အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် သီတင်းပတ် အနည်းငယ် အလို အတွင်း ချယ်ဆီးအသင်းရဲ့ ကစားသမား အဝင် အထွက် စာရင်းထဲ ပါဝင်နေတဲ့ ကစားသမား ၁၉ ယောက် အခြေအနေတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ကစားသမား အဝင်
ဖရန်ကီ ဒီဂျောင် – ဘာစီလိုနာက ရောင်းချင်နေသလို ချယ်ဆီးကလည်း ဒီဂျောင်ကို ဝယ်ချင်နေပေမယ့် ကစားသာမးက နူးကမ့်မှာပဲ ဆက်ရှိချင်နေပါတယ်။ တော့ဒ်ဘိုလေ ကိုယ်တိုင် ဖုန်းဆက်ပြီး ဒီဂျောင်ကို စည်းရုံးခဲ့ပမေယ့် မအောင်မြင်သေးပါဘူး။
ဝက်စ်လေ ဖိုဖာနာ – လက်စတာက သူတို့ ခံစစ်မှုးကို ပေါင် သန်း ၈ဝ လို့ ဈေးခေါ်ထားပါတယ်။ ချယ်ဆီး အသင်းက ပေါင် သန်း ၇ဝ ထိ ဈေးပေး ကမ်းလှမ်းထားတာပါ။
အူဘာမီးယန်း – တူချယ်က အူဘာမီးယန်း ဖန် ဖြစ်နေပြီး ဘာစီလိုနာကလည်း ချယ်ဆီးကို ခေါ်ဖို့ မေးမြန်းထားခဲ့တာပါ။ ဒါပေမယ့် အူဘာမီးယန်း က အာဆင်နယ် ကစားသမားဟောင်း ဖြစ်လို့ ချယ်ဆီးထံ သွားချင်မလား မရှင်းလင်းသေးပါဘူး။
ဝေါ်ကာ ပီတာစ်၊ ဒမ်ဖရိုင်းစ် – ချယ်ဆီးက ဂျိမ်းစ်ကို ပြိုင်ဆိုင်နိုင်မယ့် ညာစွန် တစ်ယောက် ခေါ်ဖို့ ကြိုးစားနေတာပါ။ ဒမ်ဖရိုင်းစ်က ဦးစားပေး ဖြစ်ပြီး ပလန်ဘီက ဝေါ်ကာပီတာစ် ဖြစ်ပါတယ်။
Cesare Casadei – အင်တာမီလန် ကွင်းလယ် လူငယ်သမားကို ချယ်ဆီးက ကင်းထောက် စောင့်ကြည့်နေတာပါ။ ချယ်ဆီးက ကမ်းလှမ်းမှု ၂ကြိမ် လုပ်ထားခဲ့ပေမယ့် နှစ်ကြိမ်လုံး ပယ်ချခံထားရတာပါ။
ကစားသမား အထွက်
တီမိုဗာနာ – ချယ်ဆီးအသင်းက တီမိုဗာနာ ကို လိုက်ပ်ဇစ်ထံ ရောင်းချလိုက်ပြီ ဖြစ်ပြီး တရားဝင် ကြေညာဖို့သာ ကျန်ရှိတာပါ။
မာလန် ဆား – ပြင်သစ်သားက မိုနာကို အသင်းထံ အငှား ထွက်ကစားဖြစ်ဖို့ အတော် နီးစပ် သေချာနေပါပြီ။
မားကို့စ် အလွန်ဆို – ဘာစီလိုနာနဲ့ အလုံးစုံနီးပါး သဘောတူညီမှု ရပြီးခဲ့ပါပြီ။ ဒါပေမယ့် ဘာစီလိုနာ က ကစားသမားသစ်တွေ လာလီဂါ ထံ စာရင်းသွင်းနိုင်ဖို့ အရင် ကြိုးစားနေပါတယ်။
အိုဒွိုင်း – အငှားနဲ့ လက်လွှတ်ရဖို့ များနေပါတယ်။ အိုဒွိုင်းကို ဒေါ့မွန် အပါအဝင် စိတ်ဝင်စားတဲ့ ကလပ်တွေ ရှိနေပါတယ်။
ကီပါ – နာပိုလီ ကို ရောက်လုနီပါး ရှိနေပါပြီ။ အငှားနဲ့ပါ။
ဂျော်ဂျင်ဟို – ဂျူဗင်တပ် အပါအဝင် အီတလီကလပ် အသင်းတွေက စိတ်ဝင်စားနေတာပါ။ ဒီဂျောင် ကို ရရင်တော့ ဂျော်ဂျင်ဟို ကို ရောင်းချဖွယ် ရှိပါတယ်။
ဇီယက် – မီလန်နဲက ပြောဆိုထားပေမယ့် အခုတော့ ငြိမ်သက်နေပြန်ပါတယ်။ ယူနိုက်တက်ကလည်း ချိတ်ဆက် ထားခဲ့ပါတယ်။
ကော်နာ ဂလယ်ဂါ – ဝက်စ်ဟမ်း နဲ့ ပရီးမီးယားလိဂ် ကလပ် တော်တော်များများက အငှား ခေါ်ဖို့ စိတ်ဝင်စားနေ ပေမယ့် တူချယ်ကတော့ ထိန်းထားလိုနေပါတယ်။
ဘီလီ ဂေးလ်မား၊ ရော့စ် ဘာကလေ၊ ဘတ်ရှှုဝါယီ – ဒီ ၃ ယောက်လုံးကို ဖရန့် လမ်းပတ်ရဲ့ အဲဗာတန် အသင်းက အလိုရှိနေပါတယ်။ တူချယ်ကလည်း သူတို့ကို အလိုရှိပုံမရဘဲ ကျောနံပါတ်တောင် သတ်မှတ်ပေးခြင်း မရှိသေးပါဘူး။
အမ်ပဒူ – ဝေးစ် ကစားသမားကို ချယ်ဆီးက ဖိုဖာနာကို ခေါ်နိုင်ရင် အငှား စေလွှတ်ဖွယ် ရှိပါတယ်။ စီးရီးအေကလ် တွေက အမ်ပဒူကို စိတ်ဝင်စားနေပါတယ်။
ပါမာရီ၊ ကင်နဒီ – ချယ်ဆီးက အလိုမရှိပေမယ့် ချိတ်ဆက်တဲ့ ကလပ်အသင်း မရှိသေးဘဲ ဖြစ်နေပါတယ်။