အဲဗာတန် အသင်းဟာ လိုင်လီအသင်းမှ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ခံစစ်သမား အမ်မဒူ အိုနာနာ ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က အတည်ပြု ဖော်ပြသွားပါတယ်။
ဘာစီလိုနာက ဒေါ့မွန်အသင်းထံမှ အစွန်ခံစစ်မှုး သောမတ်စ် မူနီယာ ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ ဘာစီလိုနာ နည်းပြ ဇာဗီက ချယ်ဆီးအသင်းခေါင်းဆောင် ကွီတာကို အရင် ချိန်ရွယ်ခဲ့ပေမယ့် ကွီတာက လန်ဒန်ကလပ်နဲ့ပဲ သက်တမ်းတိုးသွားခဲ့တာပါ။
ချယ်ဆီးအသင်းဟာ ဘရိုက်တန် အသင်းထံမှ ဘယ်စွန် ခံစစ်သမား ကူကူရယ်လာ ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘန်ဇီမာ နေရာ အရန် အတွက် ဆဲလ်ဘတ် တိုက်စစ်မှုး ဆက်စ်ကိုနဲ့ နိုက်စ် တိုက်စစ်မှုး ဂူအီရီ တို့ကို ပစ်မှတ်ထားနေကြောင်း စပိန် သတင်းတွေက ဆိုပါတယ်။
ဘာစီလိုနာက ချယ်ဆီး အစွန်ခံစစ် မားကို့စ် အလွန်ဆို ကို ခေါ်ယူနိုင်ဖို့ အလွန်ကို နီးစပ်နေပြီ လို့ သတင်းထောက် ရိုမန်နိုက ဖော်ပြသွားပါတယ်။ အပြောင်းအရွှေ့ ဖြစ်လာဖို့ နည်းပြ တူချယ် မီးစိမ်းပြတာကို စောင့်ဆိုင်းနေကြပါတယ်။
ဖူလ်ဟမ် အသင်းဟာ နယ်သာလန် တိုက်စစ်သမား Justin Kluivert ကို ခေါ်ယူရေး အတွက် ရိုးမား အသင်းနဲ့ ပြောဆို ဆွေးနွေးနေပါတယ်။ ၎င်းကို ဖူလ်ဟမ်အသင်း အပြင် ဝက်စ်ဟမ်းကလည်း စိတ်ဝင်စားနေတာပါ။
