မန်ချက်စတာ ယူနိုက်တက်မှာ ဆယ်ကျော်သက် လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ် တောက်ပလာနေပြီး ဂရင်းဝုဒ် ခြေစွမ်းက ရက်ဖို့ဒ်ထက် သိသာ ကောင်းမွန်လာနိုင်တာကြောင့် တိုက်စစ်မှူး ရက်ဖို့ဒ် အနေနဲ့ နေရာပျောက်ဆုံးသွားနိုင်ကြောင်း ချယ်ဆီးနဲ့ စပါးနည်းပြဟောင်း ဂလင်း ဟိုဒယ်လ်က သတိပေးလိုက်ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ထူးရှယ်တိုက်စစ်သမားလေး ကို ရထားပြီလို ဟိုဒယ်လ်က ယုံကြည်နေပြီး ၎င်းကြောင့် ရက်ဖို့ဒ်ဟာ အနှေးနဲ့ အမြန် ပွဲထွက်နေရာကနေ လျောကျသွားနိုင်တယ်လု့ိ ဟိုဒယ်လ်က ထောက်ပြခဲ့တာပါ။
” ဂရင်းဝုဒ်ကတော့ တကယ့် အံ့ဖွယ် ကစားသမား ဖြစ်နေပြီ။ သူက ပို ပိုပြီး ကောင်းလာဖို့သာ ရှိတယ်။ သူ့ရဲ့ ဘယ်ခြေရော ညာခြေရော အစွမ်းကို ကျနော် အထင်ကြီးမိပါတယ်။ ဒီလို ဘယ်ညာ နှစ်ဘက်လုံး သန်တဲ့ ကစားသမားတွေ သဘောကျတယ်ဗျ။ ဖီးနဗီးလ်က သူ့ကို ညာတောင်ပံမှာ ထားကစားဖို့ အကြံပေးတာကို ကျနော်လည်း သဘောကျတယ်။
ဒါမှမဟုတ် သူက အထောင် တိုက်စစ် ဖြစ်လာမလား ဖြစ်ရင်လည်း ဖြစ်လာမှာပေါ့ဗျာ။ ကျနော်ကတော့ သူက မားကပ် ရက်ဖို့ဒ်ကို အသင်းကနေ ထွက်သွားအောင်တောင် တွန်းအား ဖြစ်လာလိမ့်မယ် ထင်တယ်။ ဒါက မှန်းချက်ပါ။ သူက ပိုပြီး တိကျတဲ့ အဆုံးသတ်သမား ဖြစ်လာလိမ့်မယ် ကျနော် ထင်တယ်။ အသင်း ပွဲထွက်စာရင်းမှာ အရင်ဆုံး ရေးချ နေရာပေးလာရလိမ့်မယ်။
လက်ရှိ အချိန်မှာ တိုက်စစ် သုံးယောက်လုံး အလုပ်ဖြစ်နေတယ်။ ဒါပေမယ့် မာရှယ်နဲ့ ရက်ဖို့ဒ်ကို ကြည့် သူတို့ကလည်း တောင်ပံမှာ ကစားရတာ ပို အားသန်တယ်။ သူတို့က တောင်ပံတိုက်စစ်သမားတွေပဲလေ။ တကယ်လို့သာ ယူနိုက်တက်က အထောင် တိုက်စစ် တစ်ယောက်ကို ခေါ်မယ် ဆို တောင်ပံမှာ ဘယ်ညာ နှစ်ဘက်လုံး သန်တဲ့ ဂရင်းဝုဒ်ကို ပိုဦးစားပေးလာလိမ့်မယ်။ ” လို့ ဟိုဒယ်လ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ ဘုန်းမောက်ကို နိုင်တဲ့ပွဲမှာ ၂ ဂိုး သွင်းပြီးနောက် ဒီရာသီ ယူနိုက်တက် အတွက် သွင်းဂိုး ၁၅ ဂိုးထိ ရှိသွားခဲ့ပါတယ်။ ထိုပွဲ မှာလည်း ရက်ဖို့ဒ်က ဂိုးပေါက် ပြန်တွေ့ခဲ့ပြီး ဒီရာသီ အသင်းအတွက် သွင်းဂိုး ၂၀ ရှိသွားခဲ့ပါတယ်။ ဒါဟာ ရက်ဖို့ဒ်အတွက် ယူနိုက်တက်မှာ တစ်ရာသီ ဂိုးအများဆုံး သွင်းတဲ့ ပမာဏ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္မွာ ဆယ္ေက်ာ္သက္ လူငယ္တိုက္စစ္မွဴး ေမဆန္ဂရင္း၀ုဒ္ ေတာက္ပလာေနျပီး ဂရင္း၀ုဒ္ ေျခစြမ္းက ရက္ဖို႔ဒ္ထက္ သိသာ ေကာင္းမြန္လာနုိုင္တာေၾကာင့္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ အေနနဲ႕ ေနရာေပ်ာက္ဆံုးသြားနုိင္ေၾကာင္း ခ်ယ္ဆီးနဲ႕ စပါးနည္းျပေဟာင္း ဂလင္း ဟိုဒယ္လ္က သတိေပးလိုက္ပါတယ္။
ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ထူးရွယ္တိုက္စစ္သမားေလး ကို ရထားျပီလို ဟိုဒယ္လ္က ယံုၾကည္ေနျပီး ၄င္းေၾကာင့္ ရက္ဖို႔ဒ္ဟာ အေႏွးနဲ႕ အျမန္ ပြဲထြက္ေနရာကေန ေလ်ာက်သြားနုိင္တယ္လု႔ိ ဟိုဒယ္လ္က ေထာက္ျပခဲ့တာပါ။
” ဂရင္း၀ုဒ္ကေတာ့ တကယ့္ အံ့ဖြယ္ ကစားသမား ျဖစ္ေနျပီ။ သူက ပို ပိုျပီး ေကာင္းလာဖို႔သာ ရွိတယ္။ သူ႔ရဲ႕ ဘယ္ေျခေရာ ညာေျခေရာ အစြမ္းကို က်ေနာ္ အထင္ၾကီးမိပါတယ္။ ဒီလို ဘယ္ညာ နွစ္ဘက္လံုး သန္တဲ့ ကစားသမားေတြ သေဘာက်တယ္ဗ်။ ဖီးနဗီးလ္က သူ႔ကို ညာေတာင္ပံမွာ ထားကစားဖို႔ အၾကံေပးတာကို က်ေနာ္လည္း သေဘာက်တယ္။
ဒါမွမဟုတ္ သူက အေထာင္ တိုက္စစ္ ျဖစ္လာမလား ျဖစ္ရင္လည္း ျဖစ္လာမွာေပါ့ဗ်ာ။ က်ေနာ္ကေတာ့ သူက မားကပ္ ရက္ဖို႔ဒ္ကို အသင္းကေန ထြက္သြားေအာင္ေတာင္ တြန္းအား ျဖစ္လာလိမ့္မယ္ ထင္တယ္။ ဒါက မွန္းခ်က္ပါ။ သူက ပိုျပီး တိက်တဲ့ အဆံုးသတ္သမား ျဖစ္လာလိမ့္မယ္ က်ေနာ္ ထင္တယ္။ အသင္း ပြဲထြက္စာရင္းမွာ အရင္ဆံုး ေရးခ် ေနရာေပးလာရလိမ့္မယ္။
လက္ရွိ အခ်ိန္မွာ တိုက္စစ္ သံုးေယာက္လံုး အလုပ္ျဖစ္ေနတယ္။ ဒါေပမယ့္ မာရွယ္နဲ႕ ရက္ဖို႕ဒ္ကို ၾကည့္ သူတို႔ကလည္း ေတာင္ပံမွာ ကစားရတာ ပို အားသန္တယ္။ သူတို႔က ေတာင္ပံတိုက္စစ္သမားေတြပဲေလ။ တကယ္လို႔သာ ယူနုိက္တက္က အေထာင္ တိုက္စစ္ တစ္ေယာက္ကို ေခၚမယ္ ဆို ေတာင္ပံမွာ ဘယ္ညာ နွစ္ဘက္လံုး သန္တဲ့ ဂရင္း၀ုဒ္ကို ပိုဦးစားေပးလာလိမ့္မယ္။ ” လို႔ ဟိုဒယ္လ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။
ဂရင္း၀ုဒ္ဟာ ဘုန္းေမာက္ကို နုိင္တဲ့ပြဲမွာ ၂ ဂိုး သြင္းျပီးေနာက္ ဒီရာသီ ယူနုိက္တက္ အတြက္ သြင္းဂိုး ၁၅ ဂိုးထိ ရွိသြားခဲ့ပါတယ္။ ထိုပြဲ မွာလည္း ရက္ဖို႔ဒ္က ဂိုးေပါက္ ျပန္ေတြ႔ခဲ့ျပီး ဒီရာသီ အသင္းအတြက္ သြင္းဂိုး ၂၀ ရွိသြားခဲ့ပါတယ္။ ဒါဟာ ရက္ဖို႔ဒ္အတြက္ ယူနိုက္တက္မွာ တစ္ရာသီ ဂိုးအမ်ားဆံုး သြင္းတဲ့ ပမာဏ ျဖစ္ပါတယ္။