာရံုစိုက္ဖို႔ သတိေပးလိုက္ပါတယ္။

ညက ဘုနး္ေမာက္ကို ၅ ဂိုး သြင္းနုိင္ခဲ့တဟာ ၂၀၁၁ ဒီဇင္ဘာ ေနာက္ပိုင္း ပထမဆံုး အၾကိမ္ အျဖစ္ ယူနိုက္တက္တို႔ တစ္ပြဲတည္း ၅ ဂိုးထိ ျပန္သြင္းယူနုိင္ ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက အေထာင္တိုက္စစ္သမား တစ္ဦးေခၚဖုိ႔ တိုက္တြန္းခဲ့တဲ့ ဖာဒီနန္ရဲ႕ အၾကံျပဳခ်က္ကို သေဘာေပါက္ေၾကာင္း တုန္႔ျပန္ခဲ့ျပီး လက္ရွိ အသင္းသားေတြကိုလည္း တိုးတက္ဖို႔ စီမံေနကာ အျခား အင္အားျဖည့္နိုင္တဲ့ နည္းလမ္းမ်ား အျမဲ ရွာေဖြေနတယ္လုိ႔ တုန္႔ျပန္ခဲ့ပါတယ္။

လူငယ္ တိုက္စစ္သမားေလး ဂရင္း၀ုဒ္ဟာ ဘယ္ေျခနဲ႕ ေရာ ညာေျခနဲ႕ပါ အားသန္သန္ ဂိုးသြင္းနုိင္သူ ျဖစ္ျပီး ျပီးျပည့္စံုတဲ့ တိုက္စစ္မွဴး တစ္ဦး ျဖစ္လာဖို႔ ေခါင္းတိုက္ သြင္းဂိုးေတြ သြင္းရန္သာ က်န္ေၾကာင္း ဆိုးရွားက ခ်ီးက်ဴးေထာက္ျပခဲ့ပါတယ္။