မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် အဖြစ် ခန့်ဖို့ ဆာအဲလက်စ် ရည်ရွယ်ထားခဲ့တဲ့သူ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်က တချိန်မှာ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ဖို့ ဂျွန်နီ အီဗန်ကို ရည်ရွယ်ထားခဲ့ကြောင်း ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆာအဲလက်စ် အနားယူပြီးနောက် မြောက်အိုင်ယာလန်သားဟာ ၂၀၁၅ နည်းပြ ဗန်ဟားလ် လက်ထက်မှာ ဝက်စ်ဘရွန်းအသင်းထံ ပြောင်းရွှေ့ သွားခဲ့ရပါတယ်။ လက်ရှိမှာတော့ လက်စတာ အသင်း အတွက် ကစားပေးနေပြီး ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး ခံစစ်မှူး တစ်ဦး အဖြစ် ခြေစွမ်းပြနေသူပါ။

ပီတာ ရှမိုက်ကယ်က သူ့သား ဖြစ်သူ ဂိုးသမား ကတ်စ်ပါ ရှမိုက်ကယ် ကစားနေတဲ့ လက်စတာ ပွဲစဉ်တွေကို အမြဲလို စောင့်ကြည့် ဖြစ်သူ ဖြစ်ပြီး အီဗန်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေက လတ်တလော ယူနိုက်တက် ပျောက်ဆုံး လိုအပ်နေတဲ့ အရာတွေပဲ ဖြစ်ကြောင်း ယုံကြည်နေပါတယ်။

” ယူနိုက်တက်က ခံစစ်မှာ ပိုပြီး ကျစ်လစ်ဖို့ လိုတယ်။ ကျနော် ခင်ဗျားတို့ကို နာမည်တစ်ခု ထုတ်ပြောပြစရာ ရှိတယ်။ ကျနော် လက်စတာ ပွဲတိုင်း စောင့်ကြည့် ဖြစ်တယ် ဒါ ကျနော့်သား အဲဒီမှာ ကစားနေလို့လည်း ပါတာပေါ့။ ကျနော်သာ ဆို ယူနိုက်တက်ကနေ ထွက်ခွာခိုင်းမှာ မဟုတ်တဲ့ ကစားသမားကို ကြည့်ရင်း နှမြောမိတယ်။ ကျနော်တို့ ဘာလို့ အီဗန် ကို ရောင်းလိုက်တာလဲ နားမလည်နိုင်အောင်ပါပဲ။

သူက လုံး၀ မယုံနိုင်စရာပဲ။ ပွဲတိုင်း ကစားတာ ကောင်းတယ်။ သူ ယူနိုက်တက်မှာတုန်းက ဒဏ်ရာ ပြသနာတွေ ရှိခဲ့တာ သိပါတယ်။ ဒါပေမယ့် ကစားခွင့် ရတိုင်း သူ အစွမ်းပြခဲ့တာချည်းပဲ။ အခုဆို လက်စတာနဲ့ ပွဲတိုင်းလို သူ ကစားတယ်။ လုံး၀ ခေါင်းဆောင် သူ တစ်ဦးပဲ။ သူ ပြောဆိုနေတာ ညွှန်ကြားနေတာ အားလုံးကိုပဲ။ အသင်းဖော်တွေ အားလုံးက သူ့နားမှာဆို ပို ကောင်းလာတယ်။

ကျနော် သူ့ကို ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ မြင်ယောင်ကြည့်မိတယ်။ သူနဲ့သာ ဆိုရင် ယူနိုက်တက်က အများကြီး ပိုကောင်းနေမှာ။ ဆာအဲလက်စ်က အီဗန်ကို အသင်းရဲ့ နောက် အသင်းခေါင်းဆောင် အဖြစ် အမြဲ ရည်ရွယ်ထားခဲ့တာ။ တချိန်မှာ အသင်းကို ဦးဆောင်မယ် အရေးကြီး ကစားသမား ဖြစ်လာမယ်ပေါ့။

သူ့မှာ ရှိတဲ့ ခြေစွမ်း၊ မွေးရာပါ ခေါင်းဆောင်မှု စွမ်းရည်။ ဒါတွေက ယူနိုက်တက် လိုအပ်နေတာ။ လတ်တလော ဘောလုံးလောကမှာလည်း အသင်း တော်တော် များများ က တိတ်ဆိတ် နေကြတယ်။ ကျနော်တို့ တုန်းကဆို ကွင်းထဲမှာ အချင်းချင်း အော်ဟစ် ပြောနေရတာနဲ့ ဆူညံနေကြတာ။ ” လို့ ရှမိုက်ကယ်က သုံးသပ် ထောက်ပြခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ ဂႏၱ၀င္နည္းျပေဟာင္းၾကီး ဆာအဲလက္စ္ ဖာဂူဆန္က တခ်ိန္မွာ အသင္းေခါင္းေဆာင္ အျဖစ္ ခန္႔အပ္ဖို႔ ဂၽြန္နီ အီဗန္ကို ရည္ရြယ္ထားခဲ့ေၾကာင္း ဂိုးသမားေဟာင္းၾကီး ပီတာရွမိုက္ကယ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဆာအဲလက္စ္ အနားယူျပီးေနာက္ ေျမာက္အုိင္ယာလန္သားဟာ ၂၀၁၅ နည္းျပ ဗန္ဟားလ္ လက္ထက္မွာ ၀က္စ္ဘရြန္းအသင္းထံ ေျပာင္းေရႊ႕ သြားခဲ့ရပါတယ္။ လက္ရွိမွာေတာ့ လက္စတာ အသင္း အတြက္ ကစားေပးေနျပီး ပရီးမီးယားလိဂ္ရဲ႕ အေတာင့္တင္းဆံုး ခံစစ္မွဴး တစ္ဦး အျဖစ္ ေျခစြမ္းျပေနသူပါ။

ပီတာ ရွမိုက္ကယ္က သူ႔သား ျဖစ္သူ ဂိုးသမား ကတ္စ္ပါ ရွမိုက္ကယ္ ကစားေနတဲ့ လက္စတာ ပြဲစဥ္ေတြကို အျမဲလို ေစာင့္ၾကည့္ ျဖစ္သူ ျဖစ္ျပီး အီဗန္ရဲ႕ ေခါင္းေဆာင္မႈ စြမ္းရည္ေတြက လတ္တေလာ ယူနိုက္တက္ ေပ်ာက္ဆံုး လိုအပ္ေနတဲ့ အရာေတြပဲ ျဖစ္ေၾကာင္း ယံုၾကည္ေနပါတယ္။

” ယူနုိက္တက္က ခံစစ္မွာ ပိုျပီး က်စ္လစ္ဖို႔ လိုတယ္။ က်ေနာ္ ခင္ဗ်ားတို႔ကို နာမည္တစ္ခု ထုတ္ေျပာျပစရာ ရွိတယ္။ က်ေနာ္ လက္စတာ ပြဲတိုင္း ေစာင့္ၾကည့္ ျဖစ္တယ္ ဒါ က်ေနာ့္သား အဲဒီမွာ ကစားေနလို႔လည္း ပါတာေပါ့။ က်ေနာ္သာ ဆို ယူနုိက္တက္ကေန ထြက္ခြာခိုင္းမွာ မဟုတ္တဲ့ ကစားသမားကို ၾကည့္ရင္း နွေျမာမိတယ္။ က်ေနာ္တို႔ ဘာလို႔ အီဗန္ ကို ေရာင္းလိုက္တာလဲ နားမလည္နုိင္ေအာင္ပါပဲ။

သူက လံုး၀ မယံုနိုင္စရာပဲ။ ပြဲတိုင္း ကစားတာ ေကာင္းတယ္။ သူ ယူနုိက္တက္မွာတုန္းက ဒဏ္ရာ ျပသနာေတြ ရွိခဲ့တာ သိပါတယ္။ ဒါေပမယ့္ ကစားခြင့္ ရတိုင္း သူ အစြမ္းျပခဲ့တာခ်ည္းပဲ။ အခုဆို လက္စတာနဲ႕ ပြဲတိုင္းလို သူ ကစားတယ္။ လံုး၀ ေခါင္းေဆာင္ သူ တစ္ဦးပဲ။ သူ ေျပာဆိုေနတာ ညႊန္ၾကားေနတာ အားလံုးကိုပဲ။ အသင္းေဖာ္ေတြ အားလံုးက သူ႔နားမွာဆို ပို ေကာင္းလာတယ္။

က်ေနာ္ သူ႔ကို ယူနုိက္တက္ရဲ႕ ဗဟိုခံစစ္မွာ ျမင္ေယာင္ၾကည့္မိတယ္။ သူနဲ႕သာ ဆိုရင္ ယူနိုက္တက္က အမ်ားၾကီး ပိုေကာင္းေနမွာ။ ဆာအဲလက္စ္က အီဗန္ကို အသင္းရဲ႕ ေနာက္ အသင္းေခါင္းေဆာင္ အျဖစ္ အျမဲ ရည္ရြယ္ထားခဲ့တာ။ တခ်ိန္မွာ အသင္းကို ဦးေဆာင္မယ္ အေရးၾကီး ကစားသမား ျဖစ္လာမယ္ေပါ့။

သူ႕မွာ ရွိတဲ့ ေျခစြမ္း၊ ေမြးရာပါ ေခါင္းေဆာင္မႈ စြမ္းရည္။ ဒါေတြက ယူနိုက္တက္ လိုအပ္ေနတာ။ လတ္တေလာ ေဘာလံုးေလာကမွာလည္း အသင္း ေတာ္ေတာ္ မ်ားမ်ား က တိတ္ဆိတ္ ေနၾကတယ္။ က်ေနာ္တို႔ တုန္းကဆို ကြင္းထဲမွာ အခ်င္းခ်င္း ေအာ္ဟစ္ ေျပာေနရတာနဲ႕ ဆူညံေနၾကတာ။ ” လုိ႔ ရွမိုက္ကယ္က သံုးသပ္ ေထာက္ျပခဲ့ပါတယ္။