လီဗာပူးကို နိုင်တဲ့ ပွဲပြီးနောက် ရော်နယ်ဒို အနာဂတ် ကိစ္စ အရိပ်အမြွက် ဖွင့်ဟသွားတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်ဟာ ညက လီဗာပူးအသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံပြီး ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ထိုပွဲမှာ အသင်း ကြယ်ပွင့် တိုက်စစ်မှုး စီ ရော်နယ်ဒို က ပွဲထွက်ကနေ ပါဝင် မလာခဲ့ဘဲ ပွဲပြီးခါနီး မိနစ် ပိုင်း အလိုမှသာ လူစား ဝင် ကစားခဲ့တာ ဖြစ်ပါတယ်။

ထိုပွဲအပြီးမှာ ဖာနန်ဒက်စ် အား ရော်နယ်ဒို အနာဂတ်နဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ကြရာ ပေါ်တူဂီသားကတော့ သူ့နိုင်ငံ အသင်းဖော်ဟာ ဈေးကွက် မပိတ်ခင် အသင်းပြောင်းသွားနိုင်သေးကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ရော်နယ်ဒို ဘယ်လိုပဲ ဆုံးဖြတ်သည် ဖြစ်စေ လေးစားမှု ထားကြဖို့လည်း တိုက်တွန်းခဲ့ပြီး သူ့ အနေနဲ့ကတော့ အသင်းမှာ ဆက်နေနေ၊ ထွက်သွားသွား ရှုထောင့် တစ်မျိုးစီကနေ ပျော်ရွှင်နေမှာ ဖြစ်ကြောင်း တုန့်နြပ် ပြောဆိုခဲ့ပါတယ်။

” သတင်းတွေကတော့ အများကြီး ထွက်နေတာပါပဲ။ ဒါပေမယ့် ခရစ္စတီယာနို ထက် ဒီကိစ္စ ကို ပိုသေချာအောင် ပြောပြနိုင်မယ့်သူ မရှိဘူး။ ကျနော်လည်း သိထားတာ ၁ခု ၂ခုလောက် ရှိပေမယ့် ဒါကို ထုတ်ပြောမှာ မဟုတ်ဘူး။

ခရစ္စတီယာနိုက အေးဆေးပါပဲ။ သူ ဒီအပတ်မှာလည်း သေချာ အလုပ်လုပ်ထားတယ်။ သူ လုပ်ရမယ့် အလုပ်ကို သေချာ လုပ်ပါတယ်။ ဒီလိုပဲ ဆက်လက် လုပ်ဆောင်နေမယ့် သူပါ။

အခုက သူက ယူနိုက်တက် ကစားသမားပါ။ သူ့အနာဂတ်ကို ကျနော်လည်း သေချာ မပြောတတ်ဘူး။ သူ ထွက်သွားသည် ဖြစ်စေ၊ ဆက်နေသည် ဖြစ်စေ သူ မကြာခင် ထုတ်ဖော် ပြောဆိုလာပါလိမ့်မယ်။ အဲဒီကျရင် သူ ဘာပြောလဲ နားထောင်ကြပေါ့ဗျာ။

ခုနေ အသင်းမှာ သူ့ကို ဆက်မနေစေချင်တဲ့သူလည်း မရှိပါဘူး။ သူက အမြင့်ဆုံး လယ်ဗယ်မှာ ဆက်ရှိနေမယ့် သူပါ။ ကျနော်တို့ကို သွင်းဂိုးတွေ အများကြီး သွင်းပေးမယ့်သူ။ ဒါပေမယ့် သူ့ အနာဂတ်က သူ ဆုံးဖြတ်မှာပါ။ ကျနေ်ာတို့ကတော့ သူ ဘာပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဘာပဲလုပ်လုပ် လေးစားမှု ထားဖို့ပါပဲ။

သူ အသင်းမှာ ဆက်နေမယ် ဆိုရင် ကျနေ်ာတို့ ပျော်ရွှင်မယ်။ သူ ထွက်သွားမယ် ဆိုရင်လည်း သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် လမ်းကို သူ ရွေးချယ်တာပဲ ဆိုပြီး ပုဂ္ဂိုလ်ရေးအရ ကျနော်ကတော့ ပျော်ရွှင်မှာပါ။ အရေးကြီးဆုံးက သူ အဆင်ပြေနေဖို့၊ အမြင့်ဆုံး လယ်ဗယ်မှာ ရှိနေဖို့နဲ့ နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်နေဖို့ပါ။ ” လို့ ဖာနန်ဒက်စ် က ပြောဆိုခဲ့ပါတယ်။