လန်ဒန်ရောက်နေတဲ့ အန်တိုနီ အေးဂျင့်၊ ဒီဂီယာ ကို ယှဉ်ဖို့ လာချင်တဲ့ ကာဆယ် ဂိုးသမားနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

အေဂျက် တိုက်စစ်မှုး အန်တိုနီ ရဲ့ အေးဂျင့်တွေဟာ လန်ဒန်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့နိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေတယ် လို့ တယ်လီဂရပ်ဖ် သတင်းက ဖော်ပြလာပါတယ်။

ယူနိုက်တက် ဘက်ကတော့ ဈေးကွက် မပိတ်ခင် အမှီ အန်တိုနီ ကို ခေါ်ယူနိုင်မယ် လို့ ယုံကြည်နေကြောင်း The Athletic သတင်းက ဆိုပါတယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးနေဆဲ ဖြစ်ပြီး ယူရို ၉၄ သန်းလောက်နဲ့ သဘောတူညီမှု ရနိုင်တယ် လို့ သိရပါတယ်။ အေဂျက်ကတော့ အန်တိုနီ အတွက် ယူရို သန်း ၁ဝဝ အလိုရှိနေတာပါ။

ယုံကြည်ရတဲ့ သတင်းထောက် ရိုမန်နို အဆိုအရ ယူနိုက်တက် အသင်းသား နှစ်ဦး ဖြစ်တဲ့ ဝမ်ဘစ်ဆာကာနဲ့ ဂျိမ်းစ် ဂါနာတို့ကလည်း ဈေးကွက်မပိတ်ခင် ဘိုင်လီနောက် အမှီလိုက်ကာ မန်ချက်စတာ ကလပ်ကနေ ထွက်ခွာမယ် လို့ သိရပတယ်။ ဘိုင်လီက မာဆေးအသင်းထံ အငှားနဲ့ ထွက်ခွာသွားခဲ့ပါပြီ။

မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ် ဂိုးသမား ဒူဗရက်ဗ်ကာ ကို အငှား ခေါ်ဖို့ ကမ်းလှမ်းထားကြောင်း The Athletic သတင်းက ဖော်ပြထားပါတယ်။ သဘောတူညီမှု မရသေးပေမယ့် ဆလိုဗက်ကီးယန်းသားဟာ ဒီဂီယာကို ယှဉ်ပြိုင်စိန်ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။

လီဗာပူးကို နိုင်တဲ့ ပွဲပြီးနောက် ပျော်ရွှင်နေတဲ့ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဗန်ဒီဘိခ်က အင်စတာဂရမ်မှာ နိုင်ပွဲကြီး ရခဲ့ပြီ လို့ ပို့စ်တင်ခဲ့ရာ ထိုပွဲမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကလည်း like ဝင်ပေးကာ အသိအမှတ်ပြုခဲ့ပါတယ်။