ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့ မန်ဒက်စ်ဟာ အပြောင်းအရွှေ့ မပိတ်ခင် အမှီ ပေါ်တူဂီသား အသင်းပြောင်းနိုင်ဖို့ ချယ်ဆီးအသင်းထံ ထပ်မံ ဆက်သွယ်ထားတယ်လို့ The Independent သတင်းက ဖော်ပြလာပါတယ်။
ဒီနွေမှာ ယူနိုက်တက်၊ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ ပစ်မှတ် ဖြစ်နေတဲ့ ဘာစီလိုနာ ကစားသမား ဒီဂျောင်ဟာ အားလပ်ရက် အဖြစ် လန်ဒန်သို့ လာရောက်ဖို့ ရှိနေပါတယ်။ ဒီဂျောင်က ဒီပေးနဲ့ အတူ လာမှာ ဖြစ်ပြီး အပြောင်းအရွှေ့ ကိစ္စကြောင့် မဟုတ်ဘူးလို့တော့ စပိန်သတင်းတွေက ဆိုပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ချယ်ဆီး ကွင်းလယ် ကစားသမား ကော်နာ ဂလယ်ဟာ အတွက် ပေါင် ၂၇ သန်းနဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်လိုက်ကြောင်း The Times သတင်းက ဖော်ပြလာပါတယ်။ ချယ်ဆီးက ဂလယ်ဟာ ကို အငှား ထပ် လွှတ်ဖွယ် ရှိပေမယ့် ပဲလေ့စ်က အပြီး ခေါ်ယူဖို့ ကြိုးစားလာတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာ ကို စပိန်သို့ လွှတ်ပြီး ဆာဂျီနို ဒက်စ် ကို အလဲအထပ် အဖြစ် ပြန်ယူဖို့ ဘာစီလိုနာနဲ့ ပြောဆို ဆွေးနွေးနေပါတယ်။ နည်းပြ တန်ဟက်က ညာတောင်ပံမှာ ဒါလော့ကို ပို သဘောကျနေပြီး ဘစ်ဆာကာက နေရာပျောက်နေပါတယ်။
လီဗာပူး ခံစစ်မှုး နက်ဖီးလစ်က ဈေးကွက်မပိတ်ခင် အသင်းကနေ ထွက်ခွာနိုင်ခြေနဲ့ ပတ်သတ်ပြီး ငြင်းဆန်ထားခြင်း မရှိသေးဘူးလို့ လီဗာပူး Echo က ဖော်ပြလာပါတယ်။ ဖိလစ် အတွက် ကလပ်အသင်းသစ်ဟာ ပြီးခဲ့တဲ့ ရာသီဝက် အငှားထွက် ကစားခဲ့တဲ့ ဘုန်းမောက် အသင်း ဖြစ်ဖွယ် ရှိပါတယ်။
ချယ်ဆီး တောင်ပံတိုက်စစ်သမား ဟက်ဆန် အိုဒွိုင်းဟာ လီဗာကူဆင် အသင်းထံ အငှားနဲ့ သွားရောက် ကစားတော့မှာ ဖြစ်တယ်လို့ စကိုင်းစပေါ့ သတင်းက ဖော်ပြလာပါတယ်။ အင်္ဂလန်သားဟာ ဒီနေ့ တနင်္လာနေ့မှာ ဂျာမနီသို့ သွားရောက်ပြီး ဆေးစစ်မှာ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ် ခံစစ်သမား ရီနန် လိုဒီဟာ နော့တင်ဟမ် ဖောရက်စ်အသင်းထံ တစ်ရာသီ အငှား လာကစားပြီ ဖြစ်ပါတယ်။ ဘရာဇီးသားဟာ တန်းတက် ဖောရက်စ်ရဲ့ ဒီနွေ ၁၉ဦးမြောက် ခေါ်ယူမှု ဖြစ်လာပါတယ်။
ယူနိုက်တက် တိုက်စစ်မှုးဟောင်း ကာဗာနီဟာ ဗလင်စီယာ အသင်းထံ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။ အတည်ပြု သတင်းထုတ်ပြန်တာက လာမယ့် ၂၄ နာရီ အတွင်း ဖြစ်ဖွယ် ရှိပါတယ်။
