ဂျော်ဂျင်ဟို အတွက် ကစားသမား အလဲအထပ် ကမ်းလှမ်းမှု ဂျူဗင်တပ် စတင်ခဲ့ပြီ သတင်းထွက်ပေါ်

ချယ်ဆီးအသင်းဟာ ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို အတွက် ကစားသမား အလဲအထပ်နဲ့ အပြောင်းအရွှေ့ လုပ်ဖို့ ဂျူဗင်တပ်ထံမှ ကမ်းလှမ်းမှု ရရှိထားပြီလို့ သတင်း ထွက်ပေါ်နေပါတယ်။ စီးရီးအေကလပ်ဟာ ဂျော်ဂျင်ဟို ကို ရဖို့ ရမ်ဆေး သို့မဟုတ် ရာဘီရော့ ကို အလဲအထပ် လုပ်လိုနေပါတယ်။

ရာဘီရော့ဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ သတင်းကြီးဖူးသူ ဖြစ်ပြီး အပြောင်းအရွှေ့ မဖြစ်ခဲ့သူပါ။ ဂျူဗီ နည်းပြ ဆာရီကတော့ ၎င်းကို ချယ်ဆီးနဲ့ အလဲအထပ် မှာ ပို အသုံးပြုချင်နေပါတယ်။

ချယ်ဆီး အတွက် ကစားသမား အလဲအထပ် အတွက် ရမ်ဆေး ဒါမှမဟုတ် ရာဘီရော့ ကိုတော့ ရွေးချယ်ခွင့် ပေးထားပြုထားတဲ့ အပြင် တခြား ရွေးချယ်စရာအနေနဲ့ ဂျော်ဂျင်ဟို ကို အပြီး ခေါ်ယူခွင့် ပါတဲ့ အငှားနဲ့လည်း ခေါ်ယူလိုနေပါတယ်။

အီတလီသား ကွင်းလယ်သမား ဂျော်ဂျင်ဟိုက ဆာရီ တပည့်ရင်း စိတ်ကြိုက် ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်ဆီးကလည်း ကွင်းလယ်မှာ ကန်တေက ဒဏ်ရာကြောင့် ရုန်းကန်ရတာတွေ ရှိနေလို့ ဂျော်ဂျင်ဟိုကို လက်လွှတ်လိုခြင်း မရှိသေးဘူးလို့ သိရပါတယ်။

လော့ဒ်ဒေါင်း ကာလအပြီး ဘောလုံးပွဲတွေ ပြန်စတင်ချိန်မှာ လမ်းပတ်က ကန်တေကို ပို ပွဲ ကစားခွင့် ပေးထားပြီး ပဲလေ့စ်ကို နိုင်တဲ့ ပွဲမှာတော့ ဝင် အစွမ်းပြခဲ့တဲ့ ဂျော်ဂျင်ဟို ကို လမ်းပတ်က အသိအမှတ်ပြု ချီးကျူးစကား ဆိုထားပါတယ်။

ကန်တေ မပါဝင်ချိန် ပွဲထွက်မှာ ဂေးလ်မားကို သုံးထားပြီး ဂျော်ဂျင်ဟို ကို လူစားဝင်ကစားစေတဲ့ အပေါ် လမ်းပတ်ကတော့ အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သတ်မှု မရှိကြောင်း ဆိုထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ကြင္းလယ္ ကစားသမား ေဂ်ာ္ဂ်င္ဟို အတြက္ ကစားသမား အလဲအထပ္နဲ႕ အေျပာင္းအေရႊ႕ လုပ္ဖို႔ ဂ်ဴဗင္တပ္ထံမွ ကမ္းလွမ္းမႈ ရရွိထားျပီလို႔ သတင္း ထြက္ေပၚေနပါတယ္။ စီးရီးေအကလပ္ဟာ ေဂ်ာ္ဂ်င္ဟို ကို ရဖို႔ ရမ္ေဆး သို႔မဟုတ္ ရာဘီေရာ့ ကို အလဲအထပ္ လုပ္လိုေနပါတယ္။

ရာဘီေရာ့ဟာ ပရီးမီးယားလိဂ္ ကလပ္ မန္ခ်က္စတာ ယူနုိက္တက္၊ အာဆင္နယ္တို႔နဲ႕ သတင္းၾကီးဖူးသူ ျဖစ္ျပီး အေျပာင္းအေရႊ႕ မျဖစ္ခဲ့သူပါ။ ဂ်ဴဗီ နည္းျပ ဆာရီကေတာ့ ၄င္းကို ခ်ယ္ဆီးနဲ႕ အလဲအထပ္ မွာ ပို အသံုးျပဳခ်င္ေနပါတယ္။

ခ်ယ္ဆီး အတြက္ ကစားသမား အလဲအထပ္ အတြက္ ရမ္ေဆး ဒါမွမဟုတ္ ရာဘီေရာ့ ကိုေတာ့ ေရြးခ်ယ္ခြင့္ ေပးထားျပဳထားတဲ့ အျပင္ တျခား ေရြးခ်ယ္စရာအေနနဲ႕ ေဂ်ာ္ဂ်င္ဟို ကို အျပီး ေခၚယူခြင့္ ပါတဲ့ အငွားနဲ႕လည္း ေခၚယူလိုေနပါတယ္။

အီတလီသား ကြင္းလယ္သမား ေဂ်ာ္ဂ်င္ဟိုက ဆာရီ တပည့္ရင္း စိတ္ၾကိဳက္ ကစားသမား ျဖစ္ပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီးကလည္း ကြင္းလယ္မွာ ကန္ေတက ဒဏ္ရာေၾကာင့္ ရုန္းကန္ရတာေတြ ရွိေနလို႔ ေဂ်ာ္ဂ်င္ဟိုကို လက္လႊတ္လိုျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

ေလာ့ဒ္ေဒါင္း ကာလအျပီး ေဘာလံုးပြဲေတြ ျပန္စတင္ခ်ိန္မွာ လမ္းပတ္က ကန္ေတကို ပို ပြဲ ကစားခြင့္ ေပးထားျပီး ပဲေလ့စ္ကို နိုင္တဲ့ ပြဲမွာေတာ့ ၀င္ အစြမ္းျပခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို ကို လမ္းပတ္က အသိအမွတ္ျပဳ ခ်ီးက်ဴးစကား ဆုိထားပါတယ္။

ကန္ေတ မပါ၀င္ခ်ိန္ ပြဲထြက္မွာ ေဂးလ္မားကို သံုးထားျပီး ေဂ်ာ္ဂ်င္ဟို ကို လူစား၀င္ကစားေစတဲ့ အေပၚ လမ္းပတ္ကေတာ့ အနာဂတ္ အစီအစဥ္ေတြနဲ႕ ပတ္သတ္မႈ မရွိေၾကာင္း ဆိုထားပါတယ္။