ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (08/07/20)

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက် ဂိုးသမား ဒီဂီယာကို ဂန္တဝင် ဂိုးသမားကြီး ရှမိုက်ကယ်က ကာကွယ် ပြောဆိုလိုက်ပြီး ဒီဂီယာ ဟာ ယူနိုက်တက် နံပါတ်တစ် ဂိုးသမား တစ်ယောက် အဖြစ် နောက်ထပ် ဆယ်နှစ်လောက် ကစားသွားနိုင်တယ်လို့ ထောက်ခံလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်က တချိန်မှာ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ဖို့ ဂျွန်နီ အီဗန်ကို ရည်ရွယ်ထားခဲ့ကြောင်း ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဆာအဲလက်စ် အနားယူပြီးနောက် မြောက်အိုင်ယာလန်သားဟာ ၂၀၁၅ နည်းပြ ဗန်ဟားလ် လက်ထက်မှာ ဝက်စ်ဘရွန်းအသင်းထံ ပြောင်းရွှေ့ သွားခဲ့ရပါတယ်။ လက်ရှိမှာတော့ လက်စတာ အသင်း အတွက် ကစားပေးနေပြီး ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး ခံစစ်မှူး တစ်ဦး အဖြစ် ခြေစွမ်းပြနေသူပါ။

နောက်ရာသီမှာ အငှား ထွက် ကစားရနိုင်တယ်လို့ သတင်းကြီးနေတဲ့ ဒန်နယ်ရီ ဂျိမ်းစ်နဲ့ ပတ်သတ်ပြီး အေးဂျင့် ဖြစ်သူကတော့ သူ့ ကစားသမားဟာ ယူနိုက်တက်မှာပဲ ဆက်လက်ရှိနေမှာလို့ သတင်းတွေ အပေါ် တုန့်ပြန် ဖြေရှင်းလာခဲ့ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း လက်ရှိ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြ ဖြစ်သူ ဒေးဗစ် မိုရက်စ်ကတော့ ဒီဘောလုံးရာသီမှာသာ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းခဲ့ရရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်မှ လင်ဂတ်နဲ့ ဖီးဂျုံးစ် တို့ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ယူနိုက်တက်က ခေါ်ယူလိုရင် ပေါင် သန်း ၁၀၀ ပေးရမယ်လို့ ဘွန်ဒက်လီဂါကလပ်က လေသံပစ်ထားပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ဆန်ချိုအတွက် ပေါင် သန်း ၅၀ ထက် ပိုပေးမှာ မဟုတ်ဘူးလို့ စကိုင်းစပေါ့ သတင်းထောက် ဂျိမ်းကူပါက သုံးသပ် ဖော်ထုတ်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှား ဒီတစ်ပတ် ရင်ဆိုင်ရမယ့် အက်စတွန်ဗီလာ အသင်းမှ အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမား ဂျက် ဂရေးလစ်ချ် ကို သတိထား ရင်ဆိုင်ကြဖို့ ယူနိုက်တက် အသင်းသားတွေအား သတိပေးစကား ဆိုလိုက်ပါတယ်။ ဒါပေမယ့် ဗီလာက ဂရေးလစ်ချ် တစ်ယောက်တည်းကို အားထားနေရတဲ့ အသင်းတော့ မဟုတ်ကြောင်း ဆိုးရှားက ဆိုခဲ့ပါတယ်။

မက်ဆီနဲ့ ရိုနယ်ဒိုတို့လို ကမ္ဘာ့ဘောလုံးစင်မြင့်မှာ ကာလရှည် လွှမ်းမိုးသွားနိုင်ဖွယ် ရှိတဲ့ ကစားသမားတွေ အဖြစ် အမ်ဘတ်ပီ၊ နေမာနဲ့ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်တို့ကို ဘာဘာတော့ဗ်က ရွေးချယ်လိုက်ပါတယ်။

Zawgyi – ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ယူနိုက္တက္ ဂိုးသမား ဒီဂီယာကို ဂႏၲဝင္ ဂိုးသမားႀကီး ရွမိုက္ကယ္က ကာကြယ္ ေျပာဆိုလိုက္ျပီး ဒီဂီယာ ဟာ ယူနိုက္တက္ နံပါတ္တစ္ ဂိုးသမား တစ္ေယာက္ အျဖစ္ ေနာက္ထပ္ ဆယ္နွစ္ေလာက္ ကစားသြားနုိင္တယ္လို႔ ေထာက္ခံလိုက္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ ဂႏၱ၀င္နည္းျပေဟာင္းၾကီး ဆာအဲလက္စ္ ဖာဂူဆန္က တခ်ိန္မွာ အသင္းေခါင္းေဆာင္ အျဖစ္ ခန္႔အပ္ဖို႔ ဂၽြန္နီ အီဗန္ကို ရည္ရြယ္ထားခဲ့ေၾကာင္း ဂိုးသမားေဟာင္းၾကီး ပီတာရွမိုက္ကယ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဆာအဲလက္စ္ အနားယူျပီးေနာက္ ေျမာက္အုိင္ယာလန္သားဟာ ၂၀၁၅ နည္းျပ ဗန္ဟားလ္ လက္ထက္မွာ ၀က္စ္ဘရြန္းအသင္းထံ ေျပာင္းေရႊ႕ သြားခဲ့ရပါတယ္။ လက္ရွိမွာေတာ့ လက္စတာ အသင္း အတြက္ ကစားေပးေနျပီး ပရီးမီးယားလိဂ္ရဲ႕ အေတာင့္တင္းဆံုး ခံစစ္မွဴး တစ္ဦး အျဖစ္ ေျခစြမ္းျပေနသူပါ။

ေနာက္ရာသီမွာ အငွား ထြက္ ကစားရနိုင္တယ္လို႔ သတင္းၾကီးေနတဲ့ ဒန္နယ္ရီ ဂ်ိမ္းစ္နဲ႕ ပတ္သတ္ျပီး ေအးဂ်င့္ ျဖစ္သူကေတာ့ သူ႔ ကစားသမားဟာ ယူႏိုက္တက္မွာပဲ ဆက္လက္ရွိေနမွာလို႔ သတင္းေတြ အေပၚ တုန္႔ျပန္ ေျဖရွင္းလာခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပေဟာင္း လက္ရွိ ဝက္စ္ဟမ္းအသင္းရဲ႕ နည္းျပ ျဖစ္သူ ေဒးဗစ္ မိုရက္စ္ကေတာ့ ဒီေဘာလုံးရာသီမွာသာ ပရီးမီးယားလိဂ္ ကေန တန္းမဆင္းခဲ့ရရင္ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ယူနိုက္တက္မွ လင္ဂတ္နဲ႔ ဖီးဂ်ဳံးစ္ တို႔ကို ေခၚယူဖို႔ စီစဥ္ေနပါတယ္။

ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ယူႏုိက္တက္က ေခၚယူလိုရင္ ေပါင္ သန္း ၁၀၀ ေပးရမယ္လို႔ ဘြန္ဒက္လီဂါကလပ္က ေလသံပစ္ထားပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္ကေတာ့ ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၅၀ ထက္ ပိုေပးမွာ မဟုတ္ဘူးလို႔ စကိုင္းစေပါ့ သတင္းေထာက္ ဂ်ိမ္းကူပါက သံုးသပ္ ေဖာ္ထုတ္ခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွား ဒီတစ္ပတ္ ရင္ဆိုင္ရမယ့္ အက္စတြန္ဗီလာ အသင္းမွ အသင္းေခါင္းေဆာင္ ကြင္းလယ္ ကစားသမား ဂ်က္ ဂေရးလစ္ခ်္ ကို သတိထား ရင္ဆိုင္ၾကဖို႔ ယူနိုက္တက္ အသင္းသားေတြအား သတိေပးစကား ဆိုလိုက္ပါတယ္။ ဒါေပမယ့္ ဗီလာက ဂေရးလစ္ခ်္ တစ္ေယာက္တည္းကို အားထားေနရတဲ့ အသင္းေတာ့ မဟုတ္ေၾကာင္း ဆိုးရွားက ဆိုခဲ့ပါတယ္။

မက္ဆီနဲ႕ ရိုနယ္ဒိုတို႔လို ကမၻာ့ေဘာလံုးစင္ျမင့္မွာ ကာလရွည္ လႊမ္းမိုးသြားနုိင္ဖြယ္ ရွိတဲ့ ကစားသမားေတြ အျဖစ္ အမ္ဘတ္ပီ၊ ေနမာနဲ႕ ယူနုိက္တက္ လူငယ္ၾကယ္ပြင့္ ဂရင္း၀ုဒ္တို႔ကို ဘာဘာေတာ့ဗ္က ေရြးခ်ယ္လိုက္ပါတယ္။