ဂရေးလစ်ချ်ကို သတိထားဖို့ ယူနိုက်တက် အသင်းသားတွေအား ဆိုးရှား သတိပေး
မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှား ဒီတစ်ပတ် ရင်ဆိုင်ရမယ့် အက်စတွန်ဗီလာ အသင်းမှ အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမား ဂျက် ဂရေးလစ်ချ် ကို သတိထား ရင်ဆိုင်ကြဖို့ ယူနိုက်တက် အသင်းသားတွေအား သတိပေးစကား ဆိုလိုက်ပါတယ်။ ဒါပေမယ့် ဗီလာက ဂရေးလစ်ချ် တစ်ယောက်တည်းကို အားထားနေရတဲ့ အသင်းတော့ မဟုတ်ကြောင်း ဆိုးရှားက ဆိုခဲ့ပါတယ်။
ဂရေးလစ်ချ်ဟာ ယူနိုက်တက် ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲ ပါဝင် နေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ဂိုး သွင်း၊ ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။
အင်္ဂလန်သား ကွင်းလယ်သမားဟာ ဗီလာနဲ့ ယူနိုက်တက်တို့ရဲ့ ဒီရာသီ ပထမကျော့ ပွဲစဉ်မှာ ခြေစွမ်း အထူးကောင်းမွန်ခဲ့ပြီး ထိုပွဲမှာ ၂-၂ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီတကြိမ် ရင်ဆိုင်ရာမှာလည်း ဂရေးလစ်ချ်ကို သေချာ သတိထားဖို့ ဆိုးရှားက သတိပေးလိုက်တာ ဖြစ်ပါတယ်။
” ကျနေ်ာတို့ နောက်ဆုံး ဆုံခဲ့တုန်းက ဗီလာက ကျနော်တို့ အခက်တွေ့အောင် လုပ်နိုင်ခဲ့တယ်။ ဘယ်ကြောက ဂရေးလစ်ချ်ရော ညာခြမ်းက အယ်ဂါဇီရော ကောင်းမွန်ခဲ့တယ်။ ဂရေးလ်ချ်က သွင်းဂိုးကောင်း တစ်ဂိုး ယူသွားခဲ့တယ်။ အဲဒီပွဲပြီးတော့ ပြောစရာတွေ အများကြီး ကျန်ခဲ့တယ်။ ကျနေ်ာတို့လည်း ဂရေးလစ်ချ်ကို တော်တော် သတိပြုမိခဲ့ကြတယ်။
သူ့နားက တစ်ယောက်ယောက် ကပ်သွားတိုင်း သူက ဘယ်ရော ညာ၊ အလယ် ဟိုဒီ လွန်းထိုး ပြေးလွှားတော့တယ်။ သူ လုပ်တာက ပြိုင်ဘက် ကစားသမားတွေကို သူ့နား ဆွဲခေါ်သွားခဲ့ပြီး သူ့ အသင်းဖော်တွေ အတွက် နေရာလွတ်တွေ အခွင့်အရေးတွေ ဖန်တီးပေးတော့တယ်။ ဒါပေမယ့် ဗီလာက သူ တစ်ယောက်တည်းပေါ်ပဲ မူတည်နေတဲ့ အသင်းတော့ မဟုတ်ပါဘူး။ ” လို့ ဆိုးရှားက ပွဲကြိုမှာ သုံးသပ် ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ တန်းဆင်းဇုန်မှာ ရုန်းနေရတဲ့ အက်စတွန်ဗီလာနဲ့ ဒီတစ်ပတ် မရင်ဆိုင်ခင်မှာ ပြိုင်ပွဲစုံ ၁၆ ပွဲ ဆက် ရှုံးပွဲ မရှိ ပုံစံကောင်း ရရှိနေပါတယ်။
Zawgyi – မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှား ဒီတစ်ပတ် ရင်ဆိုင်ရမယ့် အက်စတွန်ဗီလာ အသင်းမှ အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမား ဂျက် ဂရေးလစ်ခ်ျ ကို သတိထား ရင်ဆိုင်ကြဖို့ ယူနိုက်တက် အသင်းသားတွေအား သတိပေးစကား ဆိုလိုက်ပါတယ်။ ဒါပေမယ့် ဗီလာက ဂရေးလစ်ခ်ျ တစ်ယောက်တည်းကို အားထားနေရတဲ့ အသင်းတော့ မဟုတ်ကြောင်း ဆိုးရှားက ဆိုခဲ့ပါတယ်။
ဂရေးလစ်ခ်ျဟာ ယူနိုက်တက် ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲ ပါဝင် နေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ဂိုး သွင်း၊ ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။