ဂေါ်ဒန်ကို ထပ်ကမ်းလှမ်းဖို့ ပြင်ဆင်ခြင်း၊ ဘာကာယိုကို၊ အိုဒွိုင်း၊ ဇန်နီယိုလိုတို့နဲ့ နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

ကောလန် ဟက်ဆန် အိုဒွိုင်းဟာ ချယ်ဆီးကနေ ထွက်ခွာဖြစ်ဖို့ များနေပြီ ဖြစ်ပါတယ်။ နည်းပြ တူချယ်က ပြောင်းရွှေ့ကြေး သင့်တော်ရင် ကစားသမားကလည်း ထွက်ခွာလိုနေတယ် ဆိုရင် ပိတ်ပင်တားဆီးမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

အဲဗာတန် တောင်ပံကစားသမားလေး အန်သိုနီ ဂေါ်ဒန် အတွက် ချယ်ဆီးက ပေါင် သန်း ၄ဝ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရပါတယ်။ ဒါကြောင့် နောက်ထပ် ကမ်းလှမ်းမှုအတွက် ချယ်ဆီး အသင်းတွင်းမှာ ဆွေးနွေးနေကြပြီး ကစားသမား အလိုက်ပေးမှုမျိုးနဲ့ ခြေလှမ်းလာဖွယ် ရှိပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ ဇန်နီယိုလို အတွက် ကမ်းလှမ်းမှု အသစ် ပြုလုပ်လုပ်ဖို့ ပြင်ဆင်နေကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။ ရိုးမားကတော့ သူတို့ ကစားသမား အတွက် ယူရို သန်း ၅ဝ ရမှ ရောင်းမယ်လို့ တင်းခံနေပါတယ်။ ဇန်နီယိုလို ကို ချယ်ဆီးကလည်း စိတ်ဝင်စားနေတာပါ။

နော့တင်ဟမ် ဖောရက်စ်အသင်းဟာ ချယ်ဆီးကနေ အငှား ခေါ်ထားတဲ့ အေစီမီလန် ကွင်းလယ် ကစားသမား ဘာကာယိုကို အတွက် ဆွေးနွေးမှုတွေ ပြန်စတင်နေပါတယ်။ မီလန်ကလပ်ဟာ ဘာကာယိုကို ကို ၂နှစ် စာချုပ်နဲ့ အငှား ခေါ်ထားခဲ့တာ ဖြစ်ပြီး အခွင့်ရရင် အငှားပြန်လက်လွှဲပေးလိုနေပါတယ်။

ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပစ်မှတ် ဒီဂျောင် ကို လက်ရှိကလပ် ဘာစီလိုနာက မာဖီးယား ဆန်ဆန် ပြုမူ ဆက်ဆံနေတယ် လို့ ရီးရဲလ် ကွင်းလယ်ဟောင်း ဗန်ဒါဘတ်က ဝေဖန်သွားပါတယ်။