နေရာသုံးခုကို အင်အားဖြည့်လိုကြောင့် ကလပ်တာဝန်ရှိသူတွေကို ဆိုးရှား ပြောထား

UNICODE – မန်နေဂျာဆိုးရှားက ကလပ်အသင်း တာဝန်ရှိသူတွေကို နေရာ သုံးခုအတွက် အင်အားဖြည့်လိုကြောင်း ပြောထားတယ်လို့ The Times က ဖော်ပြသွားပါတယ်။

ဆိုးရှား လိုချင်တဲ့ နေရာတွေက တိုက်စစ် ညာခြမ်း ကစားသမား၊ ကွင်းလယ်လူနဲ့ ဗဟိုခံစစ်မှူးတို့ ဖြစ်တယ်လို့ သိရတယ်။ ကလပ်က တိုက်စစ်မှူးနေရာ အင်အားဖြည့်မယ်လို့ သတင်းကြီးနေပေမယ့်လည်း ဆိုးရှားကိုယ်တိုင်က ညာခြမ်းကို အားပြုကစားပေးမယ့် တိုက်စစ်သမားကိုသာ ဦးစားပေးအဖြစ် အလိုရှိနေပါတယ်။

ကိုရိုနာကပ်ဘေးကြောင့် ဘဏ္ဍာရေးတွေ ထိခိုက်မှုတွေ ရှိလာမှာဖြစ်ကာ ယူနိုက်တက်က အဓိက ကစားသမားတွေကို လက်လွတ်ခံမှာလည်း မဟုတ်ပါဘူး။ ပေါ့ဘာကို ဆက်ထိန်းထားဖို့က ယူနိုက်တက်ရဲ့ ဦးစားပေးဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့် ရွိုင်အိုလာနဲ့လည်း ညိနှိုင်းမှုတွေ လုပ်မှာပါ။

ယူနိုက်တက် စွမ်းဆောင်ရည်တွေ တည်ငြိမ်လာပေမယ့် ညာခြမ်းတိုက်စစ်ကို အားဖြည့်နိုင်ခြင်းက ရပ်ဖိုဒ့်၊ မာရှယ်၊ ဂရင်းဝုဒ်တို့ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကို ပိုမို အင်အားတောင့်တင်းစေမယ်လို့ ဆိုးရှားက ယုံကြည်တယ်။ သူက ညာခြမ်း ကွင်းလယ်မှာ ကစားနိုင်သူမျိုးကို အလိုရှိတာဖြစ်လို့ ဆန်ချို မဟုတ်ခဲ့ရင် ဂရီလစ်က ဖြစ်နိုင်ချေရှိတဲ့ ပစ်မှတ်တွေ ဖြစ်ပါတယ်။

ကွင်းလယ်မှာ မာတစ်ကို သက်တမ်းတိုးထားသလို ဖရတ်၊ တော်မီနေးတို့ ရှိနေပေမယ့်လည်း မန်နေဂျာဆိုးရှားက ကွင်းလယ်လူသစ်ကို အလိုရှိနေဆဲပါ။ ဖယ်လာနီ၊ ဟာရဲရာတို့ ထွက်ခွာသွားတဲ့နောက် ဖာနန်ဒက်စ် တစ်ဦးတည်းကို အားဖြည့်ထားပြီး ဒီနွေမှာတော့ ပါရဲရာနဲ့ လင်ဂတ်တို့ကလည်း အသင်းပြောင်းနိုင်ပါတယ်။

ခံစစ်က ယူနိုက်တက်ရဲ့ အတောင့်တင်းဆုံး အပိုင်းဖြစ်လာခဲ့ပေမယ့် မက်ဂွဲရားရဲ့ တွဲဘက် နေရာအတွက် မန်နေဂျာဆိုးရှားက အလိုရှိနေဆဲပါ။ ယူနိုက်တက်မှာ ခံစစ်သမားတွေ ပေါပေမယ့်လည်း ဒီနွေမှာတော့ ခံစစ်မှူးတွေကို ရှင်းထုတ်မှုတွေ လုပ်သွားကာ အရှိန်နဲ့ ကစားနိုင်စွမ်းရှိမယ့် ဗဟိုခံစစ်မှူးကို ရှာဖွေဖို့လည်း ရှိနေပါတယ်။

ZAWGYI – မန္ေနဂ်ာဆိုးရွားက ကလပ္အသင္း တာဝန္ရွိသူေတြကို ေနရာ သံုးခုအတြက္ အင္အားျဖည့္လိုေၾကာင္း ေျပာထားတယ္လို႔ The Times က ေဖာ္ျပသြားပါတယ္။

ဆိုးရွား လိုခ်င္တဲ့ ေနရာေတြက တိုက္စစ္ ညာျခမ္း ကစားသမား၊ ကြင္းလယ္လူနဲ႔ ဗဟိုခံစစ္မွဴးတို႔ ျဖစ္တယ္လို႔ သိရတယ္။ ကလပ္က တိုက္စစ္မွဴးေနရာ အင္အားျဖည့္မယ္လို႔ သတင္းၾကီးေနေပမယ့္လည္း ဆိုးရွားကိုယ္တုိင္က ညာျခမ္းကို အားျပဳကစားေပးမယ့္ တိုက္စစ္သမားကိုသာ ဦးစားေပးအျဖစ္ အလိုရွိေနပါတယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ ဘ႑ာေရးေတြ ထိခိုက္မႈေတြ ရွိလာမွာျဖစ္ကာ ယူႏုိက္တက္က အဓိက ကစားသမားေတြကို လက္လြတ္ခံမွာလည္း မဟုတ္ပါဘူး။ ေပါ့ဘာကို ဆက္ထိန္းထားဖို႔က ယူႏုိက္တက္ရဲ႕ ဦးစားေပးျဖစ္ျပီး ကစားသမားရဲ႕ ေအးဂ်င့္ ရိြဳင္အိုလာနဲ႔လည္း ညိႏိႈင္းမႈေတြ လုပ္မွာပါ။

ယူႏုိက္တက္ စြမ္းေဆာင္ရည္ေတြ တည္ျငိမ္လာေပမယ့္ ညာျခမ္းတိုက္စစ္ကို အားျဖည့္ႏုိင္ျခင္းက ရပ္ဖိုဒ့္၊ မာရွယ္၊ ဂရင္းဝုဒ္တို႔ ေျခစြမ္းျပေနတဲ့ တိုက္စစ္ကို ပိုမို အင္အားေတာင့္တင္းေစမယ္လို႔ ဆိုးရွားက ယံုၾကည္တယ္။ သူက ညာျခမ္း ကြင္းလယ္မွာ ကစားႏုိင္သူမ်ိဳးကို အလိုရွိတာျဖစ္လို႔ ဆန္ခ်ိဳ မဟုတ္ခဲ့ရင္ ဂရီလစ္က ျဖစ္ႏုိင္ေခ်ရွိတဲ့ ပစ္မွတ္ေတြ ျဖစ္ပါတယ္။

ကြင္းလယ္မွာ မာတစ္ကို သက္တမ္းတိုးထားသလို ဖရတ္၊ ေတာ္မီေနးတို႔ ရွိေနေပမယ့္လည္း မန္ေနဂ်ာဆိုးရွားက ကြင္းလယ္လူသစ္ကို အလိုရွိေနဆဲပါ။ ဖယ္လာနီ၊ ဟာရဲရာတို႔ ထြက္ခြာသြားတဲ့ေနာက္ ဖာနန္ဒက္စ္ တစ္ဦးတည္းကို အားျဖည့္ထားျပီး ဒီေႏြမွာေတာ့ ပါရဲရာနဲ႔ လင္ဂတ္တို႔ကလည္း အသင္းေျပာင္းႏုိင္ပါတယ္။

ခံစစ္က ယူႏုိက္တက္ရဲ႕ အေတာင့္တင္းဆံုး အပိုင္းျဖစ္လာခဲ့ေပမယ့္ မက္ဂြဲရားရဲ႕ တြဲဘက္ ေနရာအတြက္ မန္ေနဂ်ာဆိုးရွားက အလိုရွိေနဆဲပါ။ ယူႏုိက္တက္မွာ ခံစစ္သမားေတြ ေပါေပမယ့္လည္း ဒီေႏြမွာေတာ့ ခံစစ္မွဴးေတြကို ရွင္းထုတ္မႈေတြ လုပ္သြားကာ အရွိန္နဲ႔ ကစားႏုိင္စြမ္းရွိမယ့္ ဗဟိုခံစစ္မွဴးကို ရွာေဖြဖို႔လည္း ရွိေနပါတယ္။