ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (09/07/20)

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာက အသင်းရဲ့ လူငယ်တိုက်စစ်သမားတွေနဲ့ ကွင်းလယ်လူ ဘရူနိုတို့ ခြေစွမ်းပြနေတာကို မြင်ရတာအတွက် ကျေနပ်မိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ တွဲကစားဖို့ နောက်ထပ် ခံစစ်မှူးသစ် အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ လှုပ်ရှားဖြစ်ဖွယ် မရှိဘဲ အသင်းမှာ ရှိနေတဲ့ တူရမ်ဇီဘီ ဟာ ဖာဒီနန်၊ ဗီဒစ်လို အဆင့် ဖြစ်လာနိုင်တာကြောင့် အားကိုးအားထား ပြုရန် ရည်ရွယ်နေပါတယ်။

နည်းပြ ဆိုးရှားကတော့ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုပြီး အိုးထရက်ဖို့ဒ်မှာ ဆက်လက် ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။

မန်ချက်စတာ စီးတီး လူငယ်ကြယ်ပွင့် ဖီးလ် ဖိုဒန်က ယူနိုက်တက် လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ဟာ သူ မြင်ဖူးသမျှ တိုက်စစ် သမားတွေထဲ အဆုံးသတ် အကောင်းမွန်ဆုံး သူ ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။

လက်ရှိ ဥရောပဘောလုံးလောကမှ ကြယ်ပွင့် လူငယ် ကစားသမားတွေထဲ နေမာ၊ အမ်ဘတ်ပီနဲ့ ဂရင်းဝုဒ်တို့ဟာ အနာဂတ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မက်ဆီကို ခြေရာတိုင်းနိူင်တဲ့ အလားအလာတွေရှိတယ်လို့ ဘာဘာတော့က ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အတွက် ပင်နယ်တီ ကန်သွင်းဖို့ တာဝန်ကို ရက်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့အား ကန်ဖို့ ဆိုးရှားက ခွင့်ပြုထားပြီး ကွင်းထဲမှာ ဆုံးဖြတ်ခွင့်ပါ ပေးအပ်ထားတယ်လို့ သိရပါတယ်။

ယူနိုက်တက် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂရင်းဝုဒ်ကို စီးရီးအေ ထိပ်သီး ဂျူဗင်တပ် အသင်းက အလိုရှိနေပြီး ဘဝတစ်ခုလုံး ပြောင်းလဲ သွားစေနိုင်လောက်တဲ့ ငွေအင်အားသုံး ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန် စီစဉ်နေတယ်လို့ အီတလီသတင်းဌာနတွေက ဆိုပါတယ်။

Zawgyi – ယူႏုိက္တက္ ကြင္းလယ္လူ ေပါ့ဘာက အသင္းရဲ႕ လူငယ္တိုက္စစ္သမားေတြနဲ႔ ကြင္းလယ္လူ ဘရူႏိုတို႔ ေျခစြမ္းျပေနတာကို ျမင္ရတာအတြက္ ေက်နပ္မိတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ဗဟိုခံစစ္မွာ မက္ဂြဲရားနဲ႕ တြဲကစားဖို႔ ေနာက္ထပ္ ခံစစ္မွဴးသစ္ အေျပာင္းအေရႊ႕ ေစ်းကြက္ထဲမွာ လႈပ္ရွားျဖစ္ဖြယ္ မရွိဘဲ အသင္းမွာ ရွိေနတဲ့ တူရမ္ဇီဘီ ဟာ ဖာဒီနန္၊ ဗီဒစ္လို အဆင့္ ျဖစ္လာနုိင္တာေၾကာင့္ အားကိုးအားထား ျပဳရန္ ရည္ရြယ္ေနပါတယ္။

နည္းျပ ဆိုးရွားကေတာ့ ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာကို သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုျပီး အိုးထရက္ဖုိ႕ဒ္မွာ ဆက္လက္ ထိန္းထားနုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

မန္ခ်က္စတာ စီးတီး လူငယ္ၾကယ္ပြင့္ ဖီးလ္ ဖိုဒန္က ယူနိုက္တက္ လူငယ္တိုက္စစ္မွဴး ေမဆန္ဂရင္း၀ုဒ္ဟာ သူ ျမင္ဖူးသမွ် တိုက္စစ္ သမားေတြထဲ အဆံုးသတ္ အေကာင္းမြန္ဆံုး သူ ျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။

လက္ရွိ ဥေရာပေဘာလံုးေလာကမွ ၾကယ္ပြင့္ လူငယ္ ကစားသမားေတြထဲ ေနမာ၊ အမ္ဘတ္ပီနဲ႔ ဂရင္းဝုဒ္တို႔ဟာ အနာဂတ္မွာ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ မက္ဆီကို ေျခရာတိုင္းႏိူင္တဲ့ အလားအလာေတြရွိတယ္လို႔ ဘာဘာေတာ့က ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ အတြက္ ပင္နယ္တီ ကန္သြင္းဖို႔ တာ၀န္ကို ရက္ဖို႕ဒ္နဲ႕ ဘရူနို ဖာနန္ဒက္စ္တို႔အား ကန္ဖို႔ ဆိုးရွားက ခြင့္ျပဳထားျပီး ကြင္းထဲမွာ ဆံုးျဖတ္ခြင့္ပါ ေပးအပ္ထားတယ္လို႔ သိရပါတယ္။

ယူနိုက္တက္ လူငယ္ၾကယ္ပြင့္ တိုက္စစ္မွဴး ဂရင္း၀ုဒ္ကို စီးရီးေအ ထိပ္သီး ဂ်ဴဗင္တပ္ အသင္းက အလုိရွိေနျပီး ဘ၀တစ္ခုလံုး ေျပာင္းလဲ သြားေစနိုင္ေလာက္တဲ့ ေငြအင္အားသံုး ကမ္းလွမ္းမႈမ်ိဳး ျပဳလုပ္ရန္ စီစဥ္ေနတယ္လို႔ အီတလီသတင္းဌာနေတြက ဆိုပါတယ္။