ချယ်ဆီးမှာ မက်ဆီနဲ့လည်း တွဲကစားချင်တယ် ဆိုလိုက်တဲ့ ပူလီဆစ်

ချယ်ဆီးတိုက်စစ်သမား ခရစ္စတီယန် ပူလီဆစ်ကတော့ အသင်းမှာ ဘာစီလိုနာနဲ့ အာဂျင်တီးနား နာမည်ကျော် ကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့လည်း တွဲ ကစားချင်ကြောင်း ဝန်ခံ ပြောဆိုလိုက်ပါတယ်။

ဘောလုံးသမိုင်းမှာတော့ မက်ဆီက အကောင်းဆုံးကြယ်ပွင့် ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံထားရပြီး ဘာစီလိုနာနဲ့ အတူ ၇၁၈ ပွဲ ကစား ၆၂၇ ဂိုး သွင်းထားပါတယ်။ စပိန်ကလပ်နဲ့ အတူ မက်ဆီက လာလီဂါဖလား ၁၀ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ထိ ဗိုလ်စွဲထားသူ ဖြစ်ပါတယ်။

ဘလွန်းဒီအော ဆု ၆ ကြိမ်ထိ ရထားတဲ့ လီယွန်နက် မက်ဆီလို ကစားသမားက ဘာစီလိုနာကနေ ထွက်ခွာပြီး ချယ်ဆီးအသင်းထံ လာဖို့က မဖြစ်နိုင်သလောက် ဖြစ်ပြီး ပူလီဆစ်ကတော့ မက်ဆီသာ ချယ်ဆီးမှာ လာကစားရင် ကောင်းမယ်လို့ ဆိုလိုက်တာပါ။ ၎င်းက ပေါ်တူဂီ ဂန္တဝင် ကစားသမားကြီး လူးဝစ်ဖီဂိုနဲ့လည်း ကစားချင်တယ် ဆိုခဲ့ပါတယ်။

ဘောလုံးပွဲတွေ နားထားတဲ့အခိုက် အမေးအဖြေတွေ ပြုလုပ်နေကြတဲ့ အထဲမှာ ပူလီဆစ်ကို ဘယ်သူနဲ့ တွဲဖက် ကစားချင်လဲ မေးခွန်း ထုတ်ခြင်း ခံရတဲ့ အခါ ၎င်းက အခုလို ဖြေကြားလာခဲ့ပါတယ်။

” ဖီဂိုကတော့ ကျနော်ကြီးပြင်းလားတဲ့ တလောျက်လုံး သဘောကျလာတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျနော့်အသင်းမှာ တွဲကစားဖို့ဆို လီယွန်နယ် မက်ဆီကို ရရင်လည်း ဖြစ်ပါတယ်။ နှစ်ယောက်လုံးရော ရွေးလို့ ရမလား။ ” လို့ ပူလီဆစ်က ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကွင်းလယ်တိုက်စစ်သမားက ဒေါ့မွန်ကနေ ချယ်ဆီးအသင်းထံ ၂၀၁၉ နွေမှာ ရောက်ရှိလာပြီး ကိုရိုနာကြောင့် ဘောလုံးပွဲတွေ မရပ်နားခင်က ဒီရာသီ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ ၂၃ ပွဲ ပါဝင် ကစားထားရပါတယ်။

Zawgyi – ခ်ယ္ဆီးတုိက္စစ္သမား ခရစၥတီယန္ ပူလီဆစ္ကေတာ့ အသင္းမွာ ဘာစီလိုနာနဲ႕ အာဂ်င္တီးနား နာမည္ေက်ာ္ ၾကယ္ပြင့္ လီယြန္နယ္ မက္ဆီနဲ႕လည္း တြဲ ကစားခ်င္ေၾကာင္း ၀န္ခံ ေျပာဆိုလိုက္ပါတယ္။

ေဘာလံုးသမိုင္းမွာေတာ့ မက္ဆီက အေကာင္းဆံုးၾကယ္ပြင့္ ကစားသမား တစ္ဦး အျဖစ္ သတ္မွတ္ျခင္း ခံထားရျပီး ဘာစီလိုနာနဲ႕ အတူ ၇၁၈ ပြဲ ကစား ၆၂၇ ဂိုး သြင္းထားပါတယ္။ စပိန္ကလပ္နဲ႕ အတူ မက္ဆီက လာလီဂါဖလား ၁၀ ၾကိမ္နဲ႕ ခ်န္ပီယံလိဂ္ဖလား ၄ ၾကိမ္ထိ ဗုိလ္စြဲထားသူ ျဖစ္ပါတယ္။

ဘလြန္းဒီေအာ ဆု ၆ ၾကိမ္ထိ ရထားတဲ့ လီယြန္နက္ မက္ဆီလို ကစားသမားက ဘာစီလိုနာကေန ထြက္ခြာျပီး ခ်ယ္ဆီးအသင္းထံ လာဖို႔က မျဖစ္နုိင္သေလာက္ ျဖစ္ျပီး ပူလီဆစ္ကေတာ့ မက္္ဆီသာ ခ်ယ္ဆီးမွာ လာကစားရင္ ေကာင္းမယ္လို႔ ဆိုလိုက္တာပါ။ ၄င္းက ေပၚတူဂီ ဂႏၱ၀င္ ကစားသမားၾကီး လူး၀စ္ဖီဂိုနဲ႕လည္း ကစားခ်င္တယ္ ဆိုခဲ့ပါတယ္။

ေဘာလံုးပြဲေတြ နားထားတဲ့အခိုက္ အေမးအေျဖေတြ ျပဳလုပ္ေနၾကတဲ့ အထဲမွာ ပူလီဆစ္ကို ဘယ္သူနဲ႕ တြဲဖက္ ကစားခ်င္လဲ ေမးခြန္း ထုတ္ျခင္း ခံရတဲ့ အခါ ၄င္းက အခုလို ေျဖၾကားလာခဲ့ပါတယ္။

” ဖီဂိုကေတာ့ က်ေနာ္ၾကီးျပင္းလားတဲ့ တေလာ်က္လံုး သေဘာက်လာတဲ့ ကစားသမားပါ။ ဒါေပမယ့္ က်ေနာ့္အသင္းမွာ တြဲကစားဖို႔ဆို လီယြန္နယ္ မက္ဆီကို ရရင္လည္း္ ျဖစ္ပါတယ္။ နွစ္ေယာက္လံုးေရာ ေရြးလို႔ ရမလား။ ” လို႔ ပူလီဆစ္က ေျပာဆိုခဲ့ပါတယ္။

အေမရိကန္ ကြင္းလယ္တုိက္စစ္သမားက ေဒါ့မြန္ကေန ခ်ယ္ဆီးအသင္းထံ ၂၀၁၉ ေႏြမွာ ေရာက္ရွိလာျပီး ကိုရိုနာေၾကာင့္ ေဘာလံုးပြဲေတြ မရပ္နားခင္က ဒီရာသီ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ ၂၃ ပြဲ ပါ၀င္ ကစားထားရပါတယ္။