ရိုးမားအသင်းဟာ တော့တင်ဟမ် စပါး ခံစစ်မှုး ဂျာဖက် တန်ဂန်ဂါ ကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေပါတယ်။ ရိုးမားနည်းပြ မော်ရင်ညို က သူ့ဗဟိုခံစစ်ကို အင်အားဖြည့်လိုနေပါတယ်။
ချယ်ဆီးအသင်းက တိုက်စစ်မှုး တီမိုဗာနာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ပြောဆိုနေကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။ ဗာနာ ကလည်း အင်္ဂလန် ပြင်ပမှာ ထွက်ကစားဖို့ ကြိုးစားနေပါတယ်။

မာဆေးအသင်းဟာ အင်တာမီလန် ကြယ်ပွင့် ဆန်းချက် ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ အသက် ၃၃ နှစ် အရွယ် ဂန်းနားဟောင်းဟာ အင်တာမှာ ရုန်းကန်နေရပါတယ်။
ချယ်ဆီးအသင်းဟာ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယား အသင်းမှ ဂိုးသမား ဆလိုနီနာ ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ ဆလိုနီနာက ဒီတနင်္ဂနွေမှာ ဆေးစစ်ပြီး လက်မှတ်ထိုးဖို့ လန်ဒန်ကို လာမှာ ဖြစ်ပါတယ်။ ၎င်းက မေဂျာလိဂ်မှာ ရာသီကုန်အောင် ကစားပြီး ဇန်နဝါရီမှာမှ ချယ်ဆီးနဲ့ ပူးပေါင်းမှာပါ။
ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်အသင်းဟာ ဆမ်ဒိုးရီးယား ကွင်းလယ်သမား မစ်ကယ် ဒမ်စ်ဂါ့ဒ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဘရန့်ဖို့ဒ်က ဒိန်းမတ်သား အတွက် ယူရို ၁၁ သန်း + ဆုကြေး ယူရို ၇ သန်းနဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။
