နီတိုအတွက် ဆွေးနွေးနေတဲ့ အာဆင်နယ်၊ ၃ ယောက်ခေါ်မယ့် ချယ်ဆီး၊ ပူလီဆစ်၊ ဆားနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်နဲ့ သတင်းထွက်ခဲ့ပေမယ့် အမေရိကန် တိုက်စစ်သမား ပူလီဆစ်ဟာ ချယ်ဆီးအသင်းမှာပဲ ဆက်နေသွားဖို့ ရှိနေပါတယ်။ ယူနိုက်တက် ဘက်ကလည်း တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ဗလင်စီယာ အသင်းဟာ စပါးအသင်းမှ အသက် ၂၁ နှစ် အရွယ် စပိန်တိုက်စစ်သမား ဘရိုင်ယန်ဂေး ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း သတင်းထောက် ရိုမန်နို က ဆိုပါတယ်။ ဒီတစ်ရာသီ အငှားလွှတ်မှာ ဖြစ်ပြီး အပြီးဝယ်ယူခွင့် မပါဝင်ဘူးလို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ ကစားသမားသစ် ခေါ်ယူမှု ၃ ခု အပြီးသတ် လုပ်ဆောင်ဖို့ ရည်မှန်းထားကြောင်း လန်ဒန်သတင်းက ဖော်ပြသွားပါတယ်။ ချယ်ဆီးက ဘာစီလိုနာ တိုက်စစ်မှုး အူဘာမီးယန်း၊ လက်စတာ ခံစစ် ဖိုဖာနာ နဲ့ အဲဗာတန်မှာ ဂေါ်ဒန် တို့ကို ခေါ်ယူလိုနေတာပါ။

လိဒ်စ် ယူနိုက်တက်ဟာ ကွင်းလယ်သမား ဂျက် ဟာရစ်ဆန် အတွက် နယူးကာဆယ် အသင်းက ပေါင် သန်း ၂ဝ ကျော်နဲ့ ကမ်းလှမ်းမှု ရခဲ့ပေမယ့် ငြင်းဆန် ပယ်ချလိုက်ပါတယ်။

နည်းပြ စတီဗင် ဂျရတ်ရဲ့ အက်စတွန်ဗီလာ အသင်းဟာ ဝက်ဖို့ဒ် ကစားသမား ဆား ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တာကြောင့် လက်လျှော့ရဖွယ် ရှိနေပါတယ်။ ဆား အတွက် ထပ်ဆောင်းကြေးတွေ အပါ ပေါင် ၂၅ သန်းနဲ့ ဗီလာက ကမ်းလှမ်းခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ဝုဗ် တောင်ပံတိုက်စစ်သမား ပီဒရို နီတို ကို ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်နေကြောင်း The Athletic သတင်းက ဖော်ပြလာပါတယ်။ ဂန်းနားတွေဟာ ဒီနွေမှာ ပီပီနဲ့ လမ်းခွဲဖို့လည်း ပြင်ဆင်နေပါတယ်။

စီးရီးအေကလပ် ဆက်ဆူအိုလို အသင်းဟာ ချယ်ဆီး ကစားသမား အီသန် အမ်ဘဒူ ကို ခေါ်ယူဖို့ စိတ်ဝင်စား လာပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အီမာဆန် ကို ခေါ်ယူဖို့ ချယ်ဆီးအသင်းနဲ့ သဘောတူညီမှု ရခဲ့ပြီးနောက် ဒီအပတ်ထဲမှာ အပြောင်းအရွှေ့ ကို အပြီးသတ်လိုနေပါတယ်။ ပြောင်းရွှေ့ကြေးက ပေါင် ၁၃ သန်းနဲ့ ထပ်ဆောင်းဆုကြေး ပေါင် ၂ သန်း ဖြစ်ကာ ကစားသမားနဲ့ အသေးစိတ် ဆက်လက်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။