လက်စတာ အသင်းဟာ ဝါရင့် တိုက်စစ်မှုး ဗာဒီကို ၂၀၂၄ ထိ ရှိစေမယ့် စာချုပ်သစ် တစ်ရပ် သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်သမား ကပ်စ်မဲရိုး ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း မနေ့က ကြေညာပြီးနောက် ကစားသမားဟာ ဒီနေ့ မန်ချက်စတာသို့ လာရောက် ဆေးစစ်တော့မှာ ဖြစ်ပါတယ်။ ကပ်စ်မဲရိုးဟာ ဒီအပတ် လီဗာပူးနဲ့ ပွဲမှာတော့ ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှုး အဲရစ်ဘိုင်လီဟာ ပြင်သစ်ကလပ် မာဆေးအသင်းထံ ပြောင်းရွှေ့တော့မယ် လို့ သတင်းထောက် ရိုမန်နိုက ဖော်ပြသွားပါတယ်။ ဘိုင်လီရဲ့ အေးဂျင့်နဲ့ မာဆေးအသင်း တာဝန်ရှိသူတွေ ဒီနေ့ ဆွေးနွေးခဲ့ကြပြီး ကစားသမားကလည်း လက်ခံလိုက်ပြီလို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မန်ယူနိုက်တက်ထံ လက်လွှတ်လိုက်ရတဲ့ ကပ်စ်မဲရိုး နေရာ အစားထိုးဖို့ တော့တင်ဟမ် စပါး ကွင်းလယ် ဟော့ချ်ဘတ် ကို ချိန်ရွယ်လာကြောင်း သတင်းထွက်လာပါတယ်။ စပါးအသင်းကတော့ သူတို့ ဒိန်းမတ် လက်ရွေးစင် ကစားသမားကို ထိန်းထားနိုင်မယ် ယုံကြည်မှု ရှိနေပါတယ်။
အဲဗာတန်အသင်းဟာ ဂိုးသမား ပစ်ဖို့ဒ်ကို သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီ ဖြစ်ကြောင်း နည်းပြ လမ်းပတ်က အတည်ပြုသွားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ယူနိုက်တက် ခံစစ်မှုး ဟယ်ရီ မက်ဂွဲရားကို အံံအားသင့်ဖွယ် ချိန်ရွယ်လာပြီး မန်ချက်စတာ ကလပ် အလိုရှိနေတဲ့ ပူလီဆစ် နဲ့ အလဲအထပ် သဘော လုပ်ဖို့ အလိုရှိနေပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ မန်စီးတီး ကွင်းလယ် ဘာနာဒို ဆေးလ်ဗား ကို ခေါ်ယူရေး လက်မလျှော့သေးဘူးလို့ ပြင်သစ် သတင်းတွေ အဆိုအရ သိရပါတယ်။
နစ်ကိုးလပ်စ် ပီပီဟာ အာဆင်နယ်ကနေ ပြင်သစ်ကလပ် နိုက်စ် အသင်းထံ အငှားနဲ့ ထွက်ခွာဖွယ် ရှိကြောင်း GOAL သတင်းက ဖော်ပြလာပါတယ်။ ကလပ်နှစ်သင်းကြား သဘောတူညီမှု မရသေးပေမယ့် ဆွေးနွေးညှိနှိုင်းနေကြတယ် လို့ သိရပါတယ်။
