အဂွယ်ရို ကို ကျော်ပြီး ယူနိုက်တက်တိုက်စစ် ဂရင်းဝုဒ်ကသာ အကောင်းဆုံး လို့ ချီးကျူးခံလိုက်ရ

မန်ချက်စတာ စီးတီး လူငယ်ကြယ်ပွင့် ဖီးလ် ဖိုဒန်က ယူနိုက်တက် လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ဟာ သူ မြင်ဖူးသမျှ တိုက်စစ် သမားတွေထဲ အဆုံးသတ် အကောင်းမွန်ဆုံး သူ ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဖိုဒန်ဟာ စီးတီးမှာ အဂွယ်ရို လို ဝါရင့် ကြယ်ပွင့် တိုက်စစ်မှူးနဲ့ အတူ ကစားနေသူပါ။

ယူနိုက်တက်ရဲ့ အသက် ၁၈ နှစ် အရွယ် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ ဒီရာသီ ကလပ်အသင်း အတွက် သွင်းဂိုး ၁၅ ဂိုး ထိ ရှိနေပြီး ထူးချွန်စွာ အစွမ်းပြနေပါတယ်။ အင်္ဂလန်ရဲ့ အလားအလာ အကောင်းဆုံး လူငယ် ကြယ်ပွင့်တွေထဲ ပါဝင်တဲ့ ဂရင်းဝုဒ်ဟာ လက်ရွေးစင် အသင်းထဲမှာ ပါဝင်ခွင့်ပါ ဒီရာသီမှာ ရရှိခဲ့ပါတယ်။

ဖိုဒန်ကလည်း အင်္ဂလန်သား လူငယ် ကွင်းလယ်ကြယ်ပွင့်တွေထဲ ပါဝင်သူ ဖြစ်ပြီး ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းမှာပါ တဖြည်းဖြည်း ပွဲထွက် ကစားခွင့် ပိုရလာနေပါတယ်။ အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဖိုဒန်ဟာ စီးတီးကနေ အငှားထုတ်ခြင်း မခံရဘဲ အသင်းမှာသာ ကြယ်ပွင့်တွေ ဖြစ်တဲ့ ဒေးဗစ် ဆေးဗား၊ ဒီဘရိုင်း၊ အဂွယ်ရိုတို့နဲ့ ကစားခွင့် ရနေပါတယ်။

ဒါပေမယ့် ဒီလို ကြယ်ပွင့် ကစားသမားတွေနဲ့ အတူ ရှိနေတဲ့ ဖိုဒန်ကတော့ သူ မြင်ဖူးသမျှ ထဲ အကောင်းဆုံး အဆုံးသတ်သမားက ဂရင်းဝုဒ်လို့ ထုတ်ဖော် ချီးကျူးလိုက်တာ ဖြစ်ပါတယ်။

” အဆုံးသတ် ပိုင်းမှာ ဆိုရင်တော့ မေဆန်ဂရင်းဝုဒ်က ကျနော် မြင်ဖူးသမျှထဲ အကောင်းဆုံး ကစားသမားပါ။ သူက ဘယ်ခြေရော ညာခြေနဲ့ပါ ဧရိယာထဲမှာ ကန်သွင်းနိုင်သူ ဖြစ်တယ်။ သူက အမြဲ ဂိုးသွင်းမယ် ဆိုတာချည်းပဲ။ ကန်ချက်တွေကလည်း ကောင်းမွန် မှန်ကန်တယ်။ သူက ဖြေးဖြေး ကန်ရမလား ပြင်းပြင်းလား နားလည် ပါးနပ်တယ်။ ” လို့ ဖိုဒန်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ကလည်း ဂရင်းဝုဒ်ရဲ့ ထူးချွန်မှုနဲ့ အလားအလာကောင်းတွေကို သဘောပေါက်ထားပြီး အင်္ဂလန်သား လူငယ်လေးကို စီနီယာ အသင်းကြီးမှာ နေရာပေးလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာကမှ ယူနိုက်တက်နဲ့ ကာလရှည် သက်တမ်းတိုး စာချုပ်တစ်ရပ်လည်း ဂရင်းဝုဒ်က ချုပ်ဆိုထားပါတယ်။

Zawgyi – မန္ခ်က္စတာ စီးတီး လူငယ္ၾကယ္ပြင့္ ဖီးလ္ ဖိုဒန္က ယူနိုက္တက္ လူငယ္တိုက္စစ္မွဴး ေမဆန္ဂရင္း၀ုဒ္ဟာ သူ ျမင္ဖူးသမွ် တိုက္စစ္ သမားေတြထဲ အဆံုးသတ္ အေကာင္းမြန္ဆံုး သူ ျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။ ဖိုဒန္ဟာ စီးတီးမွာ အဂြယ္ရို လို ၀ါရင့္ ၾကယ္ပြင့္ တိုက္စစ္မွဴးနဲ႕ အတူ ကစားေနသူပါ။

ယူနုိက္တက္ရဲ႕ အသက္ ၁၈ နွစ္ အရြယ္ တိုက္စစ္မွဴးေလး ဂရင္း၀ုဒ္ဟာ ဒီရာသီ ကလပ္အသင္း အတြက္ သြင္းဂုိး ၁၅ ဂိုး ထိ ရွိေနျပီး ထူးခၽြန္စြာ အစြမ္းျပေနပါတယ္။ အဂၤလန္ရဲ႕ အလားအလာ အေကာငး္ဆံုး လူငယ္ ၾကယ္ပြင့္ေတြထဲ ပါ၀င္တဲ့ ဂရင္း၀ုဒ္ဟာ လက္ေရြးစင္ အသင္းထဲမွာ ပါ၀င္ခြင့္ပါ ဒီရာသီမွာ ရရွိခဲ့ပါတယ္။

ဖိုဒန္ကလည္း အဂၤလန္သား လူငယ္ ကြင္းလယ္ၾကယ္ပြင့္ေတြထဲ ပါ၀င္သူ ျဖစ္ျပီး ပက္ဂြာဒီယိုလာရဲ႕ မန္စီးတီးအသင္းမွာပါ တျဖည္းျဖည္း ပြဲထြက္ ကစားခြင့္ ပိုရလာေနပါတယ္။ အသက္ ၂၀ အရြယ္ ရွိျပီ ျဖစ္တဲ့ ဖိုဒန္ဟာ စီးတီးကေန အငွားထုတ္ျခင္း မခံရဘဲ အသင္းမွာသာ ၾကယ္ပြင့္ေတြ ျဖစ္တဲ့ ေဒးဗစ္ ေဆးဗား၊ ဒီဘရိုင္း၊ အဂြယ္ရိုတို႔နဲ႕ ကစားခြင့္ ရေနပါတယ္။

ဒါေပမယ့္ ဒီလုိ ၾကယ္ပြင့္ ကစားသမားေတြနဲ႕ အတူ ရွိေနတဲ့ ဖိုဒန္ကေတာ့ သူ ျမင္ဖူးသမွ် ထဲ အေကာင္းဆံုး အဆံုးသတ္သမားက ဂရင္း၀ုဒ္လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္တာ ျဖစ္ပါတယ္။

” အဆံုးသတ္ ပိုင္းမွာ ဆိုရင္ေတာ့ ေမဆန္ဂရင္း၀ုဒ္က က်ေနာ္ ျမင္ဖူးသမွ်ထဲ အေကာင္းဆံုး ကစားသမားပါ။ သူက ဘယ္ေျခေရာ ညာေျခနဲ႕ပါ ဧရိယာထဲမွာ ကန္သြင္းနုိင္သူ ျဖစ္တယ္။ သူက အျမဲ ဂိုးသြင္းမယ္ ဆိုတာခ်ည္းပဲ။ ကန္ခ်က္ေတြကလည္း ေကာင္းမြန္ မွန္ကန္တယ္။ သူက ေျဖးေျဖး ကန္ရမလား ျပင္းျပင္းလား နားလည္ ပါးနပ္တယ္။ ” လုိ႔ ဖိုဒန္က ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ကလည္း ဂရင္း၀ုဒ္ရဲ႕ ထူးခၽြန္မႈနဲ႕ အလားအလာေကာင္းေတြကို သေဘာေပါက္ထားျပီး အဂၤလန္သား လူငယ္ေလးကို စီနီယာ အသင္းၾကီးမွာ ေနရာေပးလာျပီ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေအာက္တိုဘာကမွ ယူနိုက္တက္နဲ႕ ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္တစ္ရပ္လည္း ဂရင္း၀ုဒ္က ခ်ဳပ္ဆုိထားပါတယ္။