ယူနိုက်တက်ကို ချီးကျူးလိုက်ပြီး ချယ်ဆီး အသင်းသားတွေအား နည်းပြ လမ်းပတ် သတိပေး

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အပြိုင် ရှိနေတဲ့ အသင်းတွေထဲ ညက ပွဲစဉ်များမှာ ယူနိုက်တက်၊ ချယ်ဆီးနဲ့ လက်စတာတို့ အားလုံး အသီးသီး နိုင်ပွဲ ရရှိခဲ့ကာ ပြိုင်ဆိုင်မှု ဆက်လက် ပြင်းထန်ခဲ့ပါတယ်။ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ ပြိုင်ဘက် ယူနိုက်တက်ရဲ့ တည်ငြိမ်စွာ ဖိအားပေးလာမှု အပေါ် အသိအမှတ်ပြု ချီးကျူးလိုက်ပြီး ချယ်ဆီးအသင်းသားတွေကို အာရုံမများဖို့ သတိပေးလိုက်ပါတယ်။

အစောပိုင်းပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘုန်းမောက်ကို ၅-၂ နဲ့ နိုင်ပြီး အဆင့် ၄ နေရာကို ယာယီယူခဲ့ပေမယ့် ချယ်ဆီးအသင်းက ဝက်ဖို့ဒ်ကို ၃-၀ နဲ့နိုင်ကာ အဆင့် ၄ နေရာ ပြန် သိမ်းသွားခဲ့ပါတယ်။ ချယ်ဆီးနဲ့ ယူနိုက်တက်ကြား အမှတ်ကွာဟချက်ကလည်း ၂ မှတ်သာ ရှိတာကြောင့် တစ်သင်းသင်း ခြေလှမ်းမှားတာနဲ့ နေရာ အပြောင်းအလဲ ဖြစ်သွားမှာပါ။

ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ရှုံးပွဲ မရှိတာ ၁၆ ပွဲ ရှိနေပြီး ပုံစံကောင်းနဲ့ တည်ငြိမ်နေပါတယ်။ လမ်းပတ်က ယူနိုက်တက်ကို ချီးကျူးလိုက်ပြီး ချယ်ဆီး အသင်းသားတွေအား ယူနိုက်တက်ကို မတွေးဘဲ လျစ်လျူရှှုထားဖို့ ကိုယ့်အသင်းကိုယ် အာရုံစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

” အခုဆို ပွဲတိုင်းက ဖိအားရှိနေပြီ ထင်ပါတယ်။ ဝက်စ်ဟမ်းနဲ့ ပွဲတုန်းကလည်း အဲဒီလိုပဲ နိုင်ရင် အဆင့် ၃ ရမယ်ဆိုတာ သိနေခဲ့တယ်။ ဒါတွေက မတူညီတဲ့ ဖိအားတွေပေါ့။ ဒါပေမယ့် ကိုယ် ကစားရမယ့် ပွဲကိုပဲ သေချာ အာရုံစိုက်သွားရမှာပါ။

မန်ချက်စတာ ယူနိုက်တက်ဆို သိပ်ကောင်းတဲ့ အသင်းပါ ခင်ဗျားတို့လည်း သိပါတယ်။ သူတို့ ရှိထားတဲ့ လူစာရင်း၊ တစ်ဦးချင်း အရည်အသွေးနဲ့ ပိုင်ဆိုင်ထားတဲ့ နည်းပြ အဖွဲ့ စသဖြင့်ပေါ့။ ကျနော်တို့ လေးစားမှု ရှိပါတယ်။ သူတို့ အစောပိုင်းပွဲကိုလည်း ကျနော် ကြည့်လိုက်သေးတယ်။ သူတို့ တိုက်စစ် လိုင်းကို ကြည့်လိုက်ရင် ကစားသမား နှစ်ယောက်က ဂိုး ၂၀ လောက် သွင်းထားပြီး မေဆန် ဂရင်းဝုဒ်ကလည်း ပုံမှန်လို ဂိုး သွင်းပေးနေသေးတယ်။

ကွင်းလယ်မှာဆို ဖာနန်ဒက်စ်နဲ့ ပေါ့ဘာ။ နောက်ပြီး မက်ဂွဲရားကို ခေါ်ထားတာ။ သူတို့မှာ တကယ့် တောင့်တင်းတဲ့ အနေအထား ရှိပါတယ်။ ဒါကို ကျနေ်ာတို့ သိထားတယ် နှစ်မှတ် ကွာတာလည်း သိပြီး ကျေနပ် ပျေ်ာရွှင်ပါတယ်။ အခုကနေ ရာသီကုန်ထိက စမ်းသပ် စိန်ခေါ်မှုတွေ ဆက်တိုက် ရှိမယ်ဆိုတာ သိပါတယ်။

ယူနိုက်တက်ရော ကျနော်တို့နားက အသင်းတွေကိုရော လေးစားမှု ရှိတယ်။ ဒါပေမယ့် ကျနေ်ာတို့ အနေနဲ့ ကိုယ့်အသင်း အပေါ် ကိုယ် အာရုံစိုက်ပြီး ရလဒ်ကောင်းတွေ ယူဖို့ ကြိုးစားသွားရမှာပါ။ ဒါကပဲ ကျနော်တို့ အတွက် အဓိက အရေးကြီးတာ ဖြစ်တယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ အျပိဳင္ ရွိေနတဲ့ အသင္းေတြထဲ ညက ပြဲစဥ္မ်ားမွာ ယူနုိက္တက္၊ ခ်ယ္ဆီးနဲ႕ လက္စတာတို႔ အားလံုး အသီးသီး နုိင္ပြဲ ရရွိခဲ့ကာ ျပိဳင္ဆိုင္မႈ ဆက္လက္ ျပင္းထန္ခဲ့ပါတယ္။ ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ကေတာ့ ျပိဳင္ဘက္ ယူနုိက္တက္ရဲ႕ တည္ျငိမ္စြာ ဖိအားေပးလာမႈ အေပၚ အသိအမွတ္ျပဳ ခ်ီးက်ဴးလိုက္ျပီး ခ်ယ္ဆီးအသင္းသားေတြကို အာရံုမမ်ားဖို႔ သတိေပးလိုက္ပါတယ္။

အေစာပိုင္းပြဲစဥ္မွာ ယူနိုက္တက္ဟာ ဘုန္းေမာက္ကို ၅-၂ နဲ႕ နုိင္ျပီး အဆင့္ ၄ ေနရာကို ယာယီယူခဲ့ေပမယ့္ ခ်ယ္ဆီးအသင္းက ၀က္ဖို႔ဒ္ကို ၃-၀ နဲ႕နုိင္ကာ အဆင့္ ၄ ေနရာ ျပန္ သိမ္းသြားခဲ့ပါတယ္။ ခ်ယ္ဆီးနဲ႕ ယူနုိက္တက္ၾကား အမွတ္ကြာဟခ်က္ကလည္း ၂ မွတ္သာ ရွိတာေၾကာင့္ တစ္သင္းသင္း ေျခလွမ္းမွားတာနဲ႕ ေနရာ အေျပာင္းအလဲ ျဖစ္သြားမွာပါ။

ယူနုိက္တက္ဟာ ျပိဳင္ပြဲစံု ရွံဳးပြဲ မရွိတာ ၁၆ ပြဲ ရွိေနျပီး ပံုစံေကာင္းနဲ႕ တည္ျငိမ္ေနပါတယ္။ လမ္းပတ္က ယူနုိက္တက္ကို ခ်ီးက်ဴးလိုက္ျပီး ခ်ယ္ဆီး အသင္းသားေတြအား ယူနုိက္တက္ကို မေတြးဘဲ လ်စ္လ်ဴရွႈထားဖို႔ ကိုယ့္အသင္းကိုယ္ အာရံုစိုက္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

” အခုဆို ပြဲတိုင္းက ဖိအားရွိေနျပီ ထင္ပါတယ္။ ၀က္စ္ဟမ္းနဲ႕ ပြဲတုန္းကလည္း အဲဒီလိုပဲ နုိင္ရင္ အဆင့္ ၃ ရမယ္ဆိုတာ သိေနခဲ့တယ္။ ဒါေတြက မတူညီတဲ့ ဖိအားေတြေပါ့။ ဒါေပမယ့္ ကိုယ္ ကစားရမယ့္ ပြဲကိုပဲ ေသခ်ာ အာရံုစိုက္သြားရမွာပါ။

မန္ခ်က္စတာ ယူနိုက္တက္ဆို သိပ္ေကာင္းတဲ့ အသင္းပါ ခင္ဗ်ားတို႔လည္း သိပါတယ္။ သူတို႔ ရွိထားတဲ့ လူစာရင္း၊ တစ္ဦးခ်င္း အရည္အေသြးနဲ႕ ပိုိင္ဆိုင္ထားတဲ့ နည္းျပ အဖြဲ႕ စသျဖင့္ေပါ့။ က်ေနာ္တို႔ ေလးစားမႈ ရွိပါတယ္။ သူတို႔ အေစာပိုင္းပြဲကိုလည္း က်ေနာ္ ၾကည့္လိုက္ေသးတယ္။ သူတို႔ တိုက္စစ္ လိုင္းကို ၾကည့္လိုက္ရင္ ကစားသမား နွစ္ေယာက္က ဂိုး ၂၀ ေလာက္ သြင္းထားျပီး ေမဆန္ ဂရင္း၀ုဒ္ကလည္း ပံုမွန္လို ဂိုး သြင္းေပးေနေသးတယ္။

ကြင္းလယ္မွာဆို ဖာနန္ဒက္စ္နဲ႕ ေပါ့ဘာ။ ေနာက္ျပီး မက္ဂြဲရားကို ေခၚထားတာ။ သူတို႔မွာ တကယ့္ ေတာင့္တင္းတဲ့ အေနအထား ရွိပါတယ္။ ဒါကို က်ေန္ာတို႔ သိထားတယ္ နွစ္မွတ္ ကြာတာလည္း သိျပီး ေက်နပ္ ေပ်္ာရႊင္ပါတယ္။ အခုကေန ရာသီကုန္ထိက စမ္းသပ္ စိန္ေခၚမႈေတြ ဆက္တိုက္ ရွိမယ္ဆိုတာ သိပါတယ္။

ယူနိုက္တက္ေရာ က်ေနာ္တို႔နားက အသင္းေတြကိုေရာ ေလးစားမႈ ရွိတယ္။ ဒါေပမယ့္ က်ေန္ာတို႔ အေနနဲ႕ ကုိယ့္အသင္း အေပၚ ကိုယ္ အာရံုစိုက္ျပီး ရလဒ္ေကာင္းေတြ ယူဖို႔ ၾကိဳးစားသြားရမွာပါ။ ဒါကပဲ က်ေနာ္တို႔ အတြက္ အဓိက အေရးၾကီးတာ ျဖစ္တယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။