ဒီဂီယာကို စိတ်တိုနေတဲ့ မက်ဂွဲရား၊ အကောင်းဆုံးဆု ဆန်ကာတင်တွေထဲ ပါဝင်နေတဲ့ တန်ဟက်နဲ့ ရက်ဖို့ဒ် အပါအဝင် မန်ချက်စတာ ယူနိုက်တက် သတင်းများ

ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလ အတွက် အကောင်းဆုံး မန်နေဂျာဆုနဲ့ ကစားသမားဆု ဆန်ကာတင်များ ထွက်ပေါ်လာရာ မန်ချက်စတာ ယူနိုက်တက်မှ နည်းပြတန်ဟက်နဲ့ တိုက်စစ်မှုး ရက်ဖို့ဒ်တို့ အသီးသီး ပါဝင်လာပါတယ်။

ဟယ်ရီ မက်ဂွဲရားက ပြီးခဲ့တဲ့ရာသီ ဒီဂီယာနဲ့ ပြောဆိုရ အဆင်မပြေတာတွေက ပြီးခဲ့တဲ့ရာသီမှာ ပြသနာ များစွာ ဖြစ်စေခဲ့တယ်လို့ ယုံကြည်နေကြောင်း ESPN သတင်းက ဆိုပါတယ်။ ဒီဂီယာဟာ ဂိုးစည်းလိုင်းကနေ ရှေ့ထွက်လာဖို့ တွန့်ဆုတ်လွန်းတာကို မက်ဂွဲရားက အမျက်ထွက်နေခဲ့တယ် လို့ သိရပါတယ်။

ဒေါ့မွန်က ယူရို သန်း ၁၅ဝ လို့ ဈေးသတ်မှတ်လိုက်တဲ့ ကွင်းလယ်တိုက်စစ်သမား ဘယ်လင်ဟမ် ကို အလိုရှိတဲ့ အသင်းတွေထဲ မန်ချက်စတာ ယူနိုက်တက်လည်း ပါဝင်နေပါတယ်။

နည်းပြ တန်ဟက်က အသင်းထရိန်နင်မှာ ရေကုန်ရေခန်း ကြိုးစားနေကြတဲ့ မာလာစီယာနဲ့ အန်တိုနီ တို့ကို ဖြည်းဖြည်း လုပ်ကြပါလို့တောင် တားနေခဲ့ရကြောင်း ဖွင့်ဟလာပါတယ်။

စီ ရော်နယ်ဒိုက ယူရို ၂၀၂၄ မှာလည်း ပေါ်တူဂီ အသင်းနဲ့ အတူ ပါဝင် ကစားသွားဖို့ ရည်မှန်းထားကြောင်း ပြောဆိုလာပါတယ်။ ထိုအချိန်ဆိုရင် ရော်နယ်ဒိုက အသက် ၃၉ နှစ် အရွယ် ရှိနေမှာပါ။

ဘာစီလိုနာ ကွင်းလယ်သမား ဒီဂျောင်က ပြီးခဲ့တဲ့နွေမှာ ယူနိုက်တက် နဲ့ သတင်းတွေကြီးခဲ့သော်လည်း နူးကမ့်ကနေ ထွက်ခွာဖို့ လုံးဝ မစဉ်းစားခဲ့ကြောင်း ထပ်မံ ထုတ်ဖော် ပြောဆိုလာပါတယ်။