ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ယူနိုက်တက်က ခေါ်ယူလိုရင် ပေါင် သန်း ၁၀၀ ပေးရမယ်လို့ ဘွန်ဒက်လီဂါကလပ်က လေသံပစ်ထားပါတယ်။
ယူနိုက်တက်ကတော့ ဆန်ချိုအတွက် ပေါင် သန်း ၅၀ ထက် ပိုပေးမှာ မဟုတ်ဘူးလို့ အရင် ပြောထားတာဖြစ်တယ်။ ဒေါ့မွန်မှာ စာချုပ် နှစ်နှစ်ပဲကျန်တဲ့ ဆန်ချိုကို ဒီနွေမှာ မရောင်းထုတ်ရင် လာမယ့်နွေမှာ ဈေးပိုကျသွားမယ်လို့ ယုံကြည်နေတဲ့ ကလပ်တွေ အများအပြားကလည်း ယူနိုက်တက်ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။
စကိုင်းစပေါ့ သတင်းထောက် ဂျိမ်းကူပါက “ ပေါင် သန်း ၁၀၀ လောက် တန်ကြေးရှိတဲ့ အပြောင်းအရွှေ့ကို ကျနေ်ာတို့ မြင်တွေ့ရမယ် မထင်ပါဘူး ” လို့ ဆန်ချိုကို ယူနိုက်တက်က ပေါင် သန်း ၁၀၀ ဖြင့် ခေါ်ယူဖို့ ညိနှိုင်းမလားဆိုတဲ့ အနေအထားကို ဆွေးနွေးခဲ့တယ်။
“ ဒီကိစ္စမှာ ဈေးနည်းနည်းချပေးမှုတွေ၊ ကစားသမား အလိုက်ပေးမှုတွေ၊ ရောင်းချလို့ရှိရင် အကျိုးခံစားခွင့် ပေးတာတွေ ပါဝင်သွားနိုင်ပါတယ်။ ဒေါ့မွန်ကလည်း ဆန်ချိုအတွက် ဒီပမာဏတွေကို ရဖို့က ထိုက်တန်ပါတယ်။
ကိုဗစ်-၁၉ မတိုင်ခင်တုန်းကတော့ လူတိုင်းက သန်း ၁၀၀ ကို ပေးဖို့က ဖြစ်နိုင်တယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် အခုချိန်မှာ ယူနိုက်တက်ရဲ့ ဘယ်တာဝန်ရှိသူကမှ ကစားသမားတစ်ဦးအတွက် ပေါင် သန်း ၁၀၀ တန် ချက်လက်မှတ်ကို ရေးပေးကြတော့မယ်လို့ မထင်ပါဘူး ” လို့ သူက ဆက်ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ယူႏုိက္တက္က ေခၚယူလိုရင္ ေပါင္ သန္း ၁၀၀ ေပးရမယ္လို႔ ဘြန္ဒက္လီဂါကလပ္က ေလသံပစ္ထားပါတယ္။
ယူႏုိက္တက္ကေတာ့ ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၅၀ ထက္ ပိုေပးမွာ မဟုတ္ဘူးလို႔ အရင္ ေျပာထားတာျဖစ္တယ္။ ေဒါ့မြန္မွာ စာခ်ဳပ္ ႏွစ္ႏွစ္ပဲက်န္တဲ့ ဆန္ခ်ိဳကို ဒီေႏြမွာ မေရာင္းထုတ္ရင္ လာမယ့္ေႏြမွာ ေစ်းပိုက်သြားမယ္လို႔ ယံုၾကည္ေနတဲ့ ကလပ္ေတြ အမ်ားအျပားကလည္း ယူႏုိက္တက္ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။
စကိုင္းစေပါ့ သတင္းေထာက္ ဂ်ိမ္းကူပါက “ ေပါင္ သန္း ၁၀၀ ေလာက္ တန္ေၾကးရွိတဲ့ အေျပာင္းအေရႊ႔ကို က်ေန္ာတို႔ ျမင္ေတြ႔ရမယ္ မထင္ပါဘူး ” လို႔ ဆန္ခ်ိဳကို ယူႏုိက္တက္က ေပါင္ သန္း ၁၀၀ ျဖင့္ ေခၚယူဖို႔ ညိႏိႈင္းမလားဆိုတဲ့ အေနအထားကို ေဆြးေႏြးခဲ့တယ္။
“ ဒီကိစၥမွာ ေစ်းနည္းနည္းခ်ေပးမႈေတြ၊ ကစားသမား အလိုက္ေပးမႈေတြ၊ ေရာင္းခ်လို႔ရွိရင္ အက်ိဳးခံစားခြင့္ ေပးတာေတြ ပါဝင္သြားႏုိင္ပါတယ္။ ေဒါ့မြန္ကလည္း ဆန္ခ်ိဳအတြက္ ဒီပမာဏေတြကို ရဖို႔က ထိုက္တန္ပါတယ္။
ကိုဗစ္-၁၉ မတိုင္ခင္တုန္းကေတာ့ လူတိုင္းက သန္း ၁၀၀ ကို ေပးဖို႔က ျဖစ္ႏုိင္တယ္လို႔ ထင္ခဲ့ၾကတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ ယူႏုိက္တက္ရဲ႕ ဘယ္တာဝန္ရွိသူကမွ ကစားသမားတစ္ဦးအတြက္ ေပါင္ သန္း ၁၀၀ တန္ ခ်က္လက္မွတ္ကို ေရးေပးၾကေတာ့မယ္လို႔ မထင္ပါဘူး ” လို႔ သူက ဆက္ေျပာသြားခဲ့တာ ျဖစ္ပါတယ္။