ချယ်ဆီး စိတ်ပျက်သွားစေမယ့် ပစ်မှတ် ကစားသမား ဘန်ရာမာရဲ့ ပရီးမီးယားလိဂ် ရည်မှန်းချက်

ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ် အသင်းမှ ကြယ်ပွင့် တိုက်စစ်သမား ဆိဒ် ဘန်ရာမာဟာ ချယ်ဆီးအသင်း နောက်ဆုံး ချိတ်ဆက် ဆွေးနွေးနေတဲ့ ကစားသမားတွေထဲ ပါဝင်နေပြီး အယ်ဂျီးရီးယားသား ကိုယ်တိုင်ကလည်း ထိုဆွေးနွေးမှုကို ငြင်းဆန် ဖုံးကွယ်နေတာမျိုး မရှိပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ လာရောက် ကစားဖို့ သူ ရည်မှန်းထားပုံကို ဘန်ရာမာ ပြောဆိုလိုက်ရာမှာတော့ ချယ်ဆီးအတွက် စိတ်ပျက်ဖွယ် ဖြစ်လာနိုင်ပါတယ်။

ချန်ပီယံရှစ် အဆင့် ၃ နေရာမှာ ရှိနေတဲ့ ဘရန့်ဖိုဒ် အသင်းနဲ့ အတူ ၂၄ နှစ်အရွယ် တောင်ပံတိုက်စစ်သမားက ခြေစွမ်းပြနေပြီး အသင်းကြီးတွေရဲ့ မျက်စိကျခြင်း ခံနေရပါတယ်။ လာမယ့်ရာသီ အတွက် ဇီယက်၊ ဝါနာတို့ကို ခေါ်ယူပြီးတဲ့ ချယ်ဆီးဟာ နောက်ထပ် ကစားသမား ချိတ်ဆက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်နေရာ ဘန်ရာမာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အင်စတာဂရမ်မှာ ဘန်ရာမာရဲ့ သူငယ်ချင်းတစ်ယောက်က ချယ်ဆီးနဲ့ ပတ်သတ်ပြီး ဂုဏ်ယူပါတယ် လို့ ကွန်မန့်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ဘန်ရာမာကတော့ အပြောင်းအရွှေ့နဲ့ ပတ်သတ်တဲ့ အရိပ်အမြွက်စကားတွေ အခုလို ဆိုလာခဲ့ပါတယ်။

” ကျနော် ချန်ပီယံရှစ်မှာ အသားကျပြီး ခြေစွမ်းပြဖို့ အချိန် နည်းနည်းယူခဲ့ရတယ်။ အခုဆို တော်တော် အဆင်ပြေပြေ ဖြစ်လာနေပြီ။ အားလုံး ကောင်းမွန်နေတယ်။ ကျနော် ဂိုးတွေ သွင်းနိုင်တာ အတွက် ကျေနပ်ရတယ်။ ကျနော့် ရည်မှန်းချက်ကတော့ ရာသီသိမ်းရင့် အဆင့် မြင့်နိုင်သမျှ မြင့်မြင့်နဲ့ သိမ်းနိုင်ဖို့ပဲ။

ကျနော့် တစ်ယောက်တည်း ခံစားချက်အရတော့ ပရီးမီးယားလိဂ်မှာ တစ်နေ့နေ့ သွားရောက် ကစားချင်ပါတယ်။ ဒါ ရည်မှန်းချက်ပါ။ ဒါပေမယ့် ဘရန့်ဖို့ဒ်နဲ့ သွား ကစားဖို့ ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ။ ကစားသမားတိုင်းကတော့ အမြင့်ဆုံး အဆင့်မှာ ကစားလိုကြတယ်။ ” လို့ ဘန်ရာမာက ဆိုပါတယ်။

ဘန်ရာမာဟာ ချန်ပီယံရှစ်မှာ ဒီရာသီ ၁၄ ဂိုး သွင်းထားပြီး ဘရန့်ဖို့ဒ်နဲ့ အတူ ပရီးမီးယားလိဂ် တန်းတက်ကာ အတူ ကစားလိုနေပါတယ်။

Zawgyi – ခ်န္ပီယံရွစ္ကလပ္ ဘရန္႕ဖို႔ဒ္ အသင္းမွ ၾကယ္ပြင့္ တိုက္စစ္သမား ဆိဒ္ ဘန္ရာမာဟာ ခ်ယ္ဆီးအသင္း ေနာက္ဆံုး ခ်ိတ္ဆက္ ေဆြးေႏြးေနတဲ့ ကစားသမားေတြထဲ ပါ၀င္ေနျပီး အယ္ဂ်ီးရီးယားသား ကိုယ္တိုင္ကလည္း ထိုေဆြးေႏြးမႈကို ျငင္းဆန္ ဖုံးကြယ္ေနတာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ လာေရာက္ ကစားဖို႔ သူ ရည္မွန္းထားပံုကို ဘန္ရာမာ ေျပာဆိုလိုက္ရာမွာေတာ့ ခ်ယ္ဆီးအတြက္ စိတ္ပ်က္ဖြယ္ ျဖစ္လာနုိင္ပါတယ္။

ခ်န္ပီယံရွစ္ အဆင့္ ၃ ေနရာမွာ ရွိေနတဲ့ ဘရန္႔ဖိုဒ္ အသင္းနဲ႕ အတူ ၂၄ နွစ္အရြယ္ ေတာင္ပံတိုက္စစ္သမားက ေျခစြမ္းျပေနျပီး အသင္း္ၾကီးေတြရဲ႕ မ်က္စိက်ျခင္း ခံေနရပါတယ္။ လာမယ့္ရာသီ အတြက္ ဇီယက္၊ ၀ါနာတို႔ကို ေခၚယူျပီးတဲ့ ခ်ယ္ဆီးဟာ ေနာက္ထပ္ ကစားသမား ခ်ိတ္ဆက္မႈေတြလည္း ဆက္တိုက္ လုပ္ေဆာင္ေနရာ ဘန္ရာမာလည္း ပါ၀င္တယ္လို႔ ဆိုပါတယ္။

အင္စတာဂရမ္မွာ ဘန္ရာမာရဲ႕ သူငယ္ခ်င္းတစ္ေယာက္က ခ်ယ္ဆီးနဲ႕ ပတ္သတ္ျပီး ဂုဏ္ယူပါတယ္ လို႔ ကြန္မန္႔မွာ ေရးသားခဲ့ပါတယ္။ ဒါေပမယ့္ ဘန္ရာမာကေတာ့ အေျပာင္းအေရႊ႕နဲ႕ ပတ္သတ္တဲ့ အရိပ္အျမြက္စကားေတြ အခုလို ဆိုလာခဲ့ပါတယ္။

” က်ေနာ္ ခ်န္ပီယံရွစ္မွာ အသားက်ျပီး ေျခစြမ္းျပဖို႔ အခ်ိန္ နည္းနည္းယူခဲ့ရတယ္။ အခုဆို ေတာ္ေတာ္ အဆင္ေျပေျပ ျဖစ္လာေနျပီ။ အားလံုး ေကာင္းမြန္ေနတယ္။ က်ေနာ္ ဂိုးေတြ သြင္းနုိင္တာ အတြက္ ေက်နပ္ရတယ္။ က်ေနာ့္ ရည္မွန္းခ်က္ကေတာ့ ရာသီသိမ္းရင့္ အဆင့္ ျမင့္နုိင္သမွ် ျမင့့္ျမင့္နဲ႕ သိမ္းနုိင္ဖို႔ပဲ။

က်ေနာ့္ တစ္ေယာက္တည္း ခံစားခ်က္အရေတာ့ ပရီးမီးယားလိဂ္မွာ တစ္ေန႔ေန႔ သြားေရာက္ ကစားခ်င္ပါတယ္။ ဒါ ရည္မွန္းခ်က္ပါ။ ဒါေပမယ့္ ဘရန္႔ဖို႔ဒ္နဲ႕ သြား ကစားဖို႔ ဘာျဖစ္လို႔ မျဖစ္နုိင္ရမွာလဲ။ ကစားသမားတိုင္းကေတာ့ အျမင့္ဆံုး အဆင့္မွာ ကစားလိုၾကတယ္။ ” လို႔ ဘန္ရာမာက ဆိုပါတယ္။

ဘန္ရာမာဟာ ခ်န္ပီယံရွစ္မွာ ဒီရာသီ ၁၄ ဂိုး သြင္းထားျပီး ဘရန္႔ဖို႔ဒ္နဲ႕ အတူ ပရီးမီးယားလိဂ္ တန္းတက္ကာ အတူ ကစားလိုေနပါတယ္။