ဘုန်းမောက်ပွဲမှာ ပင်နယ်တီကို ဘရူနို မကန်ဘဲ ဘာလို့ သူကန်ရလဲဆိုတာကို ရှင်းပြတဲ့ ရပ်ဖိုဒ့်

UNICODE – ဘုန်းမောက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ရတဲ့ ပင်နယ်တီကို ဘရူနို မကန်ဘဲ သူဘာလို့ ကန်ခဲ့သလဲဆိုတာကို ရပ်ဖိုဒ့်က ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။

အဆိုပါပွဲမှာ နှစ်ဦးလုံးက သွင်းဂိုးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာ ယူနိုက်တက်ကို ရောက်လာတည်းက အသင်းရဲ့ ပင်နယ်တီတွေကို ဘရူနိုကပဲ တာဝန်ယူနေကာ ရာနှုန်းပြည့် သွင်းဂိုးအဖြစ် ပြောင်းလဲထားနိုင်တာဖြစ်ပြီး ဘုန်းမောက်ပွဲမှာတော့ ရပ်ဖိုဒ့်က တာဝန်ယူ ကန်သွင်းခဲ့တာဖြစ်တယ်။

ရပ်ဖိုဒ့်ကတော့ ဒီကိစ္စကို ချဲ့ကားပြောဆိုမှုတွေကို ရပ်တန့်တဲ့ အနေနဲ့ ပင်နယ်တီက ကွင်းထဲမှာပဲ ဘယ်သူကန်မလဲ ဆုံးဖြတ်ကြတာဖြစ်ပြီး ဝင်ဖို့ပဲ လိုတာပါလို့ ပြောဆိုခဲ့တယ်။ ရပ်ဖိုဒ့်ကို ပင်နယ်တီ ကန်စေခြင်းက ဒဏ်ရာကနေ ပြန်သက်သာလာပြီး ဘောလုံးပွဲတွေ ပြန်စကတည်းက အသင်းအတွက် ပွဲထွက်လာတဲ့ ရပ်ဖိုဒ့်ကို ယုံကြည်မှု ရှိစေဖို့ အသင်းဖော်တွေဖြစ်တဲ့ ဘရူနိုနဲ့ ပေါ့ဘာတို့က ကန်ခွင့်ပေးခြင်းလို့လည်း ယုံကြည်ရပါတယ်။

ရပ်ဖိုဒ့်ကတော့ ” ပင်နယ်တီက ပင်နယ်တီပါပဲဗျာ။ ကွင်းထဲမှာ ဘယ်သူက ပင်နယ်တီ ကန်ရမလဲဆိုတာ ကျနေ်ာတို့ ဆုံးဖြတ်ကြတာပါ။ ပင်နယ်တီ အဆုံးသတ်တာ ဝင်နေသမျှတော့ ကျနော်အတွက် စိတ်ပူစရာ မဟုတ်ပါဘူး ” လို့ ပြောပြခဲ့တာဖြစ်တယ်။

အင်္ဂလန်လက်ရွေးစင်ဟာ ဘုန်းမောက်ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဘောလုံးပွဲတွေ ပြန်စတင်ပြီးနောက်ပိုင်း သူ ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး ဖြစ်ခဲ့သလို၊ ဒီရာသီအတွက် ၂၀ မြောက် သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

ZAWGYI – ဘုန္းေမာက္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ရတဲ့ ပင္နယ္တီကို ဘရူႏို မကန္ဘဲ သူဘာလို႔ ကန္ခဲ့သလဲဆိုတာကို ရပ္ဖိုဒ့္က ထုတ္ေျပာမႈ လုပ္ခဲ့ပါတယ္။

အဆိုပါပြဲမွာ ႏွစ္ဦးလံုးက သြင္းဂိုးေတြ ရခဲ့ပါတယ္။ ဒါေပမယ့္ ဇန္နဝါရီမွာ ယူႏုိက္တက္ကို ေရာက္လာတည္းက အသင္းရဲ႕ ပင္နယ္တီေတြကို ဘရူႏိုကပဲ တာဝန္ယူေနကာ ရာႏႈန္းျပည့္ သြငး္ဂုိးအျဖစ္ ေျပာင္းလဲထားႏုိင္တာျဖစ္ျပီး ဘုန္းေမာက္ပြဲမွာေတာ့ ရပ္ဖိုဒ့္က တာဝန္ယူ ကန္သြင္းခဲ့တာျဖစ္တယ္။

ရပ္ဖိုဒ့္ကေတာ့ ဒီကိစၥကို ခ်ဲ႔ကားေျပာဆိုမႈေတြကို ရပ္တန္႔တဲ့ အေနနဲ႔ ပင္နယ္တီက ကြင္းထဲမွာပဲ ဘယ္သူကန္မလဲ ဆံုးျဖတ္ၾကတာျဖစ္ျပီး ဝင္ဖို႔ပဲ လိုတာပါလို႔ ေျပာဆိုခဲ့တယ္။ ရပ္ဖိုဒ့္ကို ပင္နယ္တီ ကန္ေစျခင္းက ဒဏ္ရာကေန ျပန္သက္သာလာျပီး ေဘာလံုးပြဲေတြ ျပန္စကတည္းက အသင္းအတြက္ ပြဲထြက္လာတဲ့ ရပ္ဖိုဒ့္ကို ယံုၾကည္မႈ ရွိေစဖို႔ အသင္းေဖာ္ေတြျဖစ္တဲ့ ဘရူႏိုနဲ႔ ေပါ့ဘာတို႔က ကန္ခြင့္ေပးျခင္းလို႔လည္း ယံုၾကည္ရပါတယ္။

ရပ္ဖိုဒ့္ကေတာ့ ” ပင္နယ္တီက ပင္နယ္တီပါပဲဗ်ာ။ ကြင္းထဲမွာ ဘယ္သူက ပင္နယ္တီ ကန္ရမလဲဆိုတာ က်ေန္ာတို႔ ဆံုးျဖတ္ၾကတာပါ။ ပင္နယ္တီ အဆံုးသတ္တာ ဝင္ေနသမွ်ေတာ့ က်ေနာ္အတြက္ စိတ္ပူစရာ မဟုတ္ပါဘူး ” လို႔ ေျပာျပခဲ့တာျဖစ္တယ္။

အဂၤလန္လက္ေရြးစင္ဟာ ဘုန္းေမာက္ပြဲမွာ ပင္နယ္တီကေန ဂိုးသြင္းယူႏုိင္ခဲ့တာေၾကာင့္ ေဘာလံုးပြဲေတြ ျပန္စတင္ျပီးေနာက္ပိုင္း သူ ပထမဆံုး သြင္းယူႏုိင္ခဲ့တဲ့ သြင္းဂိုး ျဖစ္ခဲ့သလို၊ ဒီရာသီအတြက္ ၂၀ ေျမာက္ သြင္းဂိုးလည္း ျဖစ္လာခဲ့ပါတယ္။