ပေါင် သန်း ၃ဝ ပေး ခေါ်မယ့် ကွင်းလယ်လူငယ်၊ လီယာအို၊ ဘယ်လင်ဟမ်တို့နဲ့ နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

ပြီးခဲ့တဲ့နွေက စတန်းဖို့ဘရစ်ချ် ရောက်လာခဲ့တဲ့ ကူလီဘာလေက သူ ချယ်ဆီးသို့ ပြောင်းရွှေ့တာနဲ့ အသင်း ဂန္တဝင် တိုက်စစ်မှုး ဒရော့ဘာ က မက်ဆေ့ချ် ပို့ နှုတ်ဆက်ခဲ့ကြောင်း ဝမ်းမြောက်ဝမ်းသာ ဖွင့်ဟသွားခဲ့ပါတယ်။

ချယ်ဆီး ပစ်မှတ်ထားနေတဲ့ တိုက်စစ်သမား ရာဖယ် လီယာအို ကို အေစီမီလန် အသင်းက စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ ကြိုးစားနေပါတယ်။ လီယာအိုဟာ မနေ့ညက ချက်နဲ့ ပွဲမှာ ပေါ်တူဂီအသင်းနဲ့ အတူ ခြေစွမ်းပြခဲ့ပါတယ်။

အီတလီဘက်က သတင်းတွေ အဆိုအရ မီလန်အသင်းဟာ လီယာအို ကို လက်ရှိ လစာထက် ယူရို ၂ သန်းထိ တိုးပေးသွားဖို့ ရှိနေပြီး နောက်နှစ် နွေမှာ အသင်းကြီးတွေ ကမ်းလှမ်းလာရင် ငြင်းဆန်ရ ခက်ခဲမှာကိုလည်း စိုးရိမ်နေပါတယ်။

ချယ်ဆီးအသင်းဟာ ဖူလ်ဟမ်အသင်းမှ ဆယ်ကျော်သက် ကွင်းလယ် ကစားသမား လုခ် ဟယ်ရစ် ကို ပေါင် သန်း ၃ဝ နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။ အသက် ၁၇ နှစ် အရွယ် ကစားသမား ဟာ ကွင်းလယ် ဗဟိုရော တိုက်စစ်ပါ လိုက်ပါ ကစားနိုင်သူပါ။ ၎င်း က ငယ်ရွယ်သေးပေမယ့် ဝေးစ် လက်ရွေးစင် အသင်းက ရွေးချယ် ခေါ်ယူထားပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လီဗာပူး၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဂျု့ဒ် ဘယ်လင်ဟမ်ကို ပေါင် ၈၃ သန်းနဲ့ ကမ်းလှမ်းပြီး ခေါ်ယူနိုင်မယ် လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်သား အတွက် ဒေါ့မွန်က တန်ကြေးမြင့် ပြောင်းရွှေ့ကြေး တောင်းဆိုမှာပါ။

ချယ်ဆီးအသင်းရဲ့ ဆေးဘက်ဌာန အကြီးအကဲ ပါကို ဘိုင်အိုစ်ကာ က အသင်းကနေ ထွက်ခွာသွားပြီ လို့ တယ်လီဂရပ်ဖ် သတင်းက ဖော်ပြလာပါတယ်။

အသက် ၆၉ နှစ် အရွယ် အကြီးအကဲဟာ ဒီတလော စီးပွားရေးဌာန ဒါရိုက်တာနဲ့ ဆက်သွယ်ေ်ရးဌာန ဒါရိုက်တာတို့ နှုတ်ထွက် သွားပြီးနောက် တတိယမြောက် ချယ်ဆီးက ထွက်ခွာတဲ့ ဒါရိုက်တာ ဖြစ်လာပါတယ်။