တီမိုဗာနာ ကို လိုက်ပ်ဇစ် ပြောင်းခါနီး နောက်ဆုံးမိနစ်မှာ ကြိုးစားခဲ့သေးတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီး တောင်ပံတိုက်စစ် ဟာကင် ဇီယက်ချ်ကို ခေါ်ဖို့ ဆက်လက် ပစ်မှတ်ထားလာပါတယ်။
ဂျူဗင်တပ်က ကွင်းလယ်လူ ရာဘီရော့ကို မန်ချက်စတာ ယူနိုက်တက်ထံ ရောင်းချလိုက်ရင် ဂျူဗင်တပ်က အစားထိုးဖို့ ချယ်ဆီး ကွင်းလယ် ဂျော်ဂျင်ဟို ကို စိတ်ဝင်စားလာဖွယ် ရှိနေပါတယ်။

ချယ်ဆီး တိုက်စစ်သမား ကိုင်ဟားဗတ် ကို ဘိုင်ယန်မြူးနစ် က စိတ်ဝင်စား နေပေမယ့် ဒီနွေမှာ အပြောင်းအရွှေ့ ဖြစ်လာဖို့ ခက်ခဲမှာကိုလည်း ဘိုင်ယန်က သိရှိထားပါတယ်။
ချယ်ဆီးဟာ အင်တာမီလန် ကွင်းလယ်လူ ကာဆာဒေးကို ပေါင် ၁၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် စီးရီးအေကလပ်က အသက် ၁၉နှစ် အရွယ် ကစားသမားအတွက် ပေါင် ၁၅ သန်း အလိုရှိနေပါတယ်။
ဘာစီလိုနာ က ချယ်ဆီး ချိတ်ဆက်နေတဲ့ တိုက်စစ်မှုး အူဘာမီးယန်း အတွက် ပေါင် ၂၁ သန်း (ယူရို ၂၅ သန်း) လို့ ဈေးသတ်မှတ်လိုက်ပါတယ်။ ထိုပမာဏကို ချယ်ဆီးက သဘောမတူဘဲ ပြောင်းရွှေ့ကြေး လျှော့ပေးဖို့ ဆက်လက် ညှိနှိုင်းနေပါတယ်။

ချယ်ဆီးက ဘာစီလိုနာ ကွင်းလယ် ဒီဂျောင် ကို ခေါ်ယူရေးကိုလည်း လက်မလျှော့သေးဘဲ ဒီလထဲမှာ ဘာစီလိုနာက ဒီဂျောင်နဲ့ အူဘာမီးယန်းကို ရောင်းချမယ် ဆိုရင် နှစ်ယောက်လုံးကို ခေါ်ဖို့ စီစဉ်နေပါတယ်။
ချယ်ဆီး၊ ဘိုင်ယန်၊ ဘာကာ၊ အက်သလက်တီကိုတို့နဲ့ ချိတ်ဆက်မှုရှိနေပေမယ့်လည်း စီ ရော်နယ်ဒိုဟာ နောက်ဆုံးမိနစ် အံ့အားသင့်စရာ ကမ်းလှမ်းမှုမျိုး မရှိရင် ဒီရာသီ မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်နေသွားမှာ ဖြစ်ပါတယ်။
