ဂါရတ်ဘေးလ် လို ထူးရှယ် အရည်အချင်း ရှိထားတဲ့ ယူနိုက်တက် တိုက်စစ်သမား

စပါးအသင်း ကွင်းလယ်ဟောင်း ဂျာမိန်း ဂျီးနပ်စ်က မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်ဂရင်းဝုဒ်ကို ပိုင်ဆိုင်ထားတာက သူ့ရဲ့ အသင်းဖော်ဟောင်း ဂါရတ်ဘေးလ် လို ထူးရှယ် အရည်အချင်း ရှိ ကစားသမား တစ်ယောက်ကို ရထားသလိုပဲလို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ဆယ်ကျော်သက် တိုက်စစ်သမားလေး ဂရင်းဝုဒ်ဟာ ဘုန်းမောက်နဲ့ ပွဲမှာ ၂ ဂိုး သွင်းခဲ့ပြီး ဒီရာသီ သွင်းဂိုးက ၁၅ ဂိုးထိ ရှိလာပြီ ဖြစ်ပါတယ်။ ဆိုးရှားဟာ ပြီးခဲ့တဲ့ နွေ က တိုက်စစ်မှူး လူကာကူ ကို ရောင်းချပြီးနောက် တိုက်စစ်မှူးသစ် ခေါ်ယူမှု မလုပ်ခဲ့ဘဲ လူငယ် ကစားသမားတွေကို အားထားမှု ပြသခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ မထင်ထားလောက်အောင် ဒီရာသီမှာ တောက်ပလာခဲ့ပြီး ငယ်ရွယ်ပေမယ့် သွေးအေး အဆုံးသတ် ကောင်းမွန်တဲ့ တိုက်စစ်မှူးကောင်း အရည်အချင်းတွေကို တွေ့မြင်နေရပါတယ်။ ဂရင်းဝုဒ်ကို ဗန်ပါစီနဲ့လည်း နှိုင်းယှဉ် ချီးကျူးမှုတွေ ရှိခဲ့ပေမယ့် ဂျာမိန်း ဂျီးနပ်စ်ကတော့ ဘေးလ်နဲ့ နှိုင်းယှဉ်ခဲ့တာပါ။

ဂရင်းဝုဒ်ဟာ လော့ဒ်ဒေါင်း ကာလအပြီး မေလထဲ အသင်း ထရိန်နင် ပြန်စချိန်မှာ တောင့်တင်းတဲ့ ဟန်နဲ့ ပြန်လာခဲ့တာ ဖြစ်ပြီး ကြွက်သား 3kg ရှိခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ သိသာတဲ့ ပြောင်းလဲမှုမျိုး စပါးမှာလည်း ဘေးလ်က လုပ်ပြခဲ့ဖူးတယ်လို့ ဂျီးနပ်စ်က ဆိုပါတယ်။

” ဂရင်းဝုဒ် ပြန်လာတော့ ဘော်ဒီက လုံး၀ ပြောင်းလဲ နေပြီ။ အပြင်ကနေ ကြည့်တာနဲ့ သိသာတယ်။ ကျနော် တော့တင်ဟမ်မှာ ရှိတုန်းက ဂါရတ်ဘေးလ် လုပ်ပြခဲ့တာကို သွားသတိရတယ် ဂရင်းဝုဒ်လိုပဲ သူကလည်း နွေကာလ တစ်ခုမှာ ထူးထူးခြားခြား လုပ်ပြခဲ့တာပါ။

နွေတစ်ရက်မှာ သူ့ကို ပြန်တွေ့လိုက်တာ ဟာ ဒါ ဘယ်သူလဲ လို့ကို ဖြစ်သွားရတယ်။ သူက ရုတ်တရက် တခြား လူ တစ်ယောက်လိုကို ပြောင်းလဲ ပြခဲ့တာ။ မေဆန်ဂရင်းဝုဒ်ကလည်း အဲဒီလိုပဲ သူ စိတ်ပိုင်းဖြတ်ထားရင် ပြီးမြောက်အောင် လုပ်တဲ့သူ လို့ ထင်တယ်။ ဒါက သူ့မှာ အကြီးမားဆုံး အရည်အချင်းပဲ။” လို့ ဂျီးနပ်စ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – စပါးအသင္း ကြင္းလယ္ေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္က မန္ခ်က္စတာ ယူနုိက္တက္ဟာ ေမဆန္ဂရင္း၀ုဒ္ကို ပိုင္ဆိုင္ထားတာက သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း ဂါရတ္ေဘးလ္ လို ထူးရွယ္ အရည္အခ်င္း ရွိ ကစားသမား တစ္ေယာက္ကို ရထားသလိုပဲလို႔ ခ်ီးက်ဴး ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ရဲ႕ ဆယ္ေက်ာ္သက္ တုိက္စစ္သမားေလး ဂရင္း၀ုဒ္ဟာ ဘုန္းေမာက္နဲ႕ ပြဲမွာ ၂ ဂိုး သြင္းခဲ့ျပီး ဒီရာသီ သြင္းဂိုးက ၁၅ ဂိုးထိ ရွိလာျပီ ျဖစ္ပါတယ္။ ဆိုးရွားဟာ ျပီးခဲ့တဲ့ ေႏြ က တိုက္စစ္မွဴး လူကာကူ ကို ေရာင္းခ်ျပီးေနာက္ တိုက္စစ္မွဴးသစ္ ေခၚယူမႈ မလုပ္ခဲ့ဘဲ လူငယ္ ကစားသမားေတြကို အားထားမႈ ျပသခဲ့ပါတယ္။

ဂရင္း၀ုဒ္ဟာ မထင္ထားေလာက္ေအာင္ ဒီရာသီမွာ ေတာက္ပလာခဲ့ျပီး ငယ္ရြယ္ေပမယ့္ ေသြးေအး အဆံုးသတ္ ေကာင္းမြန္တဲ့ တိုက္စစ္မွဴးေကာင္း အရည္အခ်င္းေတြကို ေတြ႔ျမင္ေနရပါတယ္။ ဂရင္း၀ုဒ္ကို ဗန္ပါစီနဲ႕လည္း ႏိႈင္းယွဥ္ ခ်ီးက်ဴးမႈေတြ ရွိခဲ့ေပမယ့္ ဂ်ာမိန္း ဂ်ီးနပ္စ္ကေတာ့ ေဘးလ္နဲ႕ ႏိႈင္းယွဥ္ခဲ့တာပါ။

ဂရင္း၀ုဒ္ဟာ ေလာ့ဒ္ေဒါင္း ကာလအျပီး ေမလထဲ အသင္း ထရိန္နင္ ျပန္စခ်ိန္မွာ ေတာင့္တင္းတဲ့ ဟန္နဲ႕ ျပန္လာခဲ့တာ ျဖစ္ျပီး ၾကြက္သား 3kg ရွိခဲ့တယ္လို႔ သိရပါတယ္။ ထိုသို႔ သိသာတဲ့ ေျပာင္းလဲမႈမ်ိဳး စပါးမွာလည္း ေဘးလ္က လုပ္ျပခဲ့ဖူးတယ္လို႔ ဂ်ီးနပ္စ္က ဆိုပါတယ္။

” ဂရင္း၀ုဒ္ ျပန္လာေတာ့ ေဘာ္ဒီက လံုး၀ ေျပာင္းလဲ ေနျပီ။ အျပင္ကေန ၾကည့္တာနဲ႕ သိသာတယ္။ က်ေနာ္ ေတာ့တင္ဟမ္မွာ ရွိတုန္းက ဂါရတ္ေဘးလ္ လုပ္ျပခဲ့တာကို သြားသတိရတယ္ ဂရင္း၀ုဒ္လိုပဲ သူကလည္း ေႏြကာလ တစ္ခုမွာ ထူးထူးျခားျခား လုပ္ျပခဲ့တာပါ။

ေႏြတစ္ရက္မွာ သူ႔ကို ျပန္ေတြ႔လိုက္တာ ဟာ ဒါ ဘယ္သူလဲ လို႔ကို ျဖစ္သြားရတယ္။ သူက ရုတ္တရက္ တျခား လူ တစ္ေယာက္လိုကို ေျပာင္းလဲ ျပခဲ့တာ။ ေမဆန္ဂရင္း၀ုဒ္ကလည္း အဲဒီလိုပဲ သူ စိတ္ပိုင္းျဖတ္ထားရင္ ျပီးေျမာက္ေအာင္ လုပ္တဲ့သူ လို႔ ထင္တယ္။ ဒါက သူ႔မွာ အၾကီးမားဆံုး အရည္အခ်င္းပဲ။” လို႔ ဂ်ီးနပ္စ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။