ဖာဒီနန်၊ ဗီဒစ်လို ဖြစ်လာနိုင်တဲ့ အသင်းသားကြောင့် ယူနိုက်တက် ဗဟိုခံစစ်မှူးသစ် ခေါ်ယူဖြစ်ဖွယ် မရှိ

မန်ချက်စတာ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ တွဲကစားဖို့ နောက်ထပ် ခံစစ်မှူးသစ် အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ လှုပ်ရှားဖြစ်ဖွယ် မရှိဘဲ အသင်းမှာ ရှိနေတဲ့ ကစားသမား တစ်ယောက်ဟာ ဖာဒီနန်၊ ဗီဒစ်လို အဆင့် ဖြစ်လာနိုင်တာကြောင့် အားကိုးအားထား ပြုရန် ရည်ရွယ်နေပါတယ်။

ဘုန်းမောက်နဲ့ ပွဲမှာ ယူနိုက်တက် ခံစစ်က ပေါ့လျော့တဲ့ ဂိုးတွေ ပေးလိုက်ရပြီးနောက် နည်းပြ ဆိုးရှားက ဘယ်ခြေသန် ဗဟိုခံစစ် တစ်ဦး လိုတယ်လို့ အကီကို တီးတိုး ပြောတာ မြင်ခဲ့ကြပြီး ယူနိုက်တက်ရဲ့ ခံစစ်မှူးသစ် ဘယ်သူ ဖြစ်လာမလဲ စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဒါပေမယ့် The Athletic မှ သတင်းထောက် အန်ဒီ မစ်တန် အဆိုအရတော့ ယူနိုက်တက် အကြီးအကဲတွေဟာ အသင်းမှာ ရှိနေတဲ့ ခံစစ်မှူး တူရမ်ဇီဘီကို မျှော်လင့်ချက်ကြီး ရှိထားပြီး ဒဏ်ရာတွေကိုသာ ကျော်ဖြတ်ကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ရင် ကွန်ဂိုသားကို အခွင့်အရေး ပေးလိုနေတယ်လို့ သိရပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ဗီလာမှာ အငှား သွားကစားတာ အောင်မြင်စွာ အစွမ်းပြခဲ့ပေမယ့် ဒီရာသီ အသင်းမှာတော့ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရပါတယ်။ ဒီနှစ်ထဲမှာ ၎င်းက ပရီးမီးယားလိဂ် နှစ်ပွဲသာ ပွဲထွက် ကစားရပါသေးတယ်။

ပြင်းထန်တဲ့ တံကောက်ကြော ဒဏ်ရာ ရှိထားတာကြောင့် ဆိုးရှားကတော့ တူရမ်ဇီဘီကို စက်တင်ဘာလောက်မှသာ ပြန် ကစားစေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပွဲကစားခွင့် နည်းပါးနေပေမယ့် တူရမ်ဇီဘီဟာ အလားအလာရှိ ကြယ်ပွင့်တစ်ဦး အဖြစ် အိုးထရက်ဖို့ဒ်မှာ သတ်မှတ်ခံထားရပြီး နည်းပြ ဆိုးရှား သဘောကျတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ထိပ်သီးပိုင်းတွေကတော့ တူရမ်ဇီဘီဟာ ထိပ်တန်း ဖြစ်လာမယ့် ကစားသမား ဖြစ်ပြီး ယူနိုက်တက် ဂန္တဝင်တွေ ဖြစ်တဲ့ ဖာဒီနန်၊ ဗီဒစ်တို့လို ခြေစွမ်း အဆင့်မျိုး ရောက်လာမယ် မျှော်လင့်ချက်ကြီး ရှိထားကြောင်း The Athletic က ဆိုထားပြီး ခံစစ်မှူးသစ် ခေါ်ယူဖို့ ကိစ္စဟာ တူရမ်ဇီဘီကြောင့် ပျက်ပြယ်သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ ဗဟိုခံစစ္မွာ မက္ဂြဲရားနဲ႕ တြဲကစားဖို႔ ေနာက္ထပ္ ခံစစ္မွဴးသစ္ အေျပာင္းအေရႊ႕ ေစ်းကြက္ထဲမွာ လႈပ္ရွားျဖစ္ဖြယ္ မရွိဘဲ အသင္းမွာ ရွိေနတဲ့ ကစားသမား တစ္ေယာက္ဟာ ဖာဒီနန္၊ ဗီဒစ္လို အဆင့္ ျဖစ္လာနုိင္တာေၾကာင့္ အားကိုးအားထား ျပဳရန္ ရည္ရြယ္ေနပါတယ္။

ဘုန္းေမာက္နဲ႕ ပြဲမွာ ယူနုိက္တက္ ခံစစ္က ေပါ့ေလ်ာ့တဲ့ ဂိုးေတြ ေပးလိုက္ရျပီးေနာက္ နည္းျပ ဆိုးရွားက ဘယ္ေျခသန္ ဗဟိုခံစစ္ တစ္ဦး လိုတယ္လို႔ အကီကို တီးတိုး ေျပာတာ ျမင္ခဲ့ၾကျပီး ယူနိုက္တက္ရဲ႕ ခံစစ္မွဴးသစ္ ဘယ္သူ ျဖစ္လာမလဲ စိတ္၀င္စားမႈေတြ ျမင့္တက္လာခဲ့ပါတယ္။

ဒါေပမယ့္ The Athletic မွ သတင္းေထာက္ အန္ဒီ မစ္တန္ အဆိုအရေတာ့ ယူနုိက္တက္ အၾကီးအကဲေတြဟာ အသင္းမွာ ရွိေနတဲ့ ခံစစ္မွဴး တူရမ္ဇီဘီကို ေမွ်ာ္လင့္ခ်က္ၾကီး ရွိထားျပီး ဒဏ္ရာေတြကိုသာ ေက်ာ္ျဖတ္ကာ ေျခစြမ္းေကာင္းေတြ ျပသနိုင္ရင္ ကြန္ဂိုသားကို အခြင့္အေရး ေပးလိုေနတယ္လို႔ သိရပါတယ္။

ယူနုိက္တက္ အကယ္ဒမီထြက္ အသက္ ၂၂ နွစ္ အရြယ္ ကစားသမားဟာ ဗီလာမွာ အငွား သြားကစားတာ ေအာင္ျမင္စြာ အစြမ္းျပခဲ့ေပမယ့္ ဒီရာသီ အသင္းမွာေတာ့ ဒဏ္ရာေတြေၾကာင့္ ရုန္းကန္ေနရပါတယ္။ ဒီနွစ္ထဲမွာ ၄င္းက ပရီးမီးယားလိဂ္ နွစ္ပြဲသာ ပြဲထြက္ ကစားရပါေသးတယ္။

ျပင္းထန္တဲ့ တံေကာက္ေၾကာ ဒဏ္ရာ ရွိထားတာေၾကာင့္ ဆိုးရွားကေတာ့ တူရမ္ဇီဘီကို စက္တင္ဘာေလာက္မွသာ ျပန္ ကစားေစနုိင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ပြဲကစားခြင့္ နည္းပါးေနေပမယ့္ တူရမ္ဇီဘီဟာ အလားအလာရွိ ၾကယ္ပြင့္တစ္ဦး အျဖစ္ အိုးထရက္ဖို႔ဒ္မွာ သတ္မွတ္ခံထားရျပီး နည္းျပ ဆိုးရွား သေဘာက်တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

ယူနိုက္တက္ရဲ႕ ထိပ္သီးပိုင္းေတြကေတာ့ တူရမ္ဇီဘီဟာ ထိပ္တန္း ျဖစ္လာမယ့္ ကစားသမား ျဖစ္ျပီး ယူနုိက္တက္ ဂႏၱ၀င္ေတြ ျဖစ္တဲ့ ဖာဒီနန္၊ ဗီဒစ္တို႔လို ေျခစြမ္း အဆင့္မ်ိဳး ေရာက္လာမယ္ ေမွ်ာ္လင့္ခ်က္ၾကီး ရွိထားေၾကာင္း The Athletic က ဆိုထားျပီး ခံစစ္မွဴးသစ္ ေခၚယူဖို႔ ကိစၥဟာ တူရမ္ဇီဘီေၾကာင့္ ပ်က္ျပယ္သြားနုိင္တယ္လို႔ သံုးသပ္ထားပါတယ္။