လက်ကျန် နွေဈေးကွက်အတွင်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ ထပ်သုံးဦးမယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံး ၁၀ ရက် ကျော်ကာလအတွင်းမှာ အသုံးစရိတ်ကြီးနဲ့ ဈေးကွက်ထဲ ဝင်ရောက် လှုပ်ရှားမှာဖြစ်ပါတယ်။

ဦးစားပေးက ခံစစ်သမား တစ်ဦးကို ခေါ်ယူဖို့ဖြစ်ပြီး ကွင်းလယ်လူတစ်ဦး၊ တိုက်စစ်မှူးတစ်ဦးတို့ကို ခေါ်ယူအားဖြည့်မှာဖြစ်ပါတယ်။ အကယ်လို့ ဈေးကွက်တွင်း အခြေအနေပေးရင်တော့ ကွင်းလယ်လူသစ် နှစ်ဦးထိကို အားဖြည့်ပါလိမ့်မယ်။

ချယ်ဆီးသတင်းထောက် Matt Law က ” ချယ်ဆီးဟာ ဖိုဖန်နာ၊ ဂေါ်ဒန်၊ အူဘာမီယန်၊ ဒီဂျောင်း၊ ကာဆယ်ဒီ (မကြာခင် ဆေးစစ်မည်) တို့အတွက် အသုံးစရိတ် ပေါင် သန်း ၁၅၀ ထုတ်ဖို့ ပြင်ဆင်ထားပါတယ် ” လို့ ဖော်ပြသွားပါတယ်။

ချယ်ဆီးအသင်းဟာ အင်တာမီလန် ကွင်းလယ်လူ ကာဆယ်ဒီကို ပေါင် ၁၂.၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားခဲ့ပြီဖြစ်ပါတယ်။ စာချုပ်မှာတော့ နောက်ထပ် ပေါင် ၄ သန်းကို စွမ်းဆောင်ရည်အလိုက် ထပ်တိုး ပေးသွားဖို့ ရှိနေပါတယ်။

အသက် ၂၁ နှစ်အရွယ် ခံစစ်မှူး ဖိုဖန်နာဟာလည်း လက်စတာကနေ ထွက်ခွာလိုကြောင်းနဲ့ ချယ်ဆီးအသင်းထံ ပြောင်းခွင့်ပေးဖို့ သူ့အသင်းကို တောင်းဆိုထားခဲ့ပြီ ဖြစ်ပါတယ်။ လက်စတာဘက်က ပြင်သစ်သား ခံစစ်မှူးအတွက် ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ် ရနိုင်ဖို့ မျှော်လင့်နေတာပါ။

ဖိုဖန်နာက အတော်လေး စိတ်ပျက်နေကာ ဒီနွေမှာ ချယ်ဆီးထံ ကူးပြောင်းနိုင်ရေ သူ့အပေါ် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ဈေးချပေးဖို့လည်း စကားပြောခဲ့တယ်လို့ သိရပါတယ်။