အာဆင်နယ် လက်စတာ သရေရလဒ်က ယူနိုက်တက်ရဲ့ အဆင့် ၄ ဝင်ခွင့်ကို ဘယ်လို သက်ရောက်မလဲ

UNICODE – အမ်းမရိတ်မှာ ယှဉ်ပြိုင်တဲ့ အာဆင်နယ်နဲ့ လက်စတာပွဲမှာ တစ်ဘက်ကို တစ်ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်သွားခဲ့ပါတယ်။

ဒါကြောင့် လက်စတာက အဆင့် ၄ နေရာကို ဆင်းလာခဲ့ပြီး ချယ်ဆီးကတော့ ပဲလေစ့်ကို အနိုင်ရခဲ့တာကြောင့် အဆင့် ၃ နေရာကို တက်လှမ်းသွားပြီဖြစ်တယ်။ ယူနိုက်တက်ကတော့ တစ်ပွဲကျန် အနေအထားမှာ အဆင့် ၅ နေရာမှာ ရှိနေဆဲဖြစ်ပါတယ်။

သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ တန်းဆင်းဇုန်က အသင်းဖြစ်တဲ့ ဗီလာကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် အဆင့် ၄ နေရာမှ လက်စတာနဲ့ ၁ မှတ်အကွာ အနေအထားကို ရောက်မှာဖြစ်တယ်။ လောလောဆယ် အဆင့်တက်ဦးမှာ မဟုတ်ပေမယ့်လည်း လာမယ့် ပွဲစဉ်တွေကို ချိန်ထိုးကြည့်မယ်ဆိုရင် ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်မှာ ပြိုင်ဘက်တွေထက် ပိုအားကောင်းတာကို မြင်ရပါမယ်။

လက်စတာက လာမယ့် ပွဲတွေမှာ ဘုန်းမောက်၊ ရှက်ဖီး၊ စပါးအပြင် ယူနိုက်တက်နဲ့ပါ ထိပ်တိုက် တွေ့ရမှာဖြစ်ပြီး အမှတ်တွေ လျေ့ာမယ့် ပွဲတွေ အများအပြား ပါဝင်နေတယ်။ ချယ်ဆီးကလည်း ရှက်ဖီး၊ ဝုဗ်၊ လီဗာပူးတို့နဲ့ ထိပ်တိုက်တွေ့မယ့် ပွဲတွေ ရှိနေတာဖြစ်တယ်။

ယူနိုက်တက်ရဲ့ လက်ကျန်ပွဲတွေမှာတော့ အသင်းငယ်တွေနဲ့ပဲ အဓိက တွေ့ရမှာဖြစ်ပြီး လက်စတာတစ်သင်းပဲ အသင်းကောင်း ပါမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန်ပွဲတွေကို တည်တည်ငြိမ်ငြိမ် ကစားနိုင်ရင်ကို ယူနိုက်တက်က ရာသီကုန် ထိပ်ဆုံးလေးသင်းထဲမှာ ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရယူသွားနိုင်ဖို့ ရှိနေပါတယ်။

ZAWGYI – အမ္းမရိတ္မွာ ယွဥ္ျပိဳင္တဲ့ အာဆင္နယ္နဲ႔ လက္စတာပြဲမွာ တစ္ဘက္ကို တစ္ဂိုးစီနဲ႔ သေရရလဒ္ ထြက္ေပၚသြားခဲ့ပါတယ္။

ဒါေၾကာင့္ လက္စတာက အဆင့္ ၄ ေနရာကို ဆင္းလာခဲ့ျပီး ခ်ယ္ဆီးကေတာ့ ပဲေလစ့္ကို အႏုိင္ရခဲ့တာေၾကာင့္ အဆင့္ ၃ ေနရာကို တက္လွမ္းသြားျပီျဖစ္တယ္။ ယူႏုိက္တက္ကေတာ့ တစ္ပြဲက်န္ အေနအထားမွာ အဆင့္ ၅ ေနရာမွာ ရွိေနဆဲျဖစ္ပါတယ္။

ေသာၾကာေန႔မွာေတာ့ ယူႏုိက္တက္္ဟာ တန္းဆင္းဇုန္က အသင္းျဖစ္တဲ့ ဗီလာကို ယွဥ္ျပိဳင္ကစားရမွာျဖစ္ျပီး အႏုိင္ရမယ္ဆိုရင္ အဆင့္ ၄ ေနရာမွ လက္စတာနဲ႔ ၁ မွတ္အကြာ အေနအထားကို ေရာက္မွာျဖစ္တယ္။ ေလာေလာဆယ္ အဆင့္တက္ဦးမွာ မဟုတ္ေပမယ့္လည္း လာမယ့္ ပြဲစဥ္ေတြကို ခ်ိန္ထိုးၾကည့္မယ္ဆိုရင္ ယူႏုိက္တက္က ခ်န္ပီယံလိဂ္ဝင္ခြင့္မွာ ျပိဳင္ဘက္ေတြထက္ ပိုအားေကာင္းတာကို ျမင္ရပါမယ္။

လက္စတာက လာမယ့္ ပြဲေတြမွာ ဘုန္းေမာက္၊ ရွက္ဖီး၊ စပါးအျပင္ ယူႏုိက္တက္နဲ႔ပါ ထိပ္တိုက္ ေတြ႔ရမွာျဖစ္ျပီး အမွတ္ေတြ ေလ့်ာမယ့္ ပြဲေတြ အမ်ားအျပား ပါဝင္ေနတယ္။ ခ်ယ္ဆီးကလည္း ရွက္ဖီး၊ ဝုဗ္၊ လီဗာပူးတို႔နဲ႔ ထိပ္တိုက္ေတြ႔မယ့္ ပြဲေတြ ရွိေနတာျဖစ္တယ္။

ယူႏုိက္တက္ရဲ႕ လက္က်န္ပြဲေတြမွာေတာ့ အသင္းငယ္ေတြနဲ႔ပဲ အဓိက ေတြ႔ရမွာျဖစ္ျပီး လက္စတာတစ္သင္းပဲ အသင္းေကာင္း ပါမွာျဖစ္ပါတယ္။ ဒါေၾကာင့္ လက္က်န္ပြဲေတြကို တည္တည္ျငိမ္ျငိမ္ ကစားႏုိင္ရင္ကို ယူႏုိက္တက္က ရာသီကုန္ ထိပ္ဆံုးေလးသင္းထဲမွာ ရွိေနျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ရယူသြားနုိင္ဖို႔ ရွိေနပါတယ္။