ယူနိုက်တက် ဂန္တဝင်ကြီး ပီတာရှမိုက်ကယ်ရဲ့ စံချိန်ကို ကျော်ဖြတ်လိုက်ပြီးနောက် ဆောရီးပါ ဆိုတဲ့ ဒီဂီယာ

ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ညက အက်စတွန်ဗီလာနဲ့ ပွဲ အပြီးမှာ ယခင် ဂန္တဝင် ဂိုးသမားကြီး ပီတာ ရှမိုက်ကယ် တင်ထားတဲ့ စံချိန်မှတ်တမ်း တစ်ခုကို ကျော်ဖြတ်သွားခဲ့ပါတယ်။ အဲဒါကတော့ ယူနိုက်တက် အတွက် ပွဲ အများဆုံး ကစားထားတဲ့ နိုင်ငံခြားသား ကစားသမား နေရာကို ဒီဂီယာက ယူသွားခဲ့တာပါ။

စပိန်သား ဂိုးသမားဟာ ယူနိုက်တက် အတွက် ၃၉၉ ပွဲ မြောက် ကစားခဲ့ပြီ ဖြစ်ပြီး ထိုပွဲမှာ ဗီလာကို ယူနိုက်တက်က ပေးဂိုး မရှိဘဲ သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ကနေ ၂၀၁၁ က ပြောင်းရွှေ့လာတဲ့ ဒီဂီယာဟာ ရှမိုက်ကယ် ယူထားတဲ့ ယူနိုက်တက် အတွက် ပွဲအများဆုံး ကစားထားတဲ့ နိုင်ငံခြားသား ကစားသမား နေရာကို ယူလိုက်နိုင်ခဲ့ပြီ ဖြစ်ပြီး ဒီဂီယာကတော့ သူ့ရဲ့ စီနီယာကြီးကို ဆောရီးပါ လို့ ပွဲ အပြီးမှာ ဆိုလိုက်ပါတယ်။

တကယ်လို့ ယူနိုက်တက် အတွက် ပွဲ အများဆုံး ကစားထားတဲ့ မှတ်တမ်းကို ယူချင်ရင်တော့ ဒီဂီယာက ၉၆၃ ပွဲ ကစားပြီး ပထမနေရာ ယူထားတဲ့ ရိုင်ယန်ဂစ်ကို မှီဖို့ အများကြီး လိုဦးမှာ ဖြစ်ပါတယ်။ ဒီဂီယာကတော့ ကလပ်အတွက် သူ့ရဲ့ ပွဲကစားမှတ်တမ်းကို ချဲ့နိုင်သလောက် ဆက်ချဲ့သွားလိုနေပါတယ်။

” ဆောရီးပါ ရှမိုက်ကယ်။ ဒီမှတ်တမ်းက ကောင်းမွန်တဲ့အရာ တစ်ခုပါ။ ဒါ ကျနော် ဒီမှာ အကြာကြီး နေခဲ့တယ် ဆိုတာ ပြသလိုက်ခြင်းပါပဲ။ ကျနော် ဒီအဆင့်မှာ တကယ့်ကို ကောင်းကောင်းမွန်မွန် နေနိုင်ခဲ့တယ်ပေါ့။ ဒီတော့ ကျနော်လည်း သိပ်ကို ဂုဏ်ယူမိပါတယ်။

ဒီကလပ်အသင်း အတွက် ဒီလောက် ပွဲ အများကြီး ကစားနိုင်ခဲ့တာ အတွက် ပျော်ရွှင်မိပါတယ်။ နောက်ထပ် ပွဲ ၄၀၀ လောက် ဆက် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ခုကတော့ အရမ်း အရမ်းကို ပျော်နေတာပေါ့ဗျာ ” လို့ ဒီဂီယာက ဗီလာနဲ့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ဂိုးသမား ေဒးဗစ္ ဒီဂီယာဟာ ညက အက္စတြန္ဗီလာနဲ႕ ပြဲ အျပီးမွာ ယခင္ ဂႏၱ၀င္ ဂိုးသမားၾကီး ပီတာ ရွမိုက္ကယ္ တင္ထားတဲ့ စံခ်ိန္မွတ္တမ္း တစ္ခုကို ေက်ာ္ျဖတ္သြားခဲ့ပါတယ္။ အဲဒါကေတာ့ ယူနုိက္တက္ အတြက္ ပြဲ အမ်ားဆံုး ကစားထားတဲ့ နုိင္ငံျခားသား ကစားသမား ေနရာကို ဒီဂီယာက ယူသြားခဲ့တာပါ။

စပိန္သား ဂိုးသမားဟာ ယူနုိက္တက္ အတြက္ ၃၉၉ ပြဲ ေျမာက္ ကစားခဲ့ျပီ ျဖစ္ျပီး ထိုပြဲမွာ ဗီလာကို ယူနုိက္တက္က ေပးဂိုး မရွိဘဲ သံုးဂိုး ဂိုးမရွိနဲ႕ အနုိင္ရခဲ့တာ ျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ကေန ၂၀၁၁ က ေျပာင္းေရႊ႕လာတဲ့ ဒီဂီယာဟာ ရွမိုက္ကယ္ ယူထားတဲ့ ယူနိုက္တက္ အတြက္ ပြဲအမ်ားဆံုး ကစားထားတဲ့ နုိင္ငံျခားသား ကစားသမား ေနရာကို ယူလိုက္နိုင္ခဲ့ျပီ ျဖစ္ျပီး ဒီဂီယာကေတာ့ သူ႔ရဲ႕ စီနီယာၾကီးကို ေဆာရီးပါ လို႔ ပြဲ အျပီးမွာ ဆိုလိုက္ပါတယ္။

တကယ္လို႔ ယူနုိက္တက္ အတြက္ ပြဲ အမ်ားဆံုး ကစားထားတဲ့ မွတ္တမ္းကို ယူခ်င္ရင္ေတာ့ ဒီဂီယာက ၉၆၃ ပြဲ ကစားျပီး ပထမေနရာ ယူထားတဲ့ ရိုင္ယန္ဂစ္ကို မွီဖို႔ အမ်ားၾကီး လိုဦးမွာ ျဖစ္ပါတယ္။ ဒီဂီယာကေတာ့ ကလပ္အတြက္ သူ႔ရဲ႕ ပြဲကစားမွတ္တမ္းကို ခ်ဲ႕နိုင္သေလာက္ ဆက္ခ်ဲ႕သြားလိုေနပါတယ္။

” ေဆာရီးပါ ရွမိုက္ကယ္။ ဒီမွတ္တမ္းက ေကာင္းမြန္တဲ့အရာ တစ္ခုပါ။ ဒါ က်ေနာ္ ဒီမွာ အၾကာၾကီး ေနခဲ့တယ္ ဆိုတာ ျပသလိုက္ျခင္းပါပဲ။ က်ေနာ္ ဒီအဆင့္မွာ တကယ့္ကို ေကာငး္ေကာင္းမြန္မြန္ ေနနိုင္္ခဲ့တယ္ေပါ့။ ဒီေတာ့ က်ေနာ္လည္း သိပ္ကို ဂုဏ္ယူမိပါတယ္။

ဒီကလပ္အသင္း အတြက္ ဒီေလာက္ ပြဲ အမ်ားၾကီး ကစားနိုင္ခဲ့တာ အတြက္ ေပ်ာ္ရႊင္မိပါတယ္။ ေနာက္ထပ္ ပြဲ ၄၀၀ ေလာက္ ဆက္ ကစားနုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ခုကေတာ့ အရမ္း အရမ္းကို ေပ်ာ္ေနတာေပါ့ဗ်ာ ” လို႔ ဒီဂီယာက ဗီလာနဲ႕ ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။