လက်စတာအဝတ်လဲခန်းမှာ ဘရူနိုကို အထင်ကြီးတဲ့ မှတ်ချက် ပေးသွားတဲ့ အီဟီယာနာချို

UNICODE – မနေ့တုန်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့် အပြိုင်ကြိုးစားနေတဲ့ အသင်း နှစ်သင်းဖြစ်တဲ့ ယူနိုက်တက်နဲ့ လက်စတာတို့ဟာ သက်ဆိုင်ရာပွဲတွေကို တစ်ချိန်တည်းမှာ ကစားခဲ့ကြပါတယ်။

ယူနိုက်တက်က ဂရင်းဝုဒ်၊ မာရှယ်၊ ရပ်ဖိုဒ့်၊ ဘရူနိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၅-၂ ဆိုတဲ့ ရလဒ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့တာဖြစ်တယ်။ ဘရူနိုဟာ ခြေစွမ်းကောင်းတွေ ထုတ်ပြခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကို လက်စတာအသင်း အဝတ်လဲခန်းမှပါ ထုတ်ဖော် ချီးကျူးမှုတွေ ရှိခဲ့ပါတယ်။

ဒါကိုတော့ လက်စတာ ကွင်းလယ်လူ အန်ဒီဒီ Snapchat မှာ တင်ထားတဲ့ ဗီဒီယိုအရ သိရတာဖြစ်ပြီး ပွဲဂိုးရလဒ်တွေကို ကြည့်ပေးနေတဲ့ တိုက်စစ်သမား အီဟီယာနာချိုက ဘရူနိုက ဂိုးအမြဲတမ်း သွင်းနေတဲ့ သူလို့ ချီးကျူးခဲ့တာဖြစ်တယ်။

ဂရင်းဝုဒ် ဂိုးသွင်းတယ်၊ မာရှယ် ဂိုးသွင်းတယ် စသဖြင့် ပြောပြနေတဲ့ အီဟီယာနာချိုကို အန်ဒီဒီက ဘယ်နှစ်ဂိုးသွင်းလဲ မေးရာမှာ ဂရင်းဝုဒ်က နှစ်ဂိုးသွင်းတယ်လို့ အီဟီယာနာချိုက ပြန်ဖြေခဲ့တယ်။

မန်စီးတီး တိုက်စစ်သမားဟောင်းကပဲ “ မာရှယ်က တစ်ဂိုး၊ ရပ်ဖိုဒ့် တစ်ဂိုး၊ ဘရူးနိုကတော့ ဂိုး အမြဲတမ်း သွင်းနေတာပဲ။ သူက အမြဲတမ်း ဂိုးသွင်းတယ် ” ဆိုပြီး ပြောပြခဲ့တာဖြစ်တယ်။

ယူနိုက်တက်ဟာ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ချယ်ဆီးက ပွဲကျန်တစ်ပွဲ ကစားသွားခဲ့ပြီး အနိုင်ရတာကြောင့် အဆင့် ၄ နေရာကို ပြန်ယူသွားခဲ့ပါပြီ။ ယူနိုက်တက်ဟာ အဆင့် ၅ နေရာမှာ ရှိနေပေမယ့် တတိယနေရာက လက်စတာနဲ့ ၃ မှတ်ပဲ ကွာနေတာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်က ပြောမရသေးတဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ZAWGYI – မေန႔တုန္းကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ အျပိဳင္ၾကိဳးစားေနတဲ့ အသင္း ႏွစ္သင္းျဖစ္တဲ့ ယူႏုိက္တက္နဲ႔ လက္စတာတို႔ဟာ သက္ဆုိင္ရာပြဲေတြကို တစ္ခ်ိန္တည္းမွာ ကစားခဲ့ၾကပါတယ္။

ယူႏုိက္တက္က ဂရင္းဝုဒ္၊ မာရွယ္၊ ရပ္ဖိုဒ့္၊ ဘရူႏိုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၅-၂ ဆိုတဲ့ ရလဒ္ျဖင့္ ျပတ္ျပတ္သားသား အႏုိင္ရခဲ့တာျဖစ္တယ္။ ဘရူႏိုဟာ ေျခစြမ္းေကာင္းေတြ ထုတ္ျပခဲ့ျပီး သူ႔ရဲ႕ ေျခစြမ္းကို လက္စတာအသင္း အဝတ္လဲခန္းမွပါ ထုတ္ေဖာ္ ခ်ီးက်ဴးမႈေတြ ရွိခဲ့ပါတယ္။

ဒါကိုေတာ့ လက္စတာ ကြင္းလယ္လူ အန္ဒီဒီ Snapchat မွာ တင္ထားတဲ့ ဗီဒီယိုအရ သိရတာျဖစ္ျပီး ပြဲဂိုးရလဒ္ေတြကို ၾကည့္ေပးေနတဲ့ တိုက္စစ္သမား အီဟီယာနာခ်ိဳက ဘရူႏိုက ဂိုးအျမဲတမ္း သြင္းေနတဲ့ သူလို႔ ခ်ီးက်ဴးခဲ့တာျဖစ္တယ္။

ဂရင္းဝုဒ္ ဂိုးသြင္းတယ္၊ မာရွယ္ ဂိုးသြင္းတယ္ စသျဖင့္ ေျပာျပေနတဲ့ အီဟီယာနာခ်ိဳကို အန္ဒီဒီက ဘယ္ႏွစ္ဂိုးသြင္းလဲ ေမးရာမွာ ဂရင္းဝုဒ္က ႏွစ္ဂိုးသြင္းတယ္လို႔ အီဟီယာနာခ်ိဳက ျပန္ေျဖခဲ့တယ္။

မန္စီးတီး တိုက္စစ္သမားေဟာင္းကပဲ “ မာရွယ္က တစ္ဂိုး၊ ရပ္ဖိုဒ့္ တစ္ဂိုး၊ ဘရူးႏိုကေတာ့ ဂိုး အျမဲတမ္း သြင္းေနတာပဲ။ သူက အျမဲတမ္း ဂိုးသြင္းတယ္ ” ဆိုျပီး ေျပာျပခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ဟာ အဆင့္ ၄ ေနရာမွာ ရပ္တည္ႏုိင္ခဲ့ေပမယ့္လည္း ခ်ယ္ဆီးက ပြဲက်န္တစ္ပြဲ ကစားသြားခဲ့ျပီး အႏုိင္ရတာေၾကာင့္ အဆင့္ ၄ ေနရာကို ျပန္ယူသြားခဲ့ပါျပီ။ ယူႏုိက္တက္ဟာ အဆင့္ ၅ ေနရာမွာ ရွိေနေပမယ့္ တတိယေနရာက လက္စတာနဲ႔ ၃ မွတ္ပဲ ကြာေနတာျဖစ္လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္က ေျပာမရေသးတဲ့ အေနအထားမွာ ရွိေနဆဲ ျဖစ္ပါတယ္။