အပြောင်းအရွှေ့ကာလ အတားဆီး
အာဆင်နယ် အသင်းဘက်မှာလည်း ကစားသမားသစ် တစ်ဦး ခေါ်ဖို့ လက်ရှိ လူစာရင်းကနေ ရောင်းချမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်တယ်လို့ သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ထုတ်ထားပါတယ်။ သတင်းတွေ အရ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် လူစာရင်း တင်သွင်းဖို့ ကစားသမားသစ် တစ်ဦး မခေါ်ချင် အရင်ဆုံး ၃ ယောက် ရှင်းထုတ်ဖို့ လိုနေတယ် လို့ သိရပါတယ်။
တိုင်လီမန်းစ် အတွက် Deadline

အာဆင်နယ်က တိုင်လီမန်းစ်ကို ပစ်မှတ်ထားတယ် သတင်းကြီးနေပေမယ့် လက်စတာကတော့ သူတို့ ကစားသမား အတွက် တရားဝင် ကမ်းလှမ်းမှု မရထားသေးကြောင်း ထုတ်ဖော် ပြောဆိုလိုက်ကာ ဘောလုံးရာသီလည်း စတော့မှာ ဖြစ်လို့ တိုင်လီမန်းစ် အသင်းပြောင်းမယ်ဆိုရင် နောက်ဆုံးရက် Deadline သတ်မှတ်ပေးထားကြောင်း သိရပါတယ်။
မီလန်ကိုဗစ် ဆာဗစ်
ဒီတလော သတင်းတွေမှာ အာဆင်နယ်က လာဇီယို ကွင်းလယ် ကစားသမား မီလန်ကိုဗစ် ဆာဗစ် ကို ချိတ်ဆက်နေတယ် လည်း ဖော်ပြလာပါတယ်။ ဆားဘီးယန်း လက်ရွေးစင်ကို ခေါ်ယူလိုတဲ့ ကလပ်တွေ အများအပြား ရှိပြီး အာဆင်နယ်လည်း ပါဝင်လာခဲ့တာပါ။
ဆေးစစ်တော့မယ့် လီနို

အာဆင်နယ် ဂိုးသမား လီနိုက ဖူလ်ဟမ် အသင်းထံ ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး ဆေးစစ်ဖို့လည်း ဘွတ်ကင် လုပ်ထားပြီးပြီ လို့ သိရပါတယ်။ လီနိုက ဖူလ်ဟမ်နဲ့ ၂၀၂၅ ထိ စာချုပ် ချုပ်ဆိုမှာပါ။
စွယ်စုံရ တိုက်စစ်သမားသစ် တစ်ဦး ခေါ်ဖို့ အကြံပြုမှု
ကီဗင် ကမ့်ဘဲလ်ကတော့ အာဆင်နယ် အနေနဲ့ ဒီနွေမှာ စွယ်စုံရ တိုက်စစ်သမားသစ် တစ်ဦး ခေါ်ယူသင့်သေးကြောင်း အကြံပြု တိုက်တွန်းသွားပါတယ်။ လီဗာပူးနဲ့ မန်စီးတီး တို့ကလည်း တစ်နေရာထက် ပို ကစားနိုင်တဲ့ တိုက်စစ်သမား တွေ ပိုင်ဆိုင်ထားပြီး ဒါက အားသာချက် ဖြစ်နေတယ် လို့ ထောက်ပြသွားခဲ့ပါတယ်။
