ဘာစီလိုနာက ကစားသမား ခေါ်ယူမှုသစ်တွေကို လာလီဂါထံ စာရင်းသွင်းလို့ရတာနဲ့ ချယ်ဆီး ခံစစ်သမား မားကို့စ် အလွန်ဆို ကို ခေါ်ယူမှု အပြီးသတ်တော့မှာ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြား ပြီးခဲ့တဲ့ အပတ်တည်းက သဘောတူညီမှု ရခဲ့ပြီးပြီ လို့ သတင်းထောက် ရိုမန်နို က ဆိုပါတယ်။
စီးရီးအေကလပ် မွန်ဇာအသင်းဟာ ပက်ဘလို မာရီ ကို ခေါ်ယူရေး အာဆင်နယ်နဲ့ ပြောဆို ဆွေးနွေးနေပါတယ်။ အပြောင်းအရွှေ့ ကို အပြီးသတ်ဖို့ မွန်ဇာက လောနေပေမယ့် အာဆင်နယ်က မာရီရဲ့ အဖြေကို စောင့်ဆိုင်းနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း ပရိသတ်တွေရဲ့ ကန့်ကွက်မှု များလွန်းနေတာကြောင့် တိုက်စစ်မှုး အနာတိုဗစ် ကို ခေါ်ယူဖို့ ကြိုးစားနေရာကနေ နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကနေ ရိုးမားအသင်းထံ အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ ဝိုက်နယ်ဒန်က အသင်းဖော်ဟောင်း ဆာလာနဲ့ ဟာကိမိ တို့က ရိုးမားအသင်းကို ရွေးဖို့ တိုက်တွန်းခဲ့ကြကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အေစီမီလန်အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ တိုနယ်လီကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေးနေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။
ချယ်ဆီးအသင်းဟာ ဘာစီလိုနာကနေ အူဘာမီယန်းကို ခေါ်ယူဖို့ အခွင့်အရေးရှိမလားဆိုတာ ဒီအပတ်ထဲမှာ သိရနိုင်ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ လီဗာပူး ကွင်းလယ် ကစားသမား သီယေဂို အယ်ကန်တာရာဟာ အနည်းဆုံး သီတင်းပတ် ၄ ပတ်လောက် နားရမှာ ဖြစ်ပါတယ်။
ယူနိုက်တက် ချိတ်ဆက်နေတဲ့ ရာဘီရော့ ရဲ့ မိခင်နဲ့ အေးဂျင့်ဖြစ်သူဟာ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေအတွက် ကြားခံမပါပဲ ယူနိုက်တက် ဘောလုံးဒါရိုက်တာ ဂျွန်မာတက်နဲ့ တိုက်ရိုက် ဆွေးနွေးလို နေပါတယ်။
