ချယ်ဆီး၊ ယူနိုက်တက်တို့ရဲ့ အနေအထားနဲ့ ပက်သက်ပြီး ယာဂင်ကလော့ပ် စကားတစ်ခွန်းဆို

UNICODE – ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ မန်နေဂျာယာဂင်ကလော့ပ်က လာမယ့်ရာသီ သူတို့အသင်းနဲ့အပြိုင် ပရီးမီးယားလိဂ်ကို စိန်ခေါ်မယ့် အဓိက သုံးသင်းကို ထုတ်ဖော်လိုက်ပါတယ်။

ကလော့ပ် ပြောတဲ့ သုံးသင်းကတော့ ဂွာဒီယိုလာရဲ့ စီးတီး၊ ဆိုးရှားရဲ့ ယူနိုက်တက်နဲ့ လမ်းပတ်ရဲ့ ချယ်ဆီးတို့ဖြစ်တယ်။ ကလော့ပ်က ချယ်ဆီးက ပုံစံကောင်းတွေ ရှိနေသလို ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ထားတဲ့ အချက်ကိုလည်း ထည့်ပြောခဲ့ပါတယ်။

လီဗာပူး မန်နေဂျာက ” လာမယ့်ရာသီမှာ မန်စီးတီးက ပိုမို တောင့်တင်းလာမှာဖြစ်ပြီး ယူနိုက်တက်ကလည်း တောင့်တင်းလာပါလိမ့်မယ်။ ထိုးနည်းတူ ချယ်ဆီးအသင်းကလည်း ပိုမို အားကောင်းလာမှာ ဖြစ်ပါတယ်။

ဒီသုံးသင်းမှာ စီးတီးက အားအကောင်းဆုံးအသင်းဖြစ်တာ သေချာပါတယ်။ ယူနိုက်တက်ကလည်း ကောင်းမွန်တဲ့ ပုံစံတွေ ပြန်ရနေပါတယ်။ ချယ်ဆီးအသင်းက ကောင်းမွန်တဲ့ အခြေအနေရှိပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ခေါ်ယူမှုတွေလုပ်ထားတာကြောင့် အနေအထားကောင်းမှာ တကယ်ကို ရှိနေပါတယ်။

တောတင်ဟမ်က အိပ်နေမှာ မဟုတ်ပါဘူး။ အာဆင်နယ်ကလည်း အိပ်နေမှာ မဟုတ်ပါဘူး။ လက်စတာကလည်း ရှိနေဦးမှာပါ။ သေချာတာက ကျနေ်ာတို့က ပွဲပေါင်း ၃၈ ပွဲ ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းက လိဂ်ကို အနိုင်ရမှာဖြစ်တယ်။ လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးက ခုခံသွားမှာ မဟုတ်ပါဘူး။ နောက်ထပ် ဆုဖလားအတွက် စိန်ခေါ်မှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လာမယ့်ရာသီမှာ လီဗာပူးနဲ့ မန်စီးတီးကို အဓိက စိန်ခေါ်မယ့်အသင်းက ချယ်ဆီးနဲ့ ယူနိုက်တက် နှစ်သင်းထဲက တစ်သင်းဖြစ်မယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းရဲ႕ မန္ေနဂ်ာယာဂင္ကေလာ့ပ္က လာမယ့္ရာသီ သူတို႔အသင္းနဲ႔အျပိဳင္ ပရီးမီးယားလိဂ္ကို စိန္ေခၚမယ့္ အဓိက သံုးသင္းကို ထုတ္ေဖာ္လိုက္ပါတယ္။

ကေလာ့ပ္ ေျပာတဲ့ သံုးသင္းကေတာ့ ဂြာဒီယိုလာရဲ႕ စီးတီး၊ ဆိုးရွားရဲ႕ ယူႏုိက္တက္နဲ႔ လမ္းပတ္ရဲ႕ ခ်ယ္ဆီးတို႔ျဖစ္တယ္။ ကေလာ့ပ္က ခ်ယ္ဆီးက ပံုစံေကာင္းေတြ ရွိေနသလို ေကာင္းမြန္တဲ့ ကစားသမား ေခၚယူမႈေတြ လုပ္ထားတဲ့ အခ်က္ကိုလည္း ထည့္ေျပာခဲ့ပါတယ္။

လီဗာပူး မန္ေနဂ်ာက ” လာမယ့္ရာသီမွာ မန္စီးတီးက ပိုမို ေတာင့္တင္းလာမွာျဖစ္ျပီး ယူနုိက္တက္ကလည္း ေတာင့္တင္းလာပါလိမ့္မယ္။ ထိုးနည္းတူ ခ်ယ္ဆီးအသင္းကလည္း ပိုမို အားေကာင္းလာမွာ ျဖစ္ပါတယ္။

ဒီသံုးသင္းမွာ စီးတီးက အားအေကာင္းဆံုးအသင္းျဖစ္တာ ေသခ်ာပါတယ္။ ယူႏုိက္တက္ကလည္း ေကာင္းမြန္တဲ့ ပံုစံေတြ ျပန္ရေနပါတယ္။ ခ်ယ္ဆီးအသင္းက ေကာင္းမြန္တဲ့ အေျခအေနရွိျပီး စိတ္ဝင္စားစရာ ေကာင္းတဲ့ ေခၚယူမႈေတြလုပ္ထားတာေၾကာင့္ အေနအထားေကာင္းမွာ တကယ္ကို ရွိေနပါတယ္။

ေတာတင္ဟမ္က အိပ္ေနမွာ မဟုတ္ပါဘူး။ အာဆင္နယ္ကလည္း အိပ္ေနမွာ မဟုတ္ပါဘူး။ လက္စတာကလည္း ရွိေနဦးမွာပါ။ ေသခ်ာတာက က်ေန္ာတုိ႔က ပြဲေပါင္း ၃၈ ပြဲ ကစားရမွာျဖစ္ျပီး အႏုိင္ရတဲ့ အသင္းက လိဂ္ကို အႏုိင္ရမွာျဖစ္တယ္။ လာမယ့္ရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လီဗာပူးက ခုခံသြားမွာ မဟုတ္ပါဘူး။ ေနာက္ထပ္ ဆုဖလားအတြက္ စိန္ေခၚမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လာမယ့္ရာသီမွာ လီဗာပူးနဲ႔ မန္စီးတီးကို အဓိက စိန္ေခၚမယ့္အသင္းက ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္ ႏွစ္သင္းထဲက တစ္သင္းျဖစ္မယ္လို႔ ခန္႔မွန္းထားၾကတာ ျဖစ္ပါတယ္။