ပြင်သစ်မှာ အစွမ်းပြနေတဲ့ တာဗာရက်စ်နဲ့ ဘာလိုဂန်၊ ပစ်မှတ် ဂတ်ပို၊ တော်ရဲရား တို့နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ်နဲ့ လိဒ်စ် ယူနိုက်တက် တို့ ချိတ်ဆက်မှုတေါ ရှိနေတဲ့ PSV တောင်ပံတိုက်စစ်သမား ကိုဒီ ဂတ်ပို ကို မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကလည်း သဘောကျနေပါတယ်။

ပဲလေ့စ်ကို ၂-ဝ နဲ့ နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ အပြီးမှာ အာဆင်နယ် နည်းပြ အာတီတာက အပြောင်းအရွှေ့ မပိတ်ခင် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ လှုပ်ရှားနေဆဲ ဖြစ်ကြောင်း အတည်ပြု ပြောဆိုသွားပါတယ်။

ပြင်သစ်ကလပ် မာဆေးမှာ အငှား ထွက် ကစားနေတဲ့ အာဆင်နယ် ကစားသမား တာဗာရက်စ်ကတော့ လီဂူး အဖွင့်ပွဲမှာ ခံစစ်မှာ တည်ငြိမ်ရုံတင် မကဘဲ တစ်ဂိုးပါ သွင်းကာ ပွဲဦးထွက် အစွမ်းပြသွားခဲ့ပါတယ်။

ထိုပွဲမှာ မာဆေးက ရိမ်းစ်အသင်းကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ရိမ်းစ်အတွက် ချေပဂိုးကိုလည်း အာဆင်နယ်မှ အငှားထွက် ကစားနေတဲ့ ဘာလိုဂန်က သွင်းယူပေးခဲ့တာပါ။

ဝုဗ်အသင်း နည်းပြ ဘရူနို လာ့ချ်ဟာ Goncalo Guedes ကို ခေါ်ယူလိုက်မယ် ဆိုရင် ဝုဗ် တောင်ပံ ကစားသမား ပက်ဒရို နီတိုက အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းထွက်ပေါ်လာပါတယ်။

အာဆင်နယ် ကြယ်ပွင့်ဟောင်း ဆန်းချက်ဟာ အသင်းသစ် ရှာဖွေနေရာက မာဆေးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်သွားပါတယ်။

အာဆင်နယ် ကွင်းလယ် ကစားသမား လူးကပ် တော်ရဲရား က တူရကီကလပ် ဂါလာတာစာရေး အသင်းထံ ပေါင် ၆ သန်း နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ ကစားသမားက အစောပိုင်းမှာ တူရကီသွားဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။