ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနိုက်တက် ပစ်မှတ် ဘာစီလိုနာ ကွင်းလယ် ကစားသမား ဖရန်ကီ ဒီဂျောင် ကို ဝင်ရောက် ကြိုးပမ်းဖို့ ခြေလှမ်းပြင်လာပါတယ်။ ဂျာမန်ကလပ်ဟာ ဒီဂျောင် ကို အပြီး ဝယ်ယူခွင့် ပါတဲ့ အငှားနဲ့ ခေါ်ဖို့လည်း လမ်းဖွင့်ထားတယ် လို့ စပိန် သတင်းတွေက ဆိုပါတယ်။
ယူနိုက်တက်ဟာ ဈေးကွက် မပိတ်ခင်မှာ အေဂျက် တိုက်စစ်မှုး အန်တိုနီ ကို အရ ခေါ်ယူနိုင်ဖို့လည်း အရှိန်မြှင့် ကြိုးပမ်း နေပါတယ်။ အေဂျက်ကလည်း အန်တိုနီ ကို လက်လွှတ်ရမယ် ဆိုရင် အစားထိုးဖို့ ချယ်ဆီးမှ ဇီယက်ချ်ကို ချိန်ရွယ်နေပါတယ်။

ယူနိုက်တက်ဟာ ဘာစီလိုနာထံမှ ဒီပေး ကို ပြန်ခေါ်ယူဖွယ် ရှိနေကြောင်း စပိန် မာကာ သတင်းက ဖော်ပြ လာပါတယ်။ ဂျူဗင်တပ်ကလည်း ဒီပေးကို စိတ်ဝင်စားပေမယ့် ကစားသမား လစာကြောင့် တွန့်ဆုတ်နေပြီး ယူနိုက်တက် ကတော့ ယူရို ၁ဝ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
အပြောင်းအရွှေ့ ပိတ်ဖို့ ရက်ပိုင်းအကျန်မှာပဲ မန်ချက်စတာ ယူနိုက်တက်မှ ကစားသမား ၉ ယောက်ထိ ထွက်ခွာဖွယ် ရှိနေကြောင်း သတင်းထွက်နေပါတယ်။ အဲရစ်တန်ဟက်ကတော့ အသင်းကို သူ့ စိတ်ကြိုက် ပြောင်းလဲတည်ဆောက် ဖို့ ကြိုးစားနေဆဲပါ။
ဟယ်ရီ မက်ဂွဲရား အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်ဆီး အသင်းကြား ဘာ ညှိနှိုင်း ဆွေးနွေးမှုမှ ရှိမနေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပြီး မက်ဂွဲရားဟာ ယူနိုက်တက်မှာပဲ ဆက်ရှိနေဖွယ် ရှိပါတယ်။
