ရော်နယ်ဒို ကို ခေါ်ယူဖို့ အင်တာမီလန်နဲ့ အေစီမီလန် နှစ်သင်းလုံးထံ ကမ်းလှမ်းခဲ့သေးပေမယ့် မီလန် နှစ်သင်း လုံးက သူ့ကို ခေါ်ယူဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ အက်စ်ပန်ညို တိုက်စစ်သမား ရာအူးလ် ဒီ တိုမက်စ် ကို ခေးယူဖို့ ဆွေးနွေးနေကြောင်း သတင်း ထွက်လာပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမား အတွက် ယူနိုက်တက်က ယူရို သန်း ၃ဝ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ ဘရိုက်တန်ကြယ်ပွင့် ကိုင်ဆီဒို ကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ ကလပ်များစွာထဲ ပါဝင် နေပါတယ်။
ဘာစီလိုနာအသင်းဟာ ယူနိုက်တက် အစွန်ခံစစ်သမား ဒါလော့ ကို ခေါ်ယူဖို့ ချိန်ရွယ်နေပေမယ့် ဆွေးနွေး ညှိနှိုင်းမှုတွေ တော့ စတင်ထားရခြင်း မရှိသေးကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။
နည်းပြတန်ဟက်ဟာ မနေ့က တနင်္ဂနွေနေ့ဟာ ကစားသမားတွေ နားရက် ဖြစ်ပေမယ့် အနားမပေးဘဲ ထရိန်နင်သို့ ခေါ်ယူ လေ့ကျင့်ခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ ပွဲတုန်းက ပြေးနှုန်း ကွာခဲ့တဲ့ ၁၃ ကီလိုမီတာ ကျော် ကိုလည်း ပြန် ပြေးစေခဲ့ကြောင်း သိရပါတယ်။

စီ ရော်နယ်ဒိုကို စာချုပ် ဖျက်သိမ်းမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် မမှန်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဘက်က ငြင်းချက်ထုတ်သွားခဲ့ပြီး ပေါ်တူဂီသားဟာ အသင်းမှာ ဆက်ရှိနေမယ် လို့ အတည်ပြုသွားပါတယ်။
မန်ချက်စတာ ယူနိုက်တက် လူငယ်ကြယ်ပွင့် အီသန်လာ့ဒ်ဟာ ကျူပီအာ အသင်းထံ အငှား ထွက်ကစားပြီ ဖြစ်ကြောင်း တရားဝင် ကြေညာချက် ထွက်ပေါ်လာပါတယ်။
ယူနိုက်တက်ဟာ မာ့ချ်ဘရီ ကို ဘာမင်ဂန် အသင်းထံ အငှား စေလွှတ်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ၎င်းကို ဝက်စ်ဘရွန်း၊ မစ်ဒယ်ဘရော့ တို့ကလည်း စိတ်ဝင်စားနေပါတယ်။
