တိုက်စစ်မှူးသစ် ခေါ်ခိုင်းနေတဲ့ ဖာဒီနန်ကို ဘုန်းမောက်နဲ့ ပွဲအပြီးမှာ ဆိုးရှား တုန့်ပြန်

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်း အတွက် တိုက်စစ်မှူးသစ် ခေါ်ပေးဖို့ တောင်းဆိုထားတဲ့ ရီယိုဖာဒီနန်ကို ညက ဘုန်းမောက်ကို ယူနိုက်တက် ဂိုးပြတ် နိုင်တဲ့ ပွဲ အပြီးမှာ တုန့်ပြန် စကား ဆိုလာခဲ့ပါတယ်။ ဖာဒီနန်က အထောင် တိုက်စစ်မှူးတစ်ဦး အသင်းအတွက် ခေါ်ဖို့ တိုက်တွန်း တောင်းဆိုထားခဲ့တာပါ။

ညက ဘုန်းမောက်နဲ့ ပွဲမှာတော့ ယူနိုက်တက်ရဲ့ ပွဲထွက် တိုက်စစ်သမား သုံးယောက်ဖြစ်တဲ့ ရက်ဖို့ဒ်၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ သုံးယောက် လုံး ဂိုး သွင်းခဲ့ပြီး ယူနိုက်တက်က ၅-၂ နဲ့ အနိုင်ရရှိခဲ့တာပါ။ ဖာဒီနန် ကတော့ ဒီသုံးယောက်နဲ့တင် ဆုဖလားတွေ စိန်ခေါ်ဖို့က ယူနိုက်တက် အတွက် လုံလောက်မှု မရှိဘူး ယူဆထားပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်ကို အင်အားဖြည့်ဖို့ ဒေါ့မွန် တောင်ပံတိုက်စစ်သမား ဆန်ချိုကိုတော့ ဦးစားပေး ကြိုးစားနေပြီး ဖာဒီနန်ကတော့ အထောင် တိုက်စစ်ပါ အလိုရှိနေပါတယ်။ ဒီအပေါ် ဆိုးရှားက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွှု်း ဖြေကြားခဲ့တာပါ။

” တကယ်တော့ နေ့ရက်တိုင်း၊ ပွဲစဉ်တိုင်း၊ ထရိန်နင်တိုင်းက ကစားသမားတွေ တိုးတက်လာဖို့ အခွင့်အရေးတွေပါ။ ကျနော်တို့ လက်ရှိ လူစာရင်းက ကစားသမားတွေကိုလည်း တိုးတက်အောင် လုပ်ရပါမယ်။ ကျနေ်ာကတော့ မားကပ် (ရက်ဖို့ဒ်)၊ မေဆန် (ဂရင်းဝုဒ်)နဲ့ အန်သိုနီ (မာရှယ်) တို့မှာ တိုးတက်မှုတွေ မြင်နေရတယ်လို့ ထင်တယ်။ ဒါတွေ ဒီအတိုင်း ဆက်တိုးတက်သွားဖို့ လုပ်ရမယ်။

ဒါပေမယ့် ကျနေ်ာတို့ ဘယ်တော့မှ ရပ်နေမှာ မဟုတ်ပါဘူး။ အမြဲတမ်းလည်း အသင်းကို အင်အားဖြည့်ဖို့ ဖြစ်နိုင်တာတွေ ရှာဖွေနေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနေ်ာတို့ လုပ်နိုင်ပြီ ပြီးပြည့်စုံသွားပြီလို့ တွေးလို့ မရဘူး။ ဂယ်ရီ အရင်အပတ်က ပြောခဲ့တာကို ကျနော် သဘောပေါက်ပါတယ်။ အသင်းကို အချိန်တိုင်း ပို တိုးတက်နေအောင် စီမံ သွားမှာပါ။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ငယ်ရွယ်တဲ့ ပွဲထွက် တိုက်စစ်သမား သုံးယောက်ဟာ ဂိုးတွေ ပြန်သွင်းလာနိုင်ပြီး ခြေတွေ့လာတာက ယူနိုက်တက် အတွက် အားရစရာ ဖြစ်လာခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားက အသင္း အတြက္ တိုက္စစ္မွဴးသစ္ ေခၚေပးဖို႔ ေတာင္းဆိုထားတဲ့ ရီယိုဖာဒီနန္ကို ညက ဘုန္းေမာက္ကို ယူနုိက္တက္ ဂိုးျပတ္ နုိင္တဲ့ ပြဲ အျပီးမွာ တုန္႔ျပန္ စကား ဆိုလာခဲ့ပါတယ္။ ဖာဒီနန္က အေထာင္ တိုက္စစ္မွဴးတစ္ဦး အသင္းအတြက္ ေခၚဖို႔ တိုက္တြန္း ေတာင္းဆိုထားခဲ့တာပါ။

ညက ဘုန္းေမာက္နဲ႕ ပြဲမွာေတာ့ ယူနုိက္တက္ရဲ႕ ပြဲထြက္ တိုက္စစ္သမား သံုးေယာက္ျဖစ္တဲ့ ရက္ဖုိ႕ဒ္၊ မာရွယ္နဲ႕ ဂရင္း၀ုဒ္တို႔ သံုးေယာက္ လံုး ဂိုး သြင္းခဲ့ျပီး ယူနုိက္တက္က ၅-၂ နဲ႕ အနုိင္ရရွိခဲ့တာပါ။ ဖာဒီနန္ ကေတာ့ ဒီသံုးေယာက္နဲ႕တင္ ဆုဖလားေတြ စိန္ေခၚဖို႔က ယူနုိက္တက္ အတြက္ လံုေလာက္မႈ မရွိဘူး ယူဆထားပါတယ္။

ယူနုိက္တက္ဟာ တိုက္စစ္ကို အင္အားျဖည့္ဖို႔ ေဒါ့မြန္ ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳကိုေတာ့ ဦးစားေပး ၾကိဳးစားေနျပီး ဖာဒီနန္ကေတာ့ အေထာင္ တိုက္စစ္ပါ အလိုရွိေနပါတယ္။ ဒီအေပၚ ဆိုးရွားက သတင္းစာရွင္းလင္းပြဲမွာ ထည့္သြႈ္း ေျဖၾကားခဲ့တာပါ။

” တကယ္ေတာ့ ေန႔ရက္တိုင္း၊ ပြဲစဥ္တိုင္း၊ ထရိန္နင္တိုင္းက ကစားသမားေတြ တိုးတက္လာဖို႔ အခြင့္အေရးေတြပါ။ က်ေနာ္တို႔ လက္ရွိ လူစာရင္းက ကစားသမားေတြကိုလည္း တိုးတက္ေအာင္ လုပ္ရပါမယ္။ က်ေန္ာကေတာ့ မားကပ္ (ရက္ဖို႔ဒ္)၊ ေမဆန္ (ဂရင္း၀ုဒ္)နဲ႕ အန္သိုနီ (မာရွယ္) တို႔မွာ တိုးတက္မႈေတြ ျမင္ေနရတယ္လို႔ ထင္တယ္။ ဒါေတြ ဒီအတိုင္း ဆက္တိုးတက္သြားဖို႔ လုပ္ရမယ္။

ဒါေပမယ့္ က်ေန္ာတို႔ ဘယ္ေတာ့မွ ရပ္ေနမွာ မဟုတ္ပါဘူး။ အျမဲတမ္းလည္း အသင္းကို အင္အားျဖည့္ဖို႔ ျဖစ္နုိင္တာေတြ ရွာေဖြေနတာပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေန္ာတို႔ လုပ္နုိင္ျပီ ျပီးျပည့္စံုသြားျပီလို႔ ေတြးလို႔ မရဘူး။ ဂယ္ရီ အရင္အပတ္က ေျပာခဲ့တာကို က်ေနာ္ သေဘာေပါက္ပါတယ္။ အသင္းကို အခ်ိန္တိုင္း ပို တိုးတက္ေနေအာင္ စီမံ သြားမွာပါ။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ယူနုိက္တက္ရဲ႕ ငယ္ရြယ္တဲ့ ပြဲထြက္ တိုက္စစ္သမား သံုးေယာက္ဟာ ဂိုးေတြ ျပန္သြင္းလာနုိင္ျပီး ေျခေတြ႔လာတာက ယူနုိက္တက္ အတြက္ အားရစရာ ျဖစ္လာခဲ့ပါတယ္။