ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (07/07/20)

ယူနိုက်တက်မှာ ဆယ်ကျော်သက် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် ခြေစွမ်း တဟုန်ထိုး တိုးတက်လာနေပြီး အသင်းကလည်း အထောင် တိုက်စစ် တစ်ယောက် ထပ်မံ ခေါ်ယူဖြစ်ခဲ့ရင် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ အသင်းမှာ နေရာပျောက်သွားနိုင်ကြောင်း စပါးနဲ့ ချယ်ဆီးနည်းပြဟောင်း ဂလင်း ဟိုဒယ်က သုံးသပ်ခဲ့ပါတယ်။

ယူနိုက်တက် ဦးစားပေး ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုဟာ မန်ချက်စတာကလပ်ကို မတူညီတဲ့ အရည်အသွေးတွေ ယူဆောင်ပေးနိုင် လိမ့်မယ်လို့ သရဲနီဟောင်း အန်ဒီကိုးလ်က ထောက်ခံလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြဆိုးရှားကတော့ တိုက်စစ်မှူး အန်တိုနီယို မာရှယ်ရဲ့ ကြိုးစားတဲ့ လုံ့လကို ချီးကျူးလိုက်ပြီး မာရှယ် ဟာ တစ်ရာသီကို သွင်းဂိုး ၂၀ လောက် သွင်းယူနိုင်တဲ့ နံပါတ် ၉ စစ်စစ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိ ယူနိုက်တက် ရဲ့ သုံးယောက်တွဲတိုက်စစ် မာရှယ်၊ ရပ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ဟာ လီဗာပူးရဲ့ နာမည်ကျော် တိုက်စစ်အတွဲ ဖာမီနို-မာနေး-ဆာလာထက် သွင်းဂိုးပိုများနေတာဟာ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းလှတယ်လို့ ဟားဂရေ့ဗ်က ဆိုပါတယ်။

ဒီရာသီမှာ ယူနိုက်တက် သုံးယောက်တွဲတိုက်စစ်ဟာ ပြိုင်ပွဲစုံသွင်းဂိုး ၅၅ ဂိုးထိ သွင်းထားပြီး လီဗာပူးရဲ့နာမည်ကျော် သုံးယောက်တွဲ တိုက်စစ် ဖာမီနို၊ မာနေးနဲ့ ဆာလာတို့ကတော့ ဒီရာသီမှာ သုံးယောက်ပေါင်း သွင်းဂိုး ၅၁ ဂိုးသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ဝါရင့် ကွင်းလယ်ကစားသမား ဟွမ်မာတာဟာ ဒီနွေရာသီမှာ ယူနိုက်တက်ကို စွန့်ခွာဖို့အတွက် စဉ်းစားနေပြီလို့ သိရပြီး သူ့ကို ခေါ်ယူဖို့အတွက် တူရကီထိပ်သီး ကလပ် ဖီနာဘာချီက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေမှာ မက်ဂွဲရားနဲ့ တွဲကစားမယ့် ဗဟိုခံစစ်မှူး တစ်ဦး ဝယ်ယူဖို့ ရှာဖွေနေပြီး ဘုန်းမောက်နဲ့ ပွဲအပြီးမှာ ယူနိုက်တက် နည်းပြ ဆိုးရှားက ခံစစ်မှူး အကီကို သွားရောက်နှုတ်ဆက် စကားပြောခဲ့တာကြောင့် အကီကို ယူနိုက်တက် စောင့်ကြည့်နေကြောင်း သတင်းကြီးလာပါတယ်။

ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြန်စောင့်ကြည့်ချင်စဖွယ် ဖြစ်လာအောင် ကစားပုံပါ ကူညီ ပြောင်းလဲ ပေးနိုင်ခဲ့ကြောင်း ဒွိုက်ယော့ခ်က ချီးကျူးလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္မွာ ဆယ္ေက်ာ္သက္ လူငယ္တိုက္စစ္မွဴး ဂရင္း၀ုဒ္ ေျခစြမ္း တဟုန္ထိုး တိုးတက္လာေနျပီး အသင္းကလည္း အေထာင္ တိုက္စစ္ တစ္ေယာက္ ထပ္မံ ေခၚယူျဖစ္ခဲ့ရင္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ဟာ အသင္းမွာ ေနရာေပ်ာက္သြားနုိင္ေၾကာင္း စပါးနဲ႕ ခ်ယ္ဆီးနည္းျပေဟာင္း ဂလင္း ဟိုဒယ္က သံုးသပ္ခဲ့ပါတယ္။

ယူနိုက္တက္ ဦးစားေပး ပစ္မွတ္ထားေနတဲ့ ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳဟာ မန္ခ်က္စတာကလပ္ကို မတူညီတဲ့ အရည္အေသြးေတြ ယူေဆာင္ေပးနုိင္ လိမ့္မယ္လို႔ သရဲနီေဟာင္း အန္ဒီကိုးလ္က ေထာက္ခံလိုက္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္နည္းျပဆိုးရွားကေတာ့ တိုက္စစ္မႉး အန္တိုနီယို မာရွယ္ရဲ႕ ၾကိဳးစားတဲ့ လံု႕လကို ခ်ီးက်ဴးလိုက္ျပီး မာရွယ္ ဟာ တစ္ရာသီကို သြင္းဂိုး ၂၀ ေလာက္ သြင္းယူႏိုင္တဲ့ နံပါတ္ ၉ စစ္စစ္ ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

လက္ရွိ ယူနိုက္တက္ ရဲ႕ သုံးေယာက္တြဲတိုက္စစ္ မာရွယ္၊ ရပ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ဟာ လီဗာပူးရဲ႕ နာမည္ေက်ာ္ တိုက္စစ္အတြဲ ဖာမီႏို-မာေနး-ဆာလာထက္ သြင္းဂိုးပိုမ်ားေနတာဟာ တကယ္ကို စိတ္လႈပ္ရွားစရာေကာင္းလွတယ္လို႔ ဟားဂေရ႕ဗ္က ဆိုပါတယ္။

ဒီရာသီမွာ ယူနိုက္တက္ သုံးေယာက္တြဲတိုက္စစ္ဟာ ၿပိဳင္ပြဲစုံသြင္းဂိုး ၅၅ ဂိုးထိ သြင္းထားျပီး လီဗာပူးရဲ႕နာမည္ေက်ာ္ သုံးေယာက္တြဲ တိုက္စစ္ ဖာမီႏို၊ မာေနးနဲ႔ ဆာလာတို႔ကေတာ့ ဒီရာသီမွာ သုံးေယာက္ေပါင္း သြင္းဂိုး ၅၁ ဂိုးသာ ရွိေနခဲ့တာ ျဖစ္ပါတယ္။

ယူနိုက္တက္ရဲ႕ ၀ါရင့္ ကြင္းလယ္ကစားသမား ဟြမ္မာတာဟာ ဒီေႏြရာသီမွာ ယူႏိုက္တက္ကို စြန႔္ခြာဖို႔အတြက္ စဥ္းစားေနၿပီလို႔ သိရၿပီး သူ႔ကို ေခၚယူဖို႔အတြက္ တူရကီထိပ္သီး ကလပ္ ဖီနာဘာခ်ီက စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ လာမယ့္ေႏြမွာ မက္ဂြဲရားနဲ႕ တြဲကစားမယ့္ ဗဟိုခံစစ္မွဴး တစ္ဦး ၀ယ္ယူဖို႔ ရွာေဖြေနျပီး ဘုန္းေမာက္နဲ႕ ပြဲအျပီးမွာ ယူနုိက္တက္ နည္းျပ ဆိုးရွားက ခံစစ္မွဴး အကီကို သြားေရာက္နႈတ္ဆက္ စကားေျပာခဲ့တာေၾကာင့္ အကီကို ယူနိုက္တက္ ေစာင့္ၾကည့္ေနေၾကာင္း သတင္းၾကီးလာပါတယ္။

ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာ ယူနုိက္တက္ အသင္းကို ျပန္ေစာင့္ၾကည့္ခ်င္စဖြယ္ ျဖစ္လာေအာင္ ကစားပံုပါ ကူညီ ေျပာင္းလဲ ေပးနုိင္ခဲ့ေၾကာင္း ဒြိဳက္ေယာ့ခ္က ခ်ီးက်ဴးလိုက္ပါတယ္။