အာဆင်နယ်နဲ့သတင်းများကို အပြန်အလှန် ငြင်းနေကြတဲ့ သောမတ်ပါတေးရဲ့ ဖခင်နဲ့ အေးဂျင့်

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား သောမတ်ပါတေးဟာ အာဆင်နယ်အသင်းနဲ့ ဆွေးနွေး ပြောဆိုနေပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့က အက်သလက်တီကိုရဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှုပေါ် မူတည်တယ်လို့ ကစားသမား က ဖွင့်ဟခဲ့ကြောင်း ပါတေးရဲ့ ဖခင်က သတင်းမီဒီယာတွေထံ ဒီတလောမှာ ပြောကြားခဲ့ပါတယ်။

ပါတေးကို ခေါ်ယူဖို့ အာဆင်နယ်က အလေးအနက် ချိတ်ဆက်နေပြီး ဂါနာသားဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ နွေမှာ ခေါ်ချင်တဲ့ ထိပ်တန်းပစ်မှတ်လည်း ဖြစ်ပါတယ်။ ပါတေးရဲ့ ဖခင်ဖြစ်သူ ကိုယ်တိုင်က သူ့သားက အာဆင်နယ်နဲ့ ဆွေးနွေးနေပြီ ပြောဆိုလိုက်တဲ့နောက် အသင်းပြောင်းမယ့် သတင်းက ပိုမို ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

” ကျနော့်သားကို အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ကြားပြီးတဲ့နောက် ဖုန်းခေါ် မေးဖြစ်တယ်။ သူက ဒီသတင်းတွေ မှန်တယ်လို့ ပြန်ဖြေလာတယ်။ သူက အာဆင်နယ်နဲ့ စကားပြောဆိုနေပြီတဲ့။ အပြောင်းအရွှေ့ တကယ် ဖြစ်လာမလာကတော့ အက်သလက်တီကို တောင်းဆိုတဲ့ ကမ်းလှမ်းမှုပေါ်ပဲ မူတည်နေတယ် ပြောတယ်။ ” လို့ ပါတေးရဲ့ ဖခင် ဖြစ်သူ ဂျာကော့ပါတေးက ဂါနာရေဒီယို အစီအစဉ် တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ကစားသမားရဲ့ အေးဂျင့် အုပ်စု ဖြစ်တဲ့ JJSports ကတော့ ဒီသတင်းတွေ မမှန်ဘူးလို့ ငြင်းဆိုကာ ကောလဟာလတွေကို ငြှိမ်းသတ်လိုက်ပါတယ်။

” ဒါက လုံး၀ မမှန်ပါဘူး။ ” လို့ JJSports က ဒေးလီးမေးလ်ကနေ ပြောကြားခဲ့ပါတယ်။ အက်သလက်တီကိုဘက်က သောမတ်ပါတေးကို တန်ကြေး ပေါင် သန်း ၅၀ လို့ ဈေးသတ်မှတ်ထားပေမယ့် အသက် ၂၆ နှစ် အရွယ် ကွင်းလယ်သမားကို ရောင်းချလိုခြင်း မရှိဘဲ အသင်းမှာ ဆက်လက် ထိန်းထားလိုနေပါတယ်။

သောမတ်ပါတေးရဲ့ အက်သလက်တီကိုနဲ့ လက်ရှိစာချုပ်က ၂၀၂၃ ထိ ကျန်ရှိနေသေးတာကြောင့် ၎င်းကို စပိန်ကနေ ခေါ်ထုတ်လာချင်ရင် အာဆင်နယ် အနေနဲ့ ပြောင်းရွှေ့ကြေး မြင့်မြင့် ကမ်းလှမ်းမှသာ ဖြစ်နိုင်ဖွယ် ရှိပါတယ်။ အာဆင်နယ်ကတော့ ပြောင်းရွှေ့ကြေး ငွေသားပေးအပ်ဖို့ အခက်အခဲ ရှိတာကြောင့် တိုက်စစ်မှူး လာကာဇက်တီနဲ့ ကမ်းလှမ်းရန် ကြံရွယ်နေပါတယ်။

Zawgyi – အက္သလက္တီကို မက္ဒရစ္ ကြင္းလယ္ကစားသမား ေသာမတ္ပါေတးဟာ အာဆင္နယ္အသင္းနဲ႕ ေဆြးေႏြး ေျပာဆိုေနျပီး အေျပာင္းအေရႊ႕ ျဖစ္လာဖို႔က အက္သလက္တီကိုရဲ႕ ေျပာင္းေရႊ႕ေၾကး ေတာင္းဆုိမႈေပၚ မူတည္တယ္လို႔ ကစားသမား က ဖြင့္ဟခဲ့ေၾကာင္း ပါေတးရဲ႕ ဖခင္က သတင္းမီဒီယာေတြထံ ဒီတေလာမွာ ေျပာၾကားခဲ့ပါတယ္။

ပါေတးကို ေခၚယူဖို႔ အာဆင္နယ္က အေလးအနက္ ခ်ိတ္ဆက္ေနျပီး ဂါနာသားဟာ အာဆင္နယ္နည္းျပ အာတီတာရဲ႕ ေႏြမွာ ေခၚခ်င္တဲ့ ထိပ္တန္းပစ္မွတ္လည္း ျဖစ္ပါတယ္။ ပါေတးရဲ႕ ဖခင္ျဖစ္သူ ကိုယ္တိုင္က သူ႔သားက အာဆင္နယ္နဲ႕ ေဆြးေႏြးေနျပီ ေျပာဆိုလိုက္တဲ့ေနာက္ အသင္းေျပာင္းမယ့္ သတင္းက ပိုမို ေရပန္းစားလာခဲ့တာ ျဖစ္ပါတယ္။

” က်ေနာ့့္သားကို အေျပာင္းအေရႊ႕ ေကာလဟာလသတင္းေတြ ၾကားျပီးတဲ့ေနာက္ ဖုန္းေခၚ ေမးျဖစ္တယ္။ သူက ဒီသတင္းေတြ မွန္တယ္လို႔ ျပန္ေျဖလာတယ္။ သူက အာဆင္နယ္နဲ႕ စကားေျပာဆိုေနျပီတဲ့။ အေျပာင္းအေရႊ႕ တကယ္ ျဖစ္လာမလာကေတာ့ အက္သလက္တီကို ေတာင္းဆိုတဲ့ ကမ္းလွမး္မႈေပၚပဲ မူတည္ေနတယ္ ေျပာတယ္။ ” လို႔ ပါေတးရဲ႕ ဖခင္ ျဖစ္သူ ဂ်ာေကာ့ပါေတးက ဂါနာေရဒီယို အစီအစဥ္ တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ ကစားသမားရဲ႕ ေအးဂ်င့္ အုပ္စု ျဖစ္တဲ့ JJSports ကေတာ့ ဒီသတင္းေတြ မမွန္ဘူးလို႔ ျငင္းဆိုကာ ေကာလဟာလေတြကို ျငွိမ္းသတ္လိုက္ပါတယ္။

” ဒါက လံုး၀ မမွန္ပါဘူး။ ” လို႔ JJSports က ေဒးလီးေမးလ္ကေန ေျပာၾကားခဲ့ပါတယ္။ အက္သလက္တီကိုဘက္က ေသာမတ္ပါေတးကို တန္ေၾကး ေပါင္ သန္း ၅၀ လို႔ ေစ်းသတ္မွတ္ထားေပမယ့္ အသက္ ၂၆ နွစ္ အရြယ္ ကြင္းလယ္သမားကို ေရာင္းခ်လိုျခင္း မရွိဘဲ အသင္းမွာ ဆက္လက္ ထိန္းထားလိုေနပါတယ္။

ေသာမတ္ပါေတးရဲ႕ အက္သလက္တီကိုနဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၃ ထိ က်န္ရွိေနေသးတာေၾကာင့္ ၄င္းကို စပိန္ကေန ေခၚထုတ္လာခ်င္ရင္ အာဆင္နယ္ အေနနဲ႕ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္ ကမ္းလွမ္းမွသာ ျဖစ္နုိင္ဖြယ္ ရွိပါတယ္။ အာဆင္နယ္ကေတာ့ ေျပာင္းေရႊ႕ေၾကး ေငြသားေပးအပ္ဖို႔ အခက္အခဲ ရွိတာေၾကာင့္ တိုက္စစ္မွဴး လာကာဇက္တီနဲ႕ ကမ္းလွမ္းရန္ ၾကံရြယ္ေနပါတယ္။